စစ်ကောင်စီတပ်က ပြည်သူများရှိရာ နေရာများသို့ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်သည့် အတွက် နိုင်ငံရေး ပြဿ နာကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရန် ကြိုးပမ်းအားထုတ်မှုအပေါ် အဟန်အတားဖြစ်စေသည် ဟု PPST က ပြော သည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းကျေးရွာရှိ စာသင်ကျောင်းနှင့် ကချင်ပြည်နယ် ဖား ကန့်ခရိုင်အတွင်းက အနန့်ပါ ဒေသတို့ကို စစ်ကောင်စီက အင်အား အလွန်အကျွံသုံးပြီး လေယာဉ်ဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့သည့် အတွက် လူအများအပြား သေဆုံးမှုဖြစ်ပေါ်စေသည့် ဖြစ်စဉ်များကြောင့် လက်ရှိ ပြဿနာများ ကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရန် အဟန့်အတား ဖြစ်စေသည်ဟု အပစ်ရပ် အဖွဲ့များ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST ပြောသည်။
PPST ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စောကျော်ညွှန့်က “ပစ်ခတ်တိုက်ခိုက်မှုတွေ အားလုံးထဲက ကြီးမား ကျယ် ပြန့်ပြီးတော့ ပြင်းထန်တဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေ ရှိနေတဲ့အပေါ်မှာ ဟိုစစ်ဘောင်က ကျယ်လို့ရှိရင် နိုင်ငံရေး ဆွေးနွေးတဲ့ ဘောင်က ဒါဘယ်လိုပဲ ဖြစ်ဖြစ် အဆင်ပြေမှာ မဟုတ်ဘူး။
ကျဉ်းလာတယ်။ ဒါက လက်တွေ့ အမှန် တရားပဲ ဖြစ်ပါတယ်” ဟု ပြောသည်။ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမှုအပိုင်းတို့ကိုပါ အဟန့်အတား ဖြစ်စေသည်ဟု သူက ဆက်ပြောသည်။
“အဲ့လိုမျိုး ပစ်ခတ်တိုက်ခိုက်မှုတွေ အများကြီး ဖြစ်ပေါ်နေတဲ့ကြားက ဒီလိုမျိုး လေကြောင်းနဲ့ အင်အားသုံး ပြီးတော့ ဗုံးကြဲတိုက်ခိုက်တဲ့ ဖြစ်စဉ်ကတော့ ဒါအတွေ့အကြုံအရလည်း မကြုံစဖူး ပြင်းထန်မှု ရှိလာတဲ့ အပေါ် မှာ ကျနော်တို့ အနေနဲ့ ကြိုးပမ်းနေတဲ့ နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲ ပြန်လည် စတင်နိုင်ဖို့အတွက် ဒါဟာ အပြု သဘောဆောင်တာ မဟုတ်ဘူး။ ဒါဟာ နိုင်ငံရေး တွေ့ဆုံဆွေးနွေးဖို့ ပြန်စတဲ့ ကြိုးပမ်းမှုတွေ အပေါ်မှာ အနှောင့် အယှက်ဖြစ်စေတယ်။ နောက်ပြီးတော့လည်း အဟန့်အတား ဖြစ်စေတယ်ဆိုတဲ့ အနုတ် လက္ခဏာကို ဖော်ပြတာ ဖြစ်ပါတယ်ခင်ဗျာ ” ဟု ဗိုလ်မှူးကြီး စောကျော်ညွှန့် က ဆက်ပြောသည်။
NCA အပစ်ရပ်အဖွဲ့များ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်ကော်မတီ PPST က NCA အနှစ်သာရ ၃ ချက်ဖြစ် သည့် နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းဖြင့် တွေ့ဆုံဆွေးနွေး ဖြေရှင်းရေး၊ ပါဝင်သင့် ပါဝင်ထိုက်သူ အားလုံး ပါဝင် သည့် နိုင်ငံရေး ဆွေးနွေးပွဲ ဖြစ်မြောက်ရေးနှင့် အရပ်သားများကို အကာအကွယ်ပေးသည့် အချက်များ အပေါ် တွင် စစ်ကောင်စီနှင့် ဆက်လက်တွေ့ဆုံဆွေးနွေးနေသည့်အဖွဲ့ဖြစ်သည်။
သို့သော် PPST အဖွဲ့ဝင် အဖွဲ့အစည်းများဖြစ်သည့် KNU ၊ CNF ၊ ABSDF တို့က စစ်တပ်က အာဏာသိမ်း ပြီးနောက် စစ်ကောင်စီနှင့် တွေ့ဆုံဆွေးနွေးမှုကို ရပ်ဆိုင်းထားသလို PPST တွင်လည်း ထဲထဲဝင်ဝင် ပါဝင်မှု မရှိတော့ပေ။
အောက်တိုဘာလ ၂၇ ရက်နေ့မှ ၂၈ ရက်နေ့ အထိ ၂ ရက်တာ ကျင်းပပြုလုပ်ခဲ့သည့် အပစ်ရပ် အဖွဲ့များ၏ ငြိမ်း ချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST အစည်းအဝေးအပြီး ထုတ်ပြန်ချက်ထဲတွင် PPST က အဆိုပါ ဖြစ်ရပ် ကြောင့် နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရန် ကြိုးပမ်းအားထုတ်မှုများအပေါ် အနုတ် လက္ခဏာ ဆောင်သည့် အကျိုးသက်ရောက်မှုများ ဖြစ်ပေါ်စေသည့်အတွက် သက်ဆိုင်သူများအနေဖြင့် လက်ရှိ ဖြစ်ပွားနေ သည့် နိုင်ငံရေး၊ စစ်ရေး ပဋိပက္ခများကို ပိုမိုဆိုးဝါးစေမည့် မည်သည့် လုပ်ဆောင်မှုမျိုးကိုမဆို ရှောင်ရှားကြရန် နှင့် နောက်နောင် မဖြစ်ပေါ်စေရေးအတွက် PPST အနေဖြင့် တိုက်တွန်းသည် ဟု ဆိုသည်။
ဗိုလ်မှူးကြီး စောကျော်ညွှန့်က “ပါဝင်ပတ်သက်နေတဲ့ အစုအဖွဲ့တွေ အားလုံးပေါ့လေ ဒီပစ်ခတ်တိုက်ခိုက်မှုတွေ အပေါ်မှာ ထိန်းထိန်းသိမ်းသိမ်းနဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေကို လျှော့ချပြီးတော့ ဒါမှမဟုတ် ပပျောက်ပြီးတော့ ကျနော်တို့နိုင်ငံအတွက် အမှန်တကယ် လိုအပ်နေတဲ့ နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှု အခင်းအကျင်း ပြန်လည်ဖြစ် ထွန်းလာဖို့ ဝိုင်းဝန်း ကြိုးပမ်းပေးဖို့ လိုအပ်တယ်” ဟု ပြောသည်။
ထို့အပြင် PPST က မကြာမီက ဖြစ်ပေါ်ခဲ့သော စစ်ကိုင်းတိုင်း ဒေသကြီး၊ ဒီပဲယင်း မြို့နယ်၊ လက်ယက်ကုန်း ကျေးရွာရှိ စာသင်ကျောင်း ဖြစ်စဉ်နှင့် ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ အနန့်ပါကျေးရွာဖြစ်စဉ်တို့တွင် လေကြောင်း မှ အင်အားအလွန်အကျွံ အသုံးပြုပြီး တိုက်ခိုက်ခံရမှုကြောင့် ပြည်သူများ အသက်ဆုံးရှုံးခဲ့ကြရသည့် အတွက် များစွာဝမ်းနည်းရပါသည် ဟု PPST က ဆိုသည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၁၆ ရက်နေ့က စစ်ကိုင်းတိုင်း ဒေသကြီး၊ ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းကျေးရွာရှိ စာသင်ကျောင်းကို စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် ကလေး ၇ ဦး အပါအဝင် စုစုပေါင်း ပြည်သူ ၁၃ ဦးသေဆုံးခဲ့သည်။
ထို့အပြင် အောက်တိုဘာလ ၂၃ ရက်နေ့ ညက ဖားကန့်ရှိ အနန့်ပါ ဒေသတွင် ပြုလုပ်နေသည့် KIO တည်ထောင် ခြင်း ၆၂ ပြည့် အခမ်အနား အကြို ဂီတဖျော်ဖြေပွဲကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကြဲတိုကခိုက်ခဲ့သည့် အတွက် ကချင်အနုပညာရှင်များ၊ ဒေသခံပြည်သူများ၊ KIO/KIA မှ အရာရှိများ၊ တပ်ဖွဲ့ဝင်များ စုစုပေါင်း လူဦးရေ အယောက် ၆၀ ကျော် သေဆုံးခဲ့ပြီး အများအပြား ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြသည်။
စစ်တပ်က အာဏာသိမ်းပြီးနောက် နိုင်ငံနှင့်အဝန်းတွင် တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားလာခဲ့သည့်အတွက် နိုင်ငံ ရေး ဆွေးနွေးပွဲများမှာလည်း ရပ်တန့်သွားခဲ့သည်။ ထိုရပ်တန့်နေသည့် နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးပွဲများကို PPST က ပြန်လည်စတင်နိုင်ရန် ကြိုးပမ်းအားထုတ် နေ သည့် ကြားကာလအတွင်း စစ်ကောင်စီတပ်က လူအများအပြားသေဆုံး စေသည့် တိုက်ခိုက်မှုများကို လုပ် ဆောင်လာသည့်အတွက် နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရန်အတွက် အဟန့်အတား ဖြစ်စေ သည်ဟု PPST က ဆိုသည်။