စစ်ကောင်စီက မြို့တွင်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် သံတောင်မြို့ ဒေသခံများ နေရပ်စွန့်ခွာထွက်ပြေးနေရ

စစ်ကောင်စီက မြို့တွင်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် သံတောင်မြို့ ဒေသခံများ နေရပ်စွန့်ခွာထွက်ပြေးနေရ

ကရင်ပြည်နယ်၊ သံတောင်မြို့တွင် ပြီးခဲ့သည့် ဇန်နဝါရီလ ၂၇ ရက်နေ့၌ စစ်ကောင်စီက မြို့တွင်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှု လုပ်ဆောင်သောကြောင့် ဒေသခံများ အသက်အန္တရာယ်စိုးရိမ် ကြောက်လန့်သဖြင့် နေအိမ်များမှ စွန့်ခွာ၍ထွက်ပြေးနေရကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

လက်နက်ကြီးဖြင့် ပစ်ခတ်မှုမဖြစ်ပွားခင် ဇန်နဝါရီလ(၂၇)ရက်နေ့ နံနက်ပိုင်းတွင် သံတောင်မြို့ရှိ လိပ်သိုလ်တပ်ရင်း၏ စစ်ကောင်စီစခန်းသို့ သံတောင်မြို့၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက သွားရောက်ပစ်ခတ်ခဲ့ရာ စစ်ကောင်စီဘက်မှ တပ်ရင်းမှူးတစ်ဦးသေဆုံးခဲ့သည့်အတွက် မြို့တွင်းသို့ ယခုလို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှု လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

သံတောင်မြို့ဒေသခံတစ်ဦးက “လတ်တလောအခြေအနေကတော့ မြို့ထဲမှာရှိတဲ့သူတွေ အကုန်လုံးနီးပါးထွက်ပြေးနေကြပြီ။ လက်ရှိ ရပ်ကွက်ထဲမှာ ကျန်နေသေးတဲ့သူတွေက လက်ချိုးရေ လို့တောင်ရတယ်၊ သူတို့တပ်ရင်းမှူးကျတယ်ဆိုတော့ မြို့ထဲမှာ ပတ်ရမ်းနေတာလေ လက်နက်ကြီးတွေနဲ့ပစ်တာ ကျမသူငယ်ချင်းတွေရဲ့အိမ်ကိုလည်း ထိတယ်၊ တချို့က အိမ်ခေါင်မိုးထိတာတွေရှိပေမယ့် လူတွေကတော့ ဘာမှမဖြစ်ဘူး။” ဟု ၎င်းက ကေအိုင်စီသို့ပြောသည်။

၎င်းအပြင် စစ်ကောင်စီတပ်များက ထိုနေ့တစ်နေ့လုံး မြို့တွင်း၌ သေနတ်များပစ်ဖောက်ရမ်း ကားကြပြီး ဒေသခံများအား ဖမ်းဆီးမှုများပြု လုပ်ကြရုံသာမက လမ်းမီးတိုင်များဖျက်ဆီးခြင်း၊ ဘုရားကျောင်းအနီးတွင် အော်ဟစ်ဆဲဆိုခြင်းများပြုလုပ်၍ မြို့တွင်းသို့ ကင်းလှည့်ခြင်းများလုပ် ဆောင်ပြီးနောက်ပိုင်း လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့သည်ဟု ဒေသခံတစ်ဦးက ယခုလိုပြောသည်။

“ အဲဒီနေ့က တပ်ရင်းမှူးသေလို့ဆိုပြီး တစ်နေ့လုံးမြို့ပေါ် ပတ်ကြမ်းတာ။ သေနတ်တွေလည်း ပစ်ဖောက်တယ်။ မင်္ဂလာဆောင်ကပြန်လာတဲ့ ဘုရားကျောင်းကလူငယ်တွေရဲ့ဖုန်းကို အကုန်လုံး ရိုက်ခွဲလိုက်တယ်။ မှောက်ခုံမှောက်ခိုင်းပြီး ခေါင်းကိုသေနတ်နဲ့ချိန်တယ်။ ပြီးတော့ မြို့ထဲကို လက်နက်ကြီးတွေနဲ့လည်းပစ်တယ်။ လမ်းမီးတိုင်တွေကိုလည်း မီးလင်းမှာစိုးလို့ဖျက်ဆီးပစ်တယ်။ ညဘက်ကင်းပုန်းဝပ်လို့ လွယ်အောင်လို့ပဲဖြစ်မယ်။” ဟု ၎င်းက ပြောသည်။

အဆိုပါဖြစ်စဉ်တွင် သေဆုံးခဲ့သည့်တပ်ရင်းမှူးမှာ ၎င်းတာဝန်စကျသည့်အချိန်မှစ၍ သံတောင်မြို့ရှိ ဒေသခံများအပေါ် ရင့်သီးစွာဆက်ဆံခြင်း၊ ခြိမ်းခြောက်ပြောဆိုခြင်းများပြုလုပ်ခဲ့ရုံသာမက ဒေသခံလူငယ်များအား အဓိကထားပြီး အပြစ်မရှိအပြစ်ရှာ၍ စစ်ဆေးဖမ်းဆီးမှုများ၊ နှိပ်စက်ညှင်း ပန်းမှုများ လုပ်ဆောင်နေခြင်းကြောင့် ဒေသခံများက အသွားအလာသတိထားကာ စိုးရိမ်ကြောက်လန့်မှုဖြင့် နေထိုင်ခဲ့ရကြောင်း သိရသည်။

November 29, 2024
ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ ချောင်းဝရွာကို နိုဝင်ဘာလ(၂၃)ရက်နေ့ နံနက်ပိုင်းက KNU,...
November 28, 2024
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ ထိန်းချုပ်သည့် ကော်သူးလေနယ်မြေများရှိ စစ်ဘေးရှောင်...
photo-SHRF
November 28, 2024
ထိုင်း-မြန်မာနှစ်နိုင်ငံနယ်စပ် တာချီလိတ်နှင့် မယ်ဆိုင်မြို့တို့တွင် ယခုနှစ်မိုးရာသီတွင်...
November 27, 2024
ယခုလို တရုတ်ငွေလိမ်လုပ်ငန်းမှ ပြန်လွတ်လာသူ နိုင်ငံခြားသားများမှာ သီရိလင်္ကာနိုင်ငံသား ၃၂ ဦး၊...