ဒီးမော့ဆိုတွင် အရပ်သားတစ်ဦး မိုင်းဒဏ်ကြောင့် သေဆုံး

ဒီးမော့ဆိုတွင် အရပ်သားတစ်ဦး မိုင်းဒဏ်ကြောင့် သေဆုံး

ကယား (ကရင်နီ) ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်တွင် အရပ်သားတစ်ဦး မြေမြုပ်မိုင်းနင်းမိပြီး ပြင်းထန်ဒဏ်ရာများ ဖြင့် သေဆုံးသွားသည်။

ဒီးမော့ဆိုမြို့နယ်၊ ဒေါနိုကူးကျေးရွာတွင် နိုဝင်ဘာလ ၁၆ ရက်နေ့၊ နံနက် ၈ နာရီအချိန်ခန့်တွင် အမျိုးသား တစ်ဦး ၎င်း၏နေအိမ်ရှေ့တွင် သန့်ရှင်းပြုလုပ်နေစဉ် မြေမြုပ်မိုင်းနင်းမိ၍ ဒဏ်ရာပြင်းထန်စွာ ရရှိပြီးနောက် လွိုင်ကော် ပြည့်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရသည်ဟု ကူညီဆောင်ရွက်ပေးနေသည့်အဖွဲ့မှ တာဝန်ရှိသူများက ပြောသည်။

“ဒဏ်ရာက ပြင်းတယ်။ မျက်စိတစ်ဖက် ကွယ်တယ်။ ခြေထောက်တစ်ဖက် ပြတ်တယ်။ ဗိုက်ပေါက်ထွက်သွား တယ်။ ကျနော်တို့သွားခေါ်ကတည်းက အခြေနေမကောင်းတော့ဘူး ဆိုတာ သိတယ်။ အဲချိန်က သတိလစ်နေပြီ လေ” ဟု ဒီးမော့ဆိုမြို့နယ်အခြေစိုက် လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါ အမျိုးသားမှာ လွိုင်ကော်ပြည်သူဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေစဉ် ယမန်နေ့ နိုဝင်ဘာလ၁၇ ရက် နေ့၊ နံနက် ၁၀ နာရီခန့်တွင် သေဆုံးသွားခြင်း ဖြစ်သည်။ ထို့နောက်တွင် ၎င်းအား လွိုင်ကော်မြို့ခံ လူမှုကူညီရေး အသင်းမှ မြေမြုပ်သဂြိုဟ်ပေးခဲ့သည်ဟု သိရသည်။

မြေမြုပ်မိုင်း မိုင်းနင်းမိပြီး သေဆုံးသူ အမျိုးသားမှာ ဒီးမော့ဆိုမြို့နယ်၊ ဒေါနိုးကူးကျေးရွာတွင် နေထိုင်သူ အသက် ၃၉ နှစ်အရွယ် ဦးဖဲဘူး ဆိုသူ ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

“ကျနော်တို့က ဆေးရုံက ဖုန်းဆက်လာလို့ အလောင်းထုတ်ပြီး သဂြိုဟ်ပေးလိုက်တာ။ လာပို့တာကတော့ ဒီး မော့ဆိုဘက်က နာရေးအသင်းဘက်က လာပို့တာပေါ့။ အလောင်းတွေ့ရတာတော့ ဒဏ်ရာတော်တော် ပြင်းပုံရ တယ်။ မျက်နှာဆိုရင် ရုပ်ပျက်ဆင်းပျက်ပဲ။ တစ်ကိုယ်လုံးမည်းတူးသွားတာ“ ဟု လွိုင်ကော်မြို့နယ် အခြစိုက် လူမှု ကူညီ ရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါ မိုင်းမှာ စစ်ကောင်စီတပ်ဖွဲ့များ ဒေါနိုကူးကျေးရွာအတွင်း သွားလာလှုပ်ရှားခဲ့စဉ်က ထောင်ထားသည့် မြေ မြုပ်မိုင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

ကရင်နီပြည်နယ်တွင် နိုဝင်ဘာလ ၁ ရက်နေ့မှ ၁၆ ရက်နေ့ထိ နှစ်ပတ်ကျော်အတွင်း စစ်ကောင်စီတပ်က ပစ်ခတ် လိုက်သော လက်နက်ကြီး၊ လက်နက်ငယ်များကြောင့် သေဆုံးသူ အရပ်သား ၄ ဦးခန့်ရှိပြီး ထိခိုက်ဒဏ်ရာရရှိသူ ၃၀ ဦး ထက်မနည်းရှိပြီဟု ကူညီဆောင်ရွက်သူများ၏ ပြောပြချက်အရ သိရသည်။

ထို့အပြင် စစ်ကောင်စီက ထောင်ထားသည့် မြေမြုပ်မိုင်းနင်းမိပြီး သေဆုံးသူ အရပ်သားဦးရေမှာ ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းလိုက်သည့် အချိန်မှစတင်၍ ယခု ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁၆ ရက်နေ့ အထိ ၄ ဦး ထက်မနည်းရှိပြီဟု ဒေသတွင်း အရပ်ဘက်အဖွဲ့အစည်းများ၏ စာရင်းမှတ်တမ်းများအရ သည်။

ကရင်နီပြည်နယ်တွင် နိုဝင်ဘာလ အစောပိုင်းမှစတင်၍ စစ်ကောင်စီတပ်များမှာ နေ့စဉ်နှင့်အမျှ ပြည်သူများကို ပစ်မှတ်ထားကာ လက်နက်ကြီး၊ လက်နက်ငယ် အမျိုးမျိုးတို့ဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်နေခြင်းကြောင့် ပြည် သူများမှာ ထိတ်လန့်နေကြသည်။

ထိုပစ်ခတ်မှုများကြောင့် နေ့စဉ်နှင့်အမျှ ထိခိုက်ဒဏ်ရာရရှိသူများ ရှိနေပြီး ရှမ်းပြည်နယ် တောင်ပိုင်းတွင် စစ်ဘေး ရှောင်ဦးရေ သိသိသာသာ တိုးလာသည်ဟု ကူညီပေးနေသူများက ပြောသည်။

Most read this week

January 15, 2025
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း တရုတ်နိုင်ငံသို့ ရောင်းစားခံရသည့် အမျိုးသမီးများအား...
မောတောင်မြို့ စစ်ကောင်စီ စစ်ဆေးရေးဂိတ် (ပုံဟောင်း)
January 14, 2025
မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်အတွင်းရှိ ထိုင်း - မြန်မာ နယ်စပ်မြို့ဖြစ်သည့်...
January 13, 2025
ကရင်နီပြည်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် အရပ်သားနေရာများကို စစ်ကောင်စီက...
January 11, 2025
မွန်ပြည်နယ်အတွင်း စစ်ကောင်စီသည် ၂၀၂၄ ခုနှစ်၌ လေကြောင်းအသုံးပြုတိုက်ခိုက်မှု အကြိမ်ရေ ၄၂ ကြိမ်...