Published
Sunday, December 04, 2022
ဆင်အင်းကြီးကျေးရွာက ဒေသခံတွေဟာ နေအိမ်တွေကိုပြန်လည်တည်ဆောက်ဖို့အတွက် အထောက်အပံ့တွေလိုအပ်နေ (ဒီဇင်ဘာလ ၀၄၊ ၂၀၂၂)
- စစ်ကောင်စီတပ်က ရွာသား ၉ ယောက်ကို သတ်ဖြတ်ပြီး နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တဲ့ ဆင်အင်းကြီးကျေးရွာက ဒေသခံတွေဟာ နေအိမ်တွေကိုပြန်လည်တည်ဆောက်ဖို့အတွက် အထောက်အပံ့တွေလိုအပ်နေကြပါတယ်။
- ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ပီချောင်းဒေသ၊ သက်ထင်ကျေးရွာမှာ နေထိုင်ကြတဲ့ မြိုတိုင်းရင်းသား မိသားစုဝင် ၆ ယောက်ဟာ အစာအဆိပ်သင့်လက္ခဏာနဲ့ သေဆုံးသွားခဲ့ကြပါတယ်။
- စစ်တွေနဲ့ မောင်တောကို ပြေးဆွဲနေတဲ့ ရေချမ်းပြင်- အငူမော်လမ်းကို စစ်ကောင်စီက ပြန်လည်ပိတ်ခဲ့ပါတယ်။