Published
Monday, November 21, 2022
မြို့နယ်နဲ့ကျေးရွာအုပ်ချုပ်ရေးမှူး ၅၀ လောက်ကို ULA/AA ဆက်စပ်သံသယနဲ့ ဖမ်းဆီးအရေးယူမယ်လို့ စစ်ကောင်စီက ခြိမ်းခြောက်ပြောဆိုတဲ့အတွက် တချို့မှာနှုတ်ထွက်ခဲ့ကြ (နိုဝင်ဘာလ ၂၀၊ ၂၀၂၂)
- ရခိုင်တွင် စစ်ကောင်စီက လူနေကျေးရွာတွေကို ပစ်မှတ်ထားတိုက်ခိုက်တာကြောင့် ၄ ရက်အတွင်း သေဆုံး၊ ထိခိုက်ဒဏ်ရာရရှိသူ စုစုပေါင်း ၅၀ ကျော်အထိ ရှိလာနေပါတယ်။
- ရခိုင်ပြည်သူလူထု အသုံးပြုသွားလာလှုပ်ရှားနေတဲ့ ကုန်းလမ်း၊ ရေလမ်းတွေကိုပိတ်ထားပြီး စီးပွားရေးလုပ်ကိုင်သူတွေ ဝယ်ယူသူနည်းပါလာတာကြောင့် စိုက်ပျိုးရေးလုပ်ကိုင်နေသူမှာ အခက်အခဲနဲ့ ရင်ဆိုင်လာနေရပါတယ်။
- ရခိုင်ကမြို့နယ်တချို့မှာ မြို့နယ်အုပ်ချုပ်ရေးမှူးအပါအဝင် ကျေးရွာအုပ်ချုပ်ရေးမှူး ၅၀ လောက်ကို ULA/AA နဲ့ ဆက်စပ်သံသယနဲ့ ဖမ်းဆီးအရေးယူမယ်လို့ စစ်ကောင်စီက ခြိမ်းခြောက်ပြောဆိုခံနေရတဲ့အတွက် တချို့မှာ နှုတ်ထွက်နေကြပါတယ်။