Published
Thursday, May 12, 2022
ဖရူဆိုမြို့နယ်အတွင်း ဖြစ်ပွားတဲ့တိုက်ပွဲမှာ စစ်ကောင်စီဘက်က အယောက် ၃၀ ဝန်းကျင်ကျဆုံး
- မေလပထမအပတ်အတွင်း ဖြစ်ပွားခဲ့တဲ့ ကရင်နီပြည်တိုက်ပွဲမှာ စစ်ကောင်စီဘက်က အရာရှိအပါအဝင် အယောက် ၃၀ ဝန်းကျင်ကျဆုံးပြီး လက်နက်တွေလည်း သိမ်းဆည်းရမိခဲ့တယ်လို့ KNDF က ပြောပါတယ်။
- မိုးရာသီမှာ မိုးကာတဲနဲ့နေထိုင်ရတဲ့ စစ်ဘေးရှောင်တွေအတွက် မိုးကာလိုအပ်လာပါတယ်။
- စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ဦးခေါင်းပုံကို တူမီးသေနတ်နဲ့ပစ်ခတ်ပြီး ကယားရိုးရာ စစ်ခူ(စပ်ခူ)ကို ပြုလုပ်ခဲ့ပါတယ်။