ကရင်နီပြည်သူ့ရင်ခွင်မှာ အဓိကအသုံးပြုမယ့် သေနတ် ၃လက် ကမ်ပိန်းပြည့်ဖို့ ၇၉ရာခိုင်နှုန်းလိုအပ်နေသေး

ကရင်နီပြည်သူ့ရင်ခွင်မှာ အဓိကအသုံးပြုမယ့် သေနတ် ၃လက် ကမ်ပိန်းပြည့်ဖို့ ၇၉ရာခိုင်နှုန်းလိုအပ်နေသေး

ကရင်နီပြည်သူ့ရင်ခွင်ကနေ “ ပြည်သူ ဘက်သို့ရပ်တည်ပေးသော CDMစစ်သားများအား ကူညီပေး” ဆိုတဲ့ M4 သေနတ် ၃လက်ရရှိဖို့အတွက် ပထမဆုံးကမ်ပိန်းတစ်ခုကို ပြုလုပ်ခဲ့ပြီး ကမ်ပိန်း ၂၆ရက်အထိ ၇၉ရာခိုင်နှုန်းလိုအပ်သေးတယ်လို့ ကရင်နီပြည်သူ့ရင်ခွင်တာဝန်ခံ ကိုယုန်လေးက နိုဝင်ဘာလ ၂၅ရက်နေ့မှာ ကန္တာရဝတီတိုင်း(မ်)ကို ဖြေကြားပါတယ်။

“ ကျနော်တို့ အမှန်ဆို တစ်လပဲ လုပ်ဖို့ စီစဉ်ထားတယ်။ သို့သော်ငြားလည်း လက်ရှိ မြေပြင်မှာ မတူညီတဲ့ လိုအပ်ချက်တွေ များလာတဲ့ အခါ မှာ တပ်ရင်း အသီးသီးက ၊ ဌာန အသီးသီးက အခြား ကျနော်တို့ တော်လှန်ရေး အင်းအားစုအသီးသီးက ကမ်ပိန်းကို ၁၁လပိုင်းမှာ အများကြီးလုပ်ကြတော့ ကျနော်တို့ အဲ့တာကို ထပ်ပြီးတော့ အရှည်ကြီး ထပ်ဆွဲလိုက်တယ်။ ဘယ်ရက် အကန့်သတ်ကတော့ လောလောဆယ်တော့ ကျနော် မဆုံးဖြတ်သေးဘူးပေါ့။ ဒီ ကမ်ပိန်းကို ဖြစ်မြောက်အောင် အောင်မြင်အောင် ခေါ်ချင်တယ်ပေါ့နော။ ကျနော်တို့ သတ်မှတ်ထားတဲ့ စံနှုန်းပြည့်မှပဲ ကျနော်တို့ ရပ်မယ်လို့စဉ်းစားထားတယ်။ “ လို့ ကရင်နီပြည်သူ့ရင်ခွင်တာဝန်ခံ ကိုယုန်လေးကဆိုပါတယ်။

ကမ်ပိန်းပြည့်မြောက်ဖို့ ၇၉ရာခိုင်နှုန်းလိုအပ်နေသေးပြီး သုံးပုံ တစ်ပုံတောင် မရရှိသေးဘူးလို့ ဆိုပါတယ်။ CDMပါဝင်လာတဲ့ သူ လက်ရှိမှာတော့ ၈၀နဲ့ ၁၀၀ ကြားမှာရှိနေတာဖြစ်တယ်လို့ သိရပါတယ်။

CDMပါဝင်လာတဲ့ တပ်သားတွေထဲ ၆၀ရာခိုင်နှုန်းကဆိုရင် တိုက်ခိုက်ရေးပိုင်းမှာ ပြန်လည်ပါဝင်ဖို့ စိတ်အားထက်သန်နေသလို ပါဝင်နေတာတွေလည်း ရှိနေပြီဖြစ်တယ်လို့ ဆိုပါတယ်။ ကမ်ပိန်းကနေ ရရှိလာတဲ့ သေနတ်တွေကိုလည်း CDM ခေါ်ယူရေးတွေမှာ အဓိက အသုံးပြုသွားဖို့ရှိတယ်လို့ ဆိုပါတယ်။

“ နံပါတ် တစ်အချက်က ပြန်ပြီး တိုက်ခိုက်တဲ့အခါမှာ လက်ရှိ အနေအထားအရ ကျနော်တို့ အရေးကြီး လိုအပ်နေတဲ့ အရာဖြစ်တယ်ပေါ့နော။ နံပါတ် နှစ် အချက်က ကျနော်တို့သွားပြီး CDMခေါ်တာတို့ မြေပြင်မှာ ထိပ်တိုက်ခေါ်တဲ့ ကိစ္စမျိုးဆိုရင် ဒါ လက်နက်က အရမ်းအရေးကြီးတယ်ပေါ့နော။ ဘယ်မှာသုံးလဲဆိုရင် အဓိက တိုက်ခိုက်ရေးမှာ သုံးမယ်။ မြေပြင်မှာ ပြန်ပြီး တိုက်ခိုက်ဖို့ အချိန်ကျတဲ့အချိန်မှာ သုံးမှာဖြစ်တယ်။ ပြီးတော့ ခေါ်ယူရေးပေါ့။ ကျနော်တို့ က ပြည်သူ့ရင်ခွင်ဆိုတော့ အဓိက ခေါ်ယူရေးလုပ်ရမှာဖြစ်တဲ့အတွက် ခေါ်ယူရေးမှာ အဓိက သုံးမှာဖြစ်တယ်။ “

M4သေနတ် ၃လက် ကမ်ပိန်းဟာဆိုရင် ကရင်နီပြည်သူ့ရင်ခွင်နဲ့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ရဲ့ လူမှုကွန်ယက်စာမျက်နှာတွေမှာ လာရောက်ဆက်သွယ် ပါဝင်နိုင်တယ်လို့သိရပါတယ်။ ကရင်နီပြည်သူ့ရင်ခွင်ဟာ စစ်ကောင်စီရဲ့ စစ်သား CDM တွေကနေ ပေါင်းစုဖွဲ့စည်းထားတာဖြစ်ပါတယ်။

Most read this week

January 11, 2025
ကရင်နီ (ကယား) ပြည်၊ လွိုင်ကော်မြို့နယ်၊ စစ်ကောင်စီ၏ လွိုင်လင်လေးအခြေစိုက် ခမရ (၅၃၀) တပ်က...
January 6, 2025
၂၀၂၄ ခုနှစ် ၊ စက်တင်ဘာလ ၅ ရက်နေ့မှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားတဲ့...
January 2, 2025
၂၀၂၅ နှစ်သစ်ကူးညမှာ ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းကို စစ်ကောင်စီ လေကြောင်းနဲ့...
December 20, 2024
ကရင်နီပြည်ရှိ အကြမ်းမဖက် အာဏာဖီဆန်ရေးလုပ်ရှားမှုမှာ ပါဝင်ကြတဲ့ CDM ဝန်ထမ်းတွေကို...