ထားဝယ်တွင် နယ်မြေရှင်းလင်းရေး လုပ်ရန် စစ်ကောင်စီ အင်အားဖြည့်

ထားဝယ်တွင် နယ်မြေရှင်းလင်းရေး လုပ်ရန် စစ်ကောင်စီ အင်အားဖြည့်
What's Happening Now - 2 (သင်္ကန်းတုံကျေးရွာအတွင်း နေအိမ်များ စစ်တပ်ဝင်ရောက် မွေနှောက်ဖျက်ဆီး)
What's Happening Now - 2 (သင်္ကန်းတုံကျေးရွာအတွင်း နေအိမ်များ စစ်တပ်ဝင်ရောက် မွေနှောက်ဖျက်ဆီး)

ထားဝယ်ခရိုင်၊ အတွင်း နယ်မြေရှင်းလင်းရန်အတွက် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ စစ်အင်အားတိုးချဲ့လာနေသည့်အတွက် ရွာသားများ ထောင်နှင့်ချီ၍ ထွက်ပြေးတိမ်းရှောင် နေကြရ သည်ဟု ဒေသခံများက ပြောသည်။

ထားဝယ်မြို့နယ်နှင့် သရက်ချောင်းမြို့နယ်များ ဇူလိုင်လ ၄ ရက်နေ့မှ စတင်ဝင်ရောက်လာသည့် စစ်ကောင်စီစစ်ကြောင်းသည် လမ်းတစ်လျှောက်ရှိ ကျေးရွာ အချို့က ရွာသား ၅ ယောက်ကိုလည်း ဖမ်းဆီးသွားသည်ဟု ဒေသခံများက ပြောသည်။

“ဘာကြောင့် ဖမ်းသွားတယ်ဆိုတာ မသိဘူး။ စစ်သားတွေက ဈေးဆိုင်အိမ်တွေ ဖျက်ဆီးတာမျိုး စားသောက် စရာတွေ အဝတ်အစားတွေ နဲ့ TV တွေပါ ယူသွားတဲ့အပြင် တွေ့တဲ့ ဆိုင်ကယ်တွေကိုပါ ကားပေါ်တင်ပြီး ယူသွား ကြတာ။ စုစုပေါင်း ၁၀ စီးလောက်တော့ ရှိတယ်” ဟု တိမ်းရှောင်နေရသည့် သင်္ကန်းတုံးရွာသားတစ်ဦးက ပြော သည်။

ဇူလိုင်လ ၄ ရက်နေ့တွင် ထားဝယ်မြို့မှ မေတ္တာမြို့နှင့် နယ်စပ် ထီးခီးဘက်သို့ စတင်ထွက်ခွာလာသည့် စစ် ကောင်စီ ယာဉ်တန်းသည် ဇူလိုင် ၅ ရက်နေ့ ညနေပိုင်းတွင် လိပ်ကြယ်ပြောင်ကျေးရွာအနီးသို့ ရောက်ရှိလာပြီး ရွာခံအမျိုးသား ၂ ဦးကို ဖမ်းဆီးသွားခဲ့သည် ဟု ဒေသခံများက ပြောသည်။

ထို့အပြင် ဇူလိုင်လ ၇ ရက်နေ့ နံနက်ပိုင်းအချိန်တုန်းကလည်း သင်္ကန်းတုံကျေးရွာက အသက် ၆၀ ကျော်အရွယ် ဦးဟန်လွင်နှင့် အသက် ၃၀ ကျော်အရွယ် သားဖြစ်သူ နှစ်ဦး၊ စုစုပေါင်း ၃ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု သိရသည်။

စစ်ကောင်စီ ယာဉ်တန်းတွင် စစ်ကား ၁၄ စီးပါဝင်ပြီး တပ်ဖွဲ့ဝင်အင်အား ၂၀၀ နီးပါးခန့် ပါရှိပြီး ပုံမှန်အားဖြင့် ပွင့်လင်းရာသီမျိုးတွင်သာ စစ်ကြောင်းများထိုးလေ့ရှိပြီး ယခု မိုးရာသီတွင် စစ်ကြောင်းထိုးနေသဖြင့် ဒေသခံများ က စားဝတ်နေရေးအပြင် ငှက်ဖျားနှင့် ဝမ်းရောဂါကဲ့သို့သော ကျန်းမာရေးကိစ္စရပ်များအတွက်ပါ စိုးရိမ် နေကြရ သည် ဟု ဆိုသည်။

အဆိုပါ စစ်ကောင်စီတပ်ဖွဲ့များသည် ဇူလိုင် ၆ ရက်နေ့၊ နံနက်ပိုင်းတွင် သင်္ကန်းတုံးကျေးရွာထဲကို လက်နက်ကြီး/ ငယ် များဖြင့် ဆက်တိုက်ပစ်ခတ်ခဲ့သည့်အတွက် လူနေအိမ် ၃ လုံး ထိမှန်ပျက်စီးခဲ့သည့်အပြင် ရွာသားများလည်း ကြောက်လန့်ပြီး ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ရွာသားများက ပြောသည်။

လက်ရှိတွင် ၎င်းစစ်ကောင်စီယာဉ်တန်းသည် ဝကုန်းကျေးရွာကို ဖြတ်သန်း၍ ကျောက်မဲတောင်ရွာ၌ တညအိပ် ကာ ဇူလိုင် ၈ ရက်နေ့ နံနက်ပိုင်းက မေတ္တာမြို့ဘက်သို့ ဆက်လက်ထွက်ခွာသွားပြီ ဟု ဒေသခံများက ပြောသည်။

စစ်ကြောင်းဖြတ်လာသည့် လမ်းကြောင်းတစ်လျှောက်ရှိ သရက်ချောင်းမြို့နယ်အတွင်းက စုံစင်ဖျားကျေးရွာသား များလည်း ဇူလိုင် ၇ ရက်နေ့မှ စတင်ပြီး ရွာလုံးကျွတ် ပြောင်းရွှေ့နေကြရသည်ဟု သိရသည်။

စုံစင်ဖျားကျေးရွာ အရန်မီးသတ်တပ်ဖွဲ့ရုံးနှင့် ကျေးရွာအတွင်း စစ်ရှောင်သွားသူများ၏ နေအိမ်အချို့တို့တွင် စစ် တပ်က တပ်စွဲထားပြီး ၎င်းစစ်ကောင်စီ တပ်ဖွဲ့ဝင်များက ရခိုင်ပြည်နယ်ဘက်မှတပ်များ နယ်မြေရှင်းလင်းရေး အတွက် အင်အားဖြည့်တင်းရန် ရောက်လာမည်ဖြစ်သည့်အတွက် ရွာသားများကို နေရာပြောင်းရွှေ့ရန်လည်း စေ ခိုင်းမှုများ ရှိနေသည်ဟု ရွာသားများက ပြောသည်။

အသက် ၅ဝ ခန့် အရွယ် စုံစင်ဖျားရွာသားတစ်ဦး က “ဘယ်နေ့နောက်ဆုံးထား ပြောင်းပေးရမယ်လို့တော့ တိတိ ကျကျမပြောဘူး။ ပြောင်းတဲ့သူတွေက ပြောင်းနေကြ ပြီ။ ပြောင်းဖို့နေရာမရှိတဲ့ မိသားစုတွေကတော့ နီးစပ် ရာ ဘုန်းကြီးကျောင်းတွေမှာ ပြောင်းရွှေ့နေကြရတယ်” ဟု ပြောသည်။

စစ်တပ်သည်  ၎င်းတို့စစ်ကြောင်းထိုးရာဒေသများတွင် ရွာသားအချို့ကို ဖမ်းဆီးပြီး လူသားဒိုင်းအဖြစ် အသုံးပြု လေ့ ရှိသည့်အတွက် ရွာသားအများစုမှာ စိုးရိမ်ကြောက်လန့်ကာ လက်ရှိအချိန်အထိ နေအိမ်မပြန်ရဲကြသေးဘူး ဟု ရွာသားများက ပြောသည်။

January 17, 2025
ရှမ်းပြည်မြောက်ပိုင်းတွင် ပြေးဆွဲနေသည့် ကားသမားများကို ဒေသတွင်းအုပ်ချုပ်နေသည့် တိုင်းရင်းသား...
January 15, 2025
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း တရုတ်နိုင်ငံသို့ ရောင်းစားခံရသည့် အမျိုးသမီးများအား...
မောတောင်မြို့ စစ်ကောင်စီ စစ်ဆေးရေးဂိတ် (ပုံဟောင်း)
January 14, 2025
မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်အတွင်းရှိ ထိုင်း - မြန်မာ နယ်စပ်မြို့ဖြစ်သည့်...
January 13, 2025
ကရင်နီပြည်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် အရပ်သားနေရာများကို စစ်ကောင်စီက...