လွှတ်ငြိမ်းချမ်းသာခွင့်ပေးတဲ့အထဲ NLD အစိုးရဝန်ကြီးဟောင်း ဦးမော်မော်ပါဝင်

လွှတ်ငြိမ်းချမ်းသာခွင့်ပေးတဲ့အထဲ NLD အစိုးရဝန်ကြီးဟောင်း ဦးမော်မော်ပါဝင်

နိုဝင်ဘာလ ၁၇ရက်မှာ စစ်ကောင်စီကနေပြီး အကျဉ်းသား ၆ထောင်နီးပါးကို ပြစ်ဒဏ်လွှတ်ငြိမ်းခွင့် ပေးကြောင်း ကြေညာပြီး ကရင်နီပြည်မှာ အကျဉ်းသား ၆ဦး လွှတ်ငြိမ်းတဲ့အထဲ ပါဝင်ခဲ့ပါတယ်။

အဲ့ဒီအထဲ NLD အစိုးရလက်ထက် စီမံရေးနဲ့ ဘဏ္ဍာရေးဝန်ကြီး ဦးမော်မော်အပါအဝင် စစ်မှုဥပဒေနဲ့ တရားစွဲခံရသူ ၃ဦး ၊ ရဲစည်းကမ်းဥပဒေနဲ့ တရားစွဲခံရသူ ၂ဦး ပါဝင်ပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ( NLD ) အစိုးရလက်ထက် စီမံရေးနဲ့ ဘဏ္ဍာရေးဝန်ကြီးတာဝန်ထမ်းဆောင်ခဲ့တဲ့ ဦးမော်မော်ကို ပုဒ်မ ၅၀၅ ( ခ ) နဲ့တရားစွဲထောင်ချခဲ့ပြီး ဒီကနေ့ နိုဝင်ဘာလ ၁၇ရက်နေ့ လွှတ်ငြိမ်းချမ်းသာခွင့် ပြန်ပေးလိုက်ပါတယ်။

“လောလောဆယ်ကျနော်တို့ သိရသလောက်ကတော့ NLD အစိုးရလက်ထက် စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီး ဦးမော်မော်တစ်ယောက်ပဲပါတယ်လို့ ကျနော်တို့ သိရတယ်။ ကျန်တဲ့ ၅ယောက်ကတော့ စစ်ပြေးတဲ့လူတွေပေါ့နော။ စစ်ပြေးပြန်ဖမ်းမိပြီး ထောင်ချတယ်။ ကျန်တဲ့ ၅ယောက်ကတော့ နိုင်ငံရေးမဟုတ်ဘူး။ စစ်ပြေး အဲဒီလိုမျိုးတော့ သိရတယ်။” လို့ တိုးတက်သော ကရင်နီပြည်သူ့အင်အားစု ( PKPF ) တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

ဦးမော်မော်ဟာ ပုဒ်မ ၅၀၅ ( ခ ) နဲ့ ထောင်နှစ်နှစ် ချမှတ်ခံရပြီး ပြန်လွှတ်ဖို့ ၅လအလိုမှာ စစ်ကောင်စီက လွှတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့တာဖြစ်ပါတယ်။ လွိုင်ကော်အကျဉ်းထောင်ကနေ အကျဉ်းသား ၆ဦးကို လွှတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ပေမယ့် ကျန်တဲ့ ၅ဦးဟာ စစ်မှုဥပဒေနဲ့ ၃ဦး၊ရဲစည်းကမ်းဥပဒေနဲ့ ၂ဦး ပြစ်မှုပြစ်ဒဏ်တွေနဲ့ အကျဉ်းကျခံထားရသူတွေဖြစ်ပါတယ်။

ဦးမော်မော်ဟာ စစ်ကောင်စီအာဏာသိမ်းချိန်က ထိန်းသိမ်းခံရတဲ့အထဲ ပါဝင်ခဲ့ပြီး နေအိမ်မှာ နေစဉ် စစ်ကောင်စီလာ ထပ်မံ ဖမ်းဆီးကာ တရားစွဲခံထားရတာဖြစ်ပါတယ်။

စစ်ကောင်စီကနေ အာဏာသိမ်းပြီးနောက် နိုင်ငံရေးအကျဉ်းသားတွေကို ဖမ်းဆီးပြီး ပြန်လွှတ်တာ ၂၆ဦးရှိခဲ့ပြီး အမိန့်ချပြီးမှ ပြန်လွှတ်တဲ့အထဲ ဦးမော်မော် ပထမဆုံးဖြစ်တယ်လို့ PKPF ကောက်ယူထားတဲ့ စာရင်းအရ သိရပါတယ်။

စစ်ကောင်စီကတော့ မြန်မာသက္ကရာဇ် ၁၃၄၈ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်( ခရစ်နှစ် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက် ) မှာကျရောက်တဲ့ အမျိုးသားနေ့ အောင်ပွဲနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ မြန်မာတစ်နိုင်ငံလုံးက အကျဉ်းသား ၅၀၉၈ဦးနဲ့ အကျဉ်းသူ ၆၇၆ ဦးကို ပြစ်ဒဏ်ကနေ လွှတ်ငြိမ်းခွင့်ပြုလိုက်တယ်လို့ ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီအနေနဲ့ ဒီလို နိုင်ငံရေးပုဒ်မတွေနဲ့ တရားစွဲခံရတဲ့လူတွေကို ထပ်မံလွှတ်ပေးဖို့နဲ့ သက်သေမခိုင်လုံပဲ နိုင်ငံရေးပုဒ်မတွေနဲ့ ထောင်ချခံရသူတွေကိုလည်း ပြန်လည်လွှတ်ပေးဖို့ တိုးတက်သော ကရင်နီပြည်သူ့အင်အားစုက တောင်းဆိုထားပါတယ်။

လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ပျက်စီးသွားတဲ့ ဘန်ကောက်စစ်ရှောင်စခန်းမြင်ကွင်း။ (ဓါတ်ပုံ - Khun Yaw Han )
November 18, 2024
ရှမ်း-ကရင်နီနယ်စပ် ဖယ်ခုံမြို့နယ်အနောက်ဘက်ခြမ်းက ဘန်ကောက်စစ်ရှောင်စခန်းကို ဒီကနေ့ နိုဝင်ဘာလ ၁၈...
November 18, 2024
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အနောက်ခြမ်းမှာ ဒေသခံတွေ စိုက်ပျိုးထားတဲ့ ရွှေ့ပြောင်းတောင်ယာစပါးခင်းက...
November 13, 2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ ကုန်းဆုံကျေးရွာအုပ်စု၊ ပူချယ်ကျေးရွာက စပါးရိတ်...
November 13, 2024
ကရင်နီပြည် ၊ ဒီးမော့ဆိုမြို့နယ်အရှေ့ဘက်ခြမ်း ဒေါတမကြီးအုပ်စုအတွင်းမှာရှိတဲ့ ကျေးရွာတစ်ရွာက...