PDF တွေက ကျောင်းထိုင်ဆရာတော်ကို သတ်သွားတယ်ဆိုတဲ့ သတင်းမှားဖြန့်

PDF တွေက ကျောင်းထိုင်ဆရာတော်ကို သတ်သွားတယ်ဆိုတဲ့ သတင်းမှားဖြန့်

ဧရာဝတီတိုင်း ဒေးဒရဲမြို့နယ် အင်းဒူးကျေးရွာက ကျောင်းထိုင်ဆရာတော်နဲ့ ကပ္ပိယတို့ကို PDF တွေက သတ် သွားတယ်ဆိုတဲ့ သတင်းပို့စ်တစ်ခုကို ယိမ်း နွဲ့ ပါး ဆိုသူ Facebook အကောင့်ပိုင်ရှင်ဆိုသူက ဇူလိုင်လ ၂၀ ရက် နေ့က ရေးတင်ထားပါတယ်။

ယိမ်း နွဲ့ ပါးက “ဧရာဝတီတိုင်း ဖျာပုံခရိုင် ဒေးဒရဲမြို့နယ် အင်းဒူး ကျေးရွာတွင် အကြမ်းဖက်PDFများက ဦးပဒါ န ဆရာတော်ကြီး သက်တော် ၉၀ ကျော် နှင့် ကပ်ပ္ပိယကြီး ပါ သတ်ဖြတ်ကြောင်း ကနဦး သိရ ထပ်မံ ဖော်ပြပေး ပါမယ် #banyunt” ဆိုပြီး (မူရင်းအရေးအသားအတိုင်း) တင်ထားတာကို တွေ့ရပါတယ်။

ယိမ်း နွဲ့ ပါး ဆိုသူအပြင် ကိုပြည့် ဆိုသူ Facebook အကောင့်ပိုင်ရှင်ကလည်း အဲဒီစာသားကိုပဲ BaNyunt ဆိုသူရဲ့ Telegram အကောင့်ကနေ ScreenShot ရိုက်ယူပြီး သူ့ရဲ့ Facebook အကောင့်မှာ ပြန်တင်ထားကိုလည်း တွေ့ရပါ တယ်။

အဆိုပါ ရေးသားမှုဟာ သတင်းအမှားတစ်ခုသာဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အင်းဒူးကျေးရွာက ကျောင်း ထိုင်ဆရာတော်နဲ့ ကပ္ပိယတို့ကို သတ်သွားသူတွေဟာ ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာကို သေချာ တိကျစွာ မသိ ရသေးပဲ PDF တွေက သတ်ပါတယ်ဆိုပြီး ရေးသားထားလို့ပဲဖြစ်ပါတယ်။

ဒေသခံတွေဖက်ကလည်း ကျောင်းထိုင်ဆရာတော်နဲ့ ကပ္ပိယတို့ကို သတ်သွားသူတွေဟာ PDF တွေ မဟုတ်ဘူးဆို တာကို အခုလိုပြောပါတယ်။

ဒေသံတစ်ဦးက “ဆရာတော်ကြီးရော ကပ္ပိယ ကြီးရော စကားနဲတယ် ၊ ဘာနိုင်ငံရေး နဲ့မှ ပါတ်သက် မှု မရှိကြ ဘူး၊ ပြီး တော့ ဒီနယ်ဘက်မှာက PDF ဆိုတာမရှိဘူး  ဆရာတော်ကြီး ပျံလွန်တော်မူတာကို နိုင်ငံရေးမှာ ခုတုန်း လုပ်တာမျိုးလက်မခံနိုင်ဘူး” လို့ ပြောပါတယ်။

ဒါ့အပြင် ကျောင်းထိုင်ဆရာတော်ကြီး နှင့် ကပ္ပိယကြီး တို့မှာ အသက်အရွယ်အရ  အိုးမင်းမစွမ်းသူတွေ ဖြစ်ကြ ပြီး စစ်တပ်၊ ရဲ တို့နှင့် ပါတ်သက်မှု မရှိတဲ့ သူတွေဖြစ်တဲ့အပြင် PDF တွေကလည်း ဘုန်းကြီးတွေ ရဟန်းတွေကို မသတ်ဘူးလို့  ဟုဒေးဒရဲ မြို့ခံတွေက ပြောပါတယ်။

ဒေးဒရဲ မြို့ခံတစ်ဦးက “သူခိုးက ဘုန်းကြီးကျောင်းပေါ် တက်ခိုးတာမှာ ဘုန်းကြီးအို ၊ အဖိုးအို နဲ့ ထိပ်တိုက် တွေ့ ပြီး ခြေလွန်လက်လွန် သတ်မိသွားတာ ဖြစ်ဖို့များတယ် PDF ကသတ်စရာ ဘာအကြောင်းမှ မရှိဘူး” လို့ ပြောပါ တယ်။

အခုဖြစ်သွားတဲ့ ကျောင်းထိုင်ဆရာတော်နဲ့ ကပ္ပိယတို့ အသတ်ခံရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး စစ်တပ်ထောက်ခံ သူ တွေက PDF တွေ သတ်တယ်ဆိုပြီး လိမ်ညာ ဝါဒဖြန့်မှုတွေမှု တွေရှိနေတယ်ဆိုပြီး Ayeyarwaddy Times သတင်း ဌာနက ရေးသားထားတဲ့ သတင်းကိုလည်း ဒီမှာ https://bit.ly/3omLO5R ဝင်ကြည့်လို့ရပါတယ်။

ဒါကြောင့် အချက်အလက်တွေကို တိုက်ကြည့်လိုက်တဲ့အခါမှာတော့ အင်းဒူးကျေးရွာက ကျောင်းထိုင်ဆရာ တော်နဲ့ ကပ္ပိယတို့ကို PDF တွေက သတ်သွားတယ်ဆိုတဲ့ ရေးသားမှုဟာ PDF တွေကို ပြည်သူတွေ အထင်အမြင် မှားအောင်၊ မကူညီ၊ မထောက်ပံ့အောင် ဝါဒဖြန့်ဖို့အတွက် တမင်ရည်ရွယ်ပြီး ဖန်တီးရေးသားထားတဲ့ သတင်း အမှားဖြစ်တယ်ဆိုတာကို တွေ့ရပါတယ်။

အင်းဒူးကျေးရွာက ကျောင်းထိုင်ဆရာ တော်နဲ့ ကပ္ပိယတို့ကို PDF တွေက သတ်သွားတယ်ဆိုတဲ့ သတင်းအမှား ကို အမျိုးသားအရေး လှုပ်ရှားသူတွေ၊ စစ်တပ်ထောက်ခံတွေ တော်တော်များများကလည်း ထပ်ဆင့်ပြန်ပြီး ဖြန့် ဝေနေကြတာကို တွေ့ရပါတယ်။

လက်ရှိကာလမှာဆိုရင် သတင်းအမှား ဖြန့်ဝေသူတွေဟာ အထူးသဖြင့် PDF၊ CRPH၊ NUG အဖွဲ့တွေနဲ့ သက်ဆိုင် တဲ့ သတင်းအမှားတွေ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနှင့် သက်ဆိုင်တဲ့ သတင်းအမှားတွေ၊ တိုက် ပွဲသတင်းတွေ၊ တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ သက်ဆိုင်တဲ့ သတင်းအမှားတွေ၊ စစ်ကောင်စီ ခေါင်းဆောင်နဲ့ တိုင်းရင်းသားခေါင်းဆောင်တွေရဲ့ ပြောဆိုမှု သတင်းအမှားတွေအပြင် လူမျိုးတစ်မျိုးနဲ့တစ်မျိုး အဖွဲ့အစည်း တစ် ခုနဲ့တစ်ခုကြား ပဋိပက္ခ အသွင်ဆောင်စေမယ့် အမုန်းစကား သတင်းအမှားတွေကို ရည်ရွယ်ချက်ရှိရှိ ရေးတင်နေ တာကို တွေ့ရပါတယ်။

သတင်းအချက်အလက် အမှားတွေနဲ့ ဓာတ်ပုံအဟောင်း၊ ရုပ်သံအဟောင်းတွေကို အသုံးပြုတာရှိသလို ဓာတ်ပုံနဲ့ ရုပ်သံ ရဲ့ မှန်ကန်တဲ့ အချက်အလက်မဟုတ်တဲ့ အရေးအသားတွေနဲ့ ဖြန့်ဝေနေကြတာကိုလည်း တွေ့ရပါတယ်။

ဒါကြောင့် အခုလိုမျိုး နိုင်ငံရေး မတည်မငြိမ်ဖြစ်နေတဲ့ ကာလမှာ သတင်းအမှား ဖြန့်ဝေသူတွေဟာ ပုံစံအမျိုးမျိုး နဲ့ သတင်း အမှားတွေကို ဖန်တီးရေးသား ဖြန့်ဝေနေကြတဲ့အတွက် လူမှုကွန်ရက်တွေကနေ သတင်းတွေကို ဖတ် ပြီး/ကြည့်ပြီး ဖြန့်ဝေတော့မယ်၊ တဆင့်ပြန်ပြီး ပြောပြတော့မယ်ဆိုရင် အမှန်တကယ် ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေနဲ့ သေချာ တိုက်စစ်ပြီးမှ ထပ်ဆင့်ဖြန့်ဝေ ဖို့လိုပါတယ်။

December 17, 2024
ကရင်နီပြည်တွင် စစ်ကောင်စီတပ်၏ အဆိပ်ငွေ့ဗုံးများကြောင့် ကရင်နီအမျိုးသားကာကွယ်ရေးတပ်မတော် KNDF...
December 11, 2024
ကချင်ပြည်နယ်၊ ဗန်းမော် မံစီ တိုက်ပွဲတွေမှာ KIA/PDF ပူးပေါင်းတပ်တွေက လူအင်အားလိုနေတာကြောင့်...
December 3, 2024
စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် သေဆုံးသွားသည့် သျှမ်းပြည်မြောက်ပိုင်းက...
November 25, 2024
တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသော သျှမ်းပြည်...