ကလေးမြို့နယ်တောင်ပိုင်းရှိ စစ်ဘေးရှောင်ပြည်သူများ အရေးပေါ်အကူအညီလိုအပ်နေ

ကလေးမြို့နယ်တောင်ပိုင်းရှိ စစ်ဘေးရှောင်ပြည်သူများ အရေးပေါ်အကူအညီလိုအပ်နေ

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းရှိ စစ်ဘေးရှောင်ပြည်သူများသည် လတ်တလော မေလအတွင်း မိုးရွာတွင်းမှု များလာနေသောကြောင့် တာလပတ် (မိုးကာ) နှင့် ဆေးဝါးများ အရေးပေါ်အကူအညီ လိုအပ်နေသည်ဟု ကလေးမြို့နယ် တောင်ပင်း စစ်ဘေးရှောင်ကူညီပေးသူများထံမှ သိရသည်။

လက်ရှိ စစ်ဘေးရှောင်စခန်းနှင့် စစ်ဘေးရှောင်များ၏ အခြေအနေနှင့်ပတ်သက်ပြီး ကလေးမြို့နယ် တောင်ပင်း စစ်ဘေးရှောင်ကူညီပေးသူတစ်ဦးက ယခုလိုပြောသည်။

“စစ်ကြောင်းက ရုတ်တရက်ကြီး စစ်ကြောင်းထိုးလာတဲ့ အနေအထားဆိုတော့ ပြည်သူတွေက ရုတ်တရက်ကြီး  တိမ်းရှောင်ရတဲ့အနေအထားမှာ ပစ္စည်းတွေ၊ အဝတ်အစားတွေ ယူဆောင်သွားခြင်းမရှိတဲ့အပြင် ခုကျတော့ အိမ်တွေ မီးရှို့ခံရတော့ အိုးမဲ့အိမ်မဲ့တွေ ဖြစ်ကုန်ကျတော့ မိုးကာအဓိကလိုအပ်တယ် နေဖို့ထိုင်ဖို့ကိုက တောင်ထဲ တောင်ထဲမှာ ဒီတိုင်းကြီးပဲ နေကြရတာဆိုတော့ အခုဆိုရင် ရာသီဥတု အကူးအပြောင်းမှာ မိုးကလည်း ကျလာတဲ့အနေအထားမှာ အဖျားအနာတို့ ထူလာတော့ ဆေးဝါ၊ မိုးကာ အဓိက လိုအပ်တယ်”ဟုပြောသည်။  

ပြီးခဲ့သည့် ဧပြီလ ၂၇ ရက်နေ့တွင် အရှေ့စည်းကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့မှ ဖြတ်တောက်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲပြင်းထန်ခဲ့ပြီး အရှေ့စည်းကျေးရွာအပါအဝင် အနီးပတ်ဝန်းကျင်ရှိ ပြည်သူများ စစ်ဘေးတိမ်းရှောင်ခဲ့ကြခြင်းဖြစ်သည်။

လက်ရှိအချိန်တွင် တိုက်ပွဲကြောင့် စစ်ဘေးတိမ်းရှောင်နေရသည့် ပြည်သူများမှာ ရွာသို့မပြန်နိုင်သေးဘဲ မြစ်သာမြစ် အရှေ့ဘက်ကမ်းရှိ တောတောင်များတွင် တဲထိုးနေထိုင်လျက်ရှိကာ ကျန်းမာရေးကိစ္စအပါအဝင် စားနပ်ရိက္ခာထောက်ပံ့မှုများ လိုအပ်နေသေးကြောင်း ၎င်းက ဆက်ပြောသည်။

“မြစ်အရှေ့ဖက်ကမ်းမှာ တိမ်းရှောင်ရတဲ့အနေအထားဆိုတော့ အရမ်းခက်ခဲနေတယ်။ မလောက်မငှနဲ့စား သောက်ကြရတယ် တော်တော်လေးကို အခြေအနေဆိုးနေတယ်အခုအနေအထားက။ တတ်နိုင်သလောက်ကူ ညီပေးပေမယ့် အလှူရှင်တွေရော အလှူအားနည်းသေးတယ်လို့ပြောလို့ရသေးတယ်။ တော်တော်လေး များဖြစ်ထားတာဆိုတော့ ထိရောက်တဲ့ကူညီပေးမှုမပြုလုပ်နိုင်သေးဘူး”ဟုပြောသည်။

စစ်ကောင်စီတပ်ဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားနောက်ပိုင်း မေလ ၁ ရက်နေ့တွင် စစ်ကောင်စီတပ်ဖွဲ့များက အိမ်ရှေ (၉၀၀) ခန့်ရှိသော အရှေ့စည်းကျေးရွာအတွင်း ဝင်ရောက်ပြီး လူနေအိမ်များ မီးရှို့ခဲ့ကာ အိမ်ခြေ ၇၀၀ ဝန်းကျင်ခန့် မီးလောင်ဖျက်ဆီးခဲ့သည်။

ကလေးမြို့နယ်တောင်ပိုင်းတွင် နှစ်ဘက်တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် ကျေးရွာ ၂၀ ဝန်းကျင်နှင့် စစ်ဘေးရှောင်လူဦးရေခန့်မှန်းခြေ (၃၀၀၀) ခန့်ရှိသည်ဟု စစ်ဘေးရှောင်ကူညီပေးနေသူများထံမှ သိရသည်။

Most read this week

November 25, 2024
ချင်းပြည်နယ် တောင်ပိုင်း၊ ပလက်ဝမြို့နယ်တွင် အာရက္ခတပ်တော် AA က အာရက္ခပညာရေးစနစ်ကို ဖော်ဆောင်ရန်...
November 22, 2024
ချင်းညီနောင်၏ တတိယလှိုင်းအဖြစ် မြို့သိမ်းစစ်ဆင်ရေးဖော်ဆောင်နေသည့် ချင်းပြည်နယ်၊ မင်းတပ်နှင့်...
November 19, 2024
မကွေးတိုင်း၊ ဧရာဝတီအနောက်ခြမ်းတွင် စစ်ရေးလှုပ်ရှားနေသော အရှိုချင်းကာကွယ်ရေးတပ်သည် အရှိုချင်းလူထု...
November 13, 2024
ချင်းပြည်ကောင်စီ ဦးဆောင်ကော်မတီသည် ၈ ကြိမ်မြောက် အစည်းအဝေးကို ကျင်းပခဲ့ပြီး ချင်းအင်အားစု...