ပလက်ဝမြို့နယ်တွင် ကြွက်သောင်းကျန်းမှုကြောင့် ကျေးရွာပေါင်း ၂၀ ကျော်က တောင်ယာစပါးများ ရိတ်သိမ်းစရာမရှိအောင်ပျက်စီး

ပလက်ဝမြို့နယ်တွင် ကြွက်သောင်းကျန်းမှုကြောင့် ကျေးရွာပေါင်း ၂၀ ကျော်က တောင်ယာစပါးများ ရိတ်သိမ်းစရာမရှိအောင်ပျက်စီး

ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်တွင် ကြွက်သောင်းကျန်းမှုကြောင့် ကျွေးရွာပေါင်း (၂၀) က တောင်ယာစပါးများ ရိတ်သိမ်း စရာမရှိအောင်ပျက်စီးသွားသည့်အတွက် ဒေသခံတောင်သူများ အခက်ခဲများကြုံတွေ့နေကြရကြောင်း သိရ သည်။

ပလက်ဝမြို့ နှင့် ဆမီးမြို့တို့တွင် ဝါးများဖူးပွင့်ကာ တောထဲ၌ ကြွက်ပေါများလာ၍ ဒေသခံများ စိုက်ပျိုးထားသောတောင် ယာစပါးများနှင့် အခြားသောသီးနှံများကို ကိုက်ဖြတ်စားသောက်ကုန်သည့်အတွက် စပါးများရိတ်သိမ်းစရာပင်မရှိတော့ ကြောင်း ဆမီးမြို့ခံတစ်ဦးကပြောသည်။

“စပါးအဖူးအသီးတွေရှိလာပြီးအထဲမှာ အရည်လေးတွေရှိတယ် အဲဒီချိန်ကနေပြီး အကုန်၊ အပင်ရော တောင်ယာတခု လုံးကိုဖျက်စီးတာ၊ ဆမီးဖက်မှာဆိုရင် လုံးဝ စပါးမရိတ်ရတဲ့ အနေအထားရှိတယ် ကြွက်တွေတော်တော်သောင်းကျန်းတဲ့ အချိန်မှာ တောင်ယာစပါးတွေ မရိတ်ရတဲ့ရွာတွေဆို ရွာပေါင်း ၂၀ လောက်ရှိတယ်” ဟု ဆမီးမြို့ခံကပြောသည်။

ဒေသအခေါ် ဝါးတမျိုးဖြစ်သည့် မသေးဝါး၊ သလကူဝါးများပွင့်ချိန် စက်တင်ဘာလမှ စတင်ကာ တောထဲတွင်ကြွက်များ ပေါများလာခြင်းဖြစ်ပြီး စပါးအပါအဝင် ကောက်ပဲသီးနှံများကိုလည်း စားသောက်ဖျက်ဆီးခဲ့ကြခြင်းဖြစ်သည်။

ကြွက်သောင်းကျန်းမှုဒဏ်ကြောင့် ပလက်ဝမြို့နယ်ထဲက အဘောင်သား၊ စက်လှေရွာ၊ စမ်းစိပ်ရွာ၊ ချီးပလာင်း၊ စိမ့်စင်း၊ လောင်ကဒူး၊ အင်ခိုဝ၊ စိမ်းလက်ဝ၊ ဟာဒဝ ကျေးရွာအပါအဝင် ဆမီး-မတူပီ ကားလမ်းမတလျှောက်ရှိ ကျေးရွာများ၊ ဆမီး ချောင်းအောက်ပိုင်း၊ အထက်ပိုင်းရှိ ကျေးရွာများနှင့် ပလက်ဝ-ဆမီးကြား ကျေးရွာတို့မှ တောင်ယာစပါးများ ရိတ်သိမ်းစရာ မရှိအောင် ဆိုးရွားစွာ ပျက်စီးခဲ့ရသည်ဟု သိရသည်။

“ကြွက်တွေက ဒီတောင်ယာပြီးသွားရင် မနက်ဖြန်ကျတော့ ဟိုဖက်တောင်ယာ သူတို့က အုပ်စုလိုက်ဆိုတော့ အများကြီးပဲ တောင်သူတွေက စပါးပဲအားထားရတာဆိုတော့

ကျွန်တော်တို့ ဆမီးနဲ့ပလက်ဝရော တော်တော် လေးကို အကြပ်ရိုက်တယ်၊ လမ်းကြောင်းတွေလည်း ပိတ်ထားတဲ့ဒုက္ခရောပဲ” ဟု ဆမီးမြို့ခံက ပြောသည်။

ကြွက်များကို ဒေသခံပြည်သူများမှ မီးထွန်းခြင်း၊ ကြွက်ထောင်ချောက်များထောင်ခြင်း၊ ရိုးရာနည်း ဖြင့်ကြွက်များ ထွက်ပြေး အောင်ပြုလုပ်ခဲ့ကြသော်လည်း အုပ်စုလိုက် သောင်းကျန်းခြင်းဖြစ်သောကြောင့် နိမ်းနှင်းရန် ခက်ခဲသည်ဟု သိရသည်။

“ကြွက်တွေဝင်ပြီဆိုရင် စပါးတစေ့မှမရတာ၊ ဒါပေမယ့် သူတို့တောင်ယာမှာ ကြွက်အုပ်လိုက် လမ်းကြောင်း မဟုတ်ရင် တော့ နည်းနည်းပေါ့။ သဘောက တင်းပေါင်းငါးဆယ်ရမယ့်ဟာမှာ သဘောက တစ်တင်းတောင်မှ မရဘူးလေ အဲ့လိုမျိုး ဖြစ်ကုန်တာ” ဟု ပလက်ဝမြို့ခံတစ်ဦးက ပြောသည်။

ကြွက်သောင်းကျန်းမှုကြောင့် စပါးရိတ်သိမ်းစရာမရှိသည့်တောင်သူများ စားဝတ်နေရေး အခက်အခဲကြုံနေ ကြရသော ကြောင့် ပလက်ဝမြို့က ခရစ်ယာန်ဘာသာရေး အဖွဲ့အစည်းဖက်မှ တတ်နိုင်သည့်အလျှောက် အိမ်ထောင်စုအလိုက် ဆန်ဝေမျှကူညီပေးခဲ့မှုများ ရှိသည်ဟု သိရသည်။

ချင်းပြည်နယ် ပလက်ဝမြို့နယ်တွင် လွန်ခဲ့သည့် ၂၀၀၈ ခုနှစ်တုန်းကလည်း ဝါးသီးပြီး ကြွက်ပေါများခဲ့သည့်အတွက် တောင်ယာစပါးနှင့် အခြားသော သီးနှံများအကြီးအကျယ် ဆုံးရှုံးမှုဖြစ်ပွားခဲ့သောကြောင့် အငတ်ဘေးဆိုက်ခဲ့ရပြီးဖြစ်သည်။

ဒေသခံပြည်သူများ၏ အဆိုအရ ဝါးပင်များသည် အနှစ် ၅၀ တွင် တစ်ကြိမ်အသီးသီးပြီး ယင်းအသီးများကို ကြွက်များက အုပ်စုလိုက်ဖြင့် လာရောက်စားသောက်လေ့ရှိကြပြီး တောင်ယာစပါးနှင့် အခြားသီးနှံများကိုပါ အကုန်ကိုက်ဖြတ်စား သောက်လေ့ရှိသည်ဟု သိရသည်။

Most read this week

November 25, 2024
ချင်းပြည်နယ် တောင်ပိုင်း၊ ပလက်ဝမြို့နယ်တွင် အာရက္ခတပ်တော် AA က အာရက္ခပညာရေးစနစ်ကို ဖော်ဆောင်ရန်...
November 22, 2024
ချင်းညီနောင်၏ တတိယလှိုင်းအဖြစ် မြို့သိမ်းစစ်ဆင်ရေးဖော်ဆောင်နေသည့် ချင်းပြည်နယ်၊ မင်းတပ်နှင့်...
November 19, 2024
မကွေးတိုင်း၊ ဧရာဝတီအနောက်ခြမ်းတွင် စစ်ရေးလှုပ်ရှားနေသော အရှိုချင်းကာကွယ်ရေးတပ်သည် အရှိုချင်းလူထု...
November 13, 2024
ချင်းပြည်ကောင်စီ ဦးဆောင်ကော်မတီသည် ၈ ကြိမ်မြောက် အစည်းအဝေးကို ကျင်းပခဲ့ပြီး ချင်းအင်အားစု...