ကန်ပက်လက်မြို့နယ်က စစ်ဘေးရှောင်ပြည်သူများ ဆေးဝါးနှင့် ရိက္ခာများလိုအပ်

ကန်ပက်လက်မြို့နယ်က စစ်ဘေးရှောင်ပြည်သူများ ဆေးဝါးနှင့် ရိက္ခာများလိုအပ်

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေး တပ်ဖွဲ့အကြားတိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေရသော စစ်ဘေးရှောင်ပြည်သူများ ဆေးဝါးနှင့် အခြေခံစားသောက်ကုန်များ လိုအပ် ေနကြောင်း သိရသည်။

ကန်ပက်လက်မြို့နယ်အတွင်းက ဒေသခံပြည်သူ ၅ ထောင်ကျော်ခန့်သည် မကွေးတိုင်း ဆောမြို့နှင့် နီးစပ်ရာစစ်ဘေးရှောင်စခန်းများတွင် ထွက်ပြေးခိုလာကြသည်မှာ တစ်ရွာခွဲကျော်လာပြီဖြစ်ကာ ဆေးရွားနှင့် အခြေခံစားသောက်ကုန်များ လိုအပ်နေကြသည်ဟု ကန်ပက်လက်မြို့နယ်က စစ်ဘေးရှောင်ကူညီပေးနေသူတစ်ဦးက ပြောသည်။

“စစ်ဘေးရှောင်တွေက ၂ နှစ်ဝန်းကျင်ရှိပြီဆိုတော့ အဓိကတော့ ကျန်းမာရေးအတွက် ဆေးဝါးလိုအပ်တယ်၊ ဆန်၊ဆီ၊ဆား၊ နောက်ပြီး ကလေးတွေက တောထဲမှာ စာသင်ကြတော့ စာအုပ်၊ခဲတံတွေလိုအပ်ပါတယ်။ တချို့အဖွဲ့စည်းက ထောက်ပံ့ပေမယ့် အချိတ်အဆက်က သိပ်နည်းနေသေးတယ်” ဟု စစ်ဘေးရှောင်များကို ကူညီပေးနေသူတစ်ဦးက ပြောသည်။

ကန်ပက်လက်မြို့နယ်တွင် စစ်ရေးအခြေအနေတင်းမာပြီး တိုက်ပွဲများမကြာခဏ ဖြစ်ပွားနေသည့် အတွက် စစ်ဘေးရှောင်ပြည်သူများသည် နေရပ်မပြန်ရဲကြသေးပဲ စစ်ဘေးရှောင်စခန်းများတွင် ရေရှည်နေရဦးမည့်အခြေအနေမှာရှိနေပြီး အလှူရှင်များလည်း ယခင်နှစ်များထက် တဖြည်းဖြည်းနည်းပါးလာနေသည့်အတွက် အခက်ကြုံနေကြရခြင်းဖြစ်သည်။

ထို့အပြင် ဆောင်းရာသီရောက်လာပြီဖြစ်သောကြောင့် စစ်ဘေးရှောင်ပြည်သူများ အနွေးထည်၊ စောင်များလည်း လိုအပ်လျက်ရှိနေသည်ဟု စစ်ဘေးရှောင်တစ်ဦးက ပြောသည်။

“တော်တော်အေးပြီး အနွေထည်ကတော့ မရှိဘူး တခုနဲ့တခုတော့တူမယ်မထင်ဘူး ကျွန်တော်တို့ကတော့ အနွေး ထည်တော့မရကြသေးဘူး၊ တချို့Camp တွေက ရတဲ့သူတွေလည်း ရှိရင်ရှိမယ်။ ကူညီပေးတာတော့ရှိတယ် မလောက်နိုင်ဘူးပေါ့” ဟု စစ်ဘေးရှောင်တစ်ဦးက ပြောသည်။

ချင်းပြည်နယ် ကန်ပက်လက်မြို့နယ်တွင် တိုက်ပွဲကြောင့် ထွက်ပြေးတိမ်ရှောင်းနေရသည့် စစ်ရှောင်ပြည်သူများသည် ထန်းကုန်း၊ အောက်လှယ်၊ အညာကတင်း၊ ဘီးကုန်း စစ်ဘေးရှောင်စခန်းနှင့် ဆောမြို့တို့တွင် နေထိုင်နေကြသည်ဟု သိရသည်။

Most read this week

December 23, 2024
ချင်းပြည်နယ် တောင်ပိုင်း၊ ကန်ပက်လက်မြို့ကို ချင်းတော်လှန်ရေးအင်အားစုများက...
December 20, 2024
ချင်းညီနောင်စစ်ဆင်ရေးများအဖြစ် ဖော်ဆောင်နေသည့် မင်းတပ်မြို့နှင့် ဖလမ်းမြို့များတွင်...
December 12, 2024
ချင်းပြည်နယ်၊ မင်းတပ်မြို့နှင့် ဖလမ်းမြို့သိမ်းတိုက်ပွဲများ ဖော်ဆောင်နေသည့်...
December 11, 2024
ချင်းပြည်အစိုးရပူးပေါင်းတပ်က သိမ်းထားသည့် ဟားခါးမြို့အနီးက Kiamtlang စခန်းကုန်းကို စစ်ကောင်စီက...