Published
Wednesday, November 16, 2022
မြစ်ကြီးနားမှာ မော်တော်ယာဉ်တွေကို ဆက်တိုက်ဖမ်းဆီး၊ ယာဉ်သွားလာမှုတွေမရှိသလောက်နည်းပါး
- ကချင်ပြည်နယ်ရဲ့မြို့တော်ဖြစ်တဲ့ မြစ်ကြီးနားမြို့မှာ စစ်ကောင်စီကနေ မော်တော်ယာဉ်တွေကို ဆက်တိုက်ဖမ်းဆီးနေတာကြောင့် မြို့ပေါ်သွားလာလှုပ်ရှားမှုတွေမရှိသလောက် နည်းပါးသွားပါတယ်။
- မြစ်ကြီးနား-ဖားကန့်သွားလမ်းပေါ်က နန့်ယားပြည်သူ့စစ်ဂိတ်ပိတ်ချိန်ကို ပြောင်းလဲသတ်မှတ်လိုက်တာကြောင့် ခရီးသွားပြည်သူတွေနဲ့ဒေသခံတွေ အခက်အခဲကြုံနေရပါတယ်။
- ဖိနှိပ်မှုတွေအမျိုးမျိုးရှိနေပေမဲ့လည်း ဖားကန့်သပိတ်စစ်ကြောင်းတွေရပ်တန့်မသွားဘဲ ဒီကနေ့အထိ ချီတက်ဆန္ဒထုတ်ဖော်နေပါတယ်။