ကချင်လွတ်မြောက်ရေးအဖွဲ့ KIO/KIA ထိန်းချုပ်နယ်မြေ လိုင်ဇာမြို့အနီးဘက်သို့ စစ်ကောင်စီတပ်မှ ယနေ့ညနေ ၃ နာရီဝန်းကျင်မှစကာ လက်နက်ကြီးဖြင့် ပစ်ခတ် တ်ိုက်ခိုက်နေကြောင်း ဒေသခံများထံမှသိရသည်။
စစ်ကောင်စီတပ်တည်ရှိရာ ခါရာတောင်ဘက်မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီး ၂ လုံး လိုင်ဇာမြို့အနီးရှိ တောင်ကုန်းတစ်နေရာတွင် ကျရောက်ပေါက်ကွဲမှုဖြစ်ပွားခဲ့သည်ဟု လိုင်ဇာဒေသခံတစ်ဦး KNG ကိုပြောသည်။
“မြို့ထဲမှာတော့ ကျတာတော့ မကြားဘူး ဒါပေမယ့် မြို့နဲ့ ၃ မိုင်လောက်ဝေးတဲ့ ကုန်းဘက်မှာတော့ ၂ လုံးကျတယ်လို့ပြောကြတယ်”ဟုပြောသည်။
ဒေသခံများ၏ ပြောဆိုချက်အရ ယနေ့ညနေပိုင်းတွင် စစ်ကောင်စီတပ် လက်နက်ကြီး ၁၀ ကြိမ်ထက်မနည်း ပစ်ခတ်ခဲ့ကြောင်း ဒေသခံများပြောသည်။
စစ်ကောင်စီတပ်သည် လိုင်ဇာမြို့ဘက်သို့ ပြီးခဲ့သော ဇူလိုင်လတွင် တစ်ကြိမ်၊ ဩဂုတ်လတွင် တစ်ကြိမ် လက်နက်ကြီးပစ်ခတ်မှု စုစုပေါင်း ၃ ကြိမ်ထက်နည်းရှိလာပြီဖြစ်သည်။