ဆွမ်းခံကြွတဲ့ ကိုရင်လေးတွေကို PDF က မိုင်းခွဲတိုက်တယ်ဆိုပြီး သတင်းမှားဖြန့်

ဆွမ်းခံကြွတဲ့ ကိုရင်လေးတွေကို PDF က မိုင်းခွဲတိုက်တယ်ဆိုပြီး သတင်းမှားဖြန့်

စစ်ကိုင်းတိုင်း၊ ဆားတောင်မြို့နယ်၊ သိမ်ချောင်းကျေးရွာမှာ ဆွမ်းခံကြွလာတဲ့ ကိုရင် ၃ ပါးကို PDF တွေက မိုင်းခွဲ တိုက်ခိုက်တယ်ဆိုတဲ့ သတင်းပို့စ်တစ်ခုကို  Nang Moh Moh Akari ဆိုသူ Facebook အကောင့်ပိုင်ရှင်က ဧပြီလ ၂၁ ရက်နေ့မှာ ရေးတင်ထားပါတယ်။

ကိုရင်တစ်ပါး ဆေးကုသမှု ခံယူနေတဲ့ ပုံတစ်ပုံကို အသုံးပြုပြီး “ဆွမ်းခံကြွလာ တဲ့ ကိုရင်လေးတွေကို PDF အဖွဲ့ က မိုင်းဆွဲတိုက်ခိုက်” ဆိုတဲ့ ခေါင်းစဉ်နဲ့ Nang Moh Moh Akari က ရေးတင်ထားတာကို တွေ့ရပါတယ်။

Nang Moh Moh Akari က “ဧပြီ ၂၁ ရက် ယနေ့ နံနက် ၁၀ နာရီခွဲခန့် အချိန်မှာ စစ်ကိုင်းတိုင်း ဆားတောင် မြို့ နယ်.. ရွာဝေး ရပ်ကွက်၊ သိမ်ချောင်းရပ်၊ အမက (သိမ်ချောင်း) ကျောင်းရှေ့အနီးမှာ .... ဆွမ်းခံကြွလာတဲ့ ကိုရင် ၃ ပါးကို PDF အဖွဲ့က မိုင်းဆွဲတိုက်ခိုက်ရာ ကိုရင်တစ်ပါး ပျံလွန်တော်မူခဲ့ပြီး ကျန်နှစ်ပါး ပြင်းထန် ဒဏ်ရာတွေ ရခဲ့တယ်လို့ သိရပါတယ်” (မူရင်းအရေးအသားအတိုင်း) ဆိုပြီး ရေးတင်ထားတာကို တွေ့ရပါတယ်။

အဆိုပါ ရေးသားမှုဟာ သတင်းအမှားတစ်ခုသာ ဖြစ်ပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ စစ်ကိုင်းတိုင်း ဆားတောင်မြို့နယ် သိမ်ချောင်းကျေးရွာမှာ မိုင်းပေါက်ကွဲမှုကြောင့် ကိုရင် တစ်ပါးသေ နှစ်ပါး ထိခိုက်ဒဏ်ရာ ရရှိတာ မှန်ပေမယ့် မိုင်းထောင်သူဟာ ဘယ်သူဘယ်ဝါ ဖြစ်တယ်ဆိုတာ သေ ချာ မသိရှိရသေးပဲ Nang Moh Moh Akari က PDF တွေ ထောင်ထားတဲ့ မိုင်းပါ ဆိုပြီး တစ်ဖက်သတ် စွတ်စွဲ ရေး သားထားလို့ပဲ ဖြစ်ပါတယ်။

သိမ်ချောင်းကျေးရွာမှာ မိုင်းပေါက်ကွဲမှုဖြစ်စဉ်နဲ့ ပတ်သက်ပြီး ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေက ဒေသခံ တွေကို မေးမြန်းပြီး ရေးသားထုတ်လွှင့်ထားတဲ့ သတင်းတွေထဲမှာ ဆိုရင်လည်း အဲဒီမိုင်းဟာ PDF တွေ ထောင် ထားတဲ့ မိုင်းပါဆိုပြီး ဒေသခံတွေက သတင်းဌာနတွေကို ယတိပြတ် ပြောဆိုထားတာမျိုးကို မတွေ့ရသလို စစ် ကောင်စီဖက်က ထောင်ထားတဲ့ မိုင်းပါဆိုပြီးတော့လည်း ပြောဆိုထားတာကို မတွေ့ရပါဘူး။

ဘယ်သူတွေ လာလုပ်တာလဲ ဆိုတာကို သူတို့ အနေနဲ့ မသိရဘူးလို့သာ ဖြေဆိုထားတာကိုသာ တွေ့ရပါတယ်။

သိမ်ချောင်းကျေးရွာမှာ မိုင်းပေါက်ကွဲမှုဖြစ်စဉ်နဲ့ ပတ်သက်ပြီး BBC မြန်မာပိုင်းက ဧပြီလ ၂၃ ရက်နေ့မှာ ရေးသား ထားတဲ့ “ဆားတောင်မြို့မှာ ဆွမ်းခံရင်း မိုင်းထိလို့ ဆေးရုံတင်ထားရတဲ့ ကိုရင် အသက်အန္တရာယ် မစိုးရိမ်ရ တော့” သတင်းကို ဒီမှာ https://bbc.in/3Mv80oj ဝင်ကြည့်လို့ရပါတယ်။

ဒါ့အပြင် Eleven သတင်းဌာနက ရေးသားထားတဲ့ “စစ်ကိုင်း- ရွှေဘို လမ်းတွင် မိုင်းပေါက်ကွဲမှုကြောင့် ဆွမ်းခံ ကြွသည့် ကိုရင်သုံးပါးအနက် နှစ်ပါးပျံလွန်တော်မူခဲ့ပြီး  တစ်ပါးအား မန္တလေးဆေးရုံသို့ အရေး ပေါ် ပို့ဆောင် ထားရ” သတင်းကို ဒီမှာ https://bit.ly/3yafKsb ဝင်ကြည့်လို့ရပါတယ်။

ဒါကြောင့် အချက်အလက်တွေကို စိစစ်လိုက်တဲ့အခါမှာ Nang Moh Moh Akari ရဲ့ ပြောဆိုရေးသားမှုတွေဟာ တိကျခိုင်လုံမှု မရှိတာကို တွေ့ရသလို PDF တွေကို အပုတ်ချချင်တဲ့စိတ် နဲ့ ရေးသားထားတဲ့ သတင်းအမှား ဖြစ် တယ်ဆိုတာကို စိစစ်တွေရှိရပါတယ်။

ဒါ့အပြင် Nang Moh Moh Akari က ရေးသားထားသလိုမျိုး အမျိုးသားရေး လှုပ်ရှားသူတွေနဲ့ စစ်တပ်ထောက် ခံ တဲ့သူ တွေရဲ့ အကောင့်တော်တော်များများမှာ ကိုရင်လေးတွေ ထိခိုက်ဒဏ်ရာ ရနေတဲ့ ဓာတ်ပုံ၊ မိသားစုဝင် တွေ ငိုယိုနေ တဲ့ပုံတွေ၊ ဆေးရုံတက်နေရတဲ့ ဓာတ်ပုံတွေကို အသုံးပြုပြီး PDF တွေကို  စွတ်စွဲကာအပုတ်ချရေး သား ထားတာတွေကို တွေ့နေရသလို ဒီဖြစ်စဉ်ကို အခြေခံပြီးတော့ ဘာသာရေး ပဋိပက္ခဖြစ်စေတဲ့ လှုံဆော်ရေးသားမှု တွေကိုလည်း တွေ့ရှိရပါတယ်။

လက်ရှိကာလမှာ သတင်းအမှား ဖြန့်ဝေသူတွေ အနေနဲ့ PDF တွေကို ပြည်သူတွေ အထင်အမြင်မှားအောင်၊ မထောက်ပံ့ မကူညီအောင်၊ အားမပေးအောင်၊ ကြောက်လန့်အောင် မဟုတ်မမှန် သတင်းစကားတွေကို ရည်ရွယ် ချက်ရှိရှိ ဝါဒဖြန့် ထုတ်လွှင့် ဖြန့်ဝေနေတာကို တွေ့ရှိရပါတယ်။

ဒါ့အပြင် သတင်းအမှားဖြန့်ဝေသူတွေဟာ သတင်းတု/ သတင်းမှားတွေကို သူတို့ကြိုက်သလို ဖန်တီးရေးသားပြီး တော့ လူမှုကွန်ရက် အစုံကို‌ အသုံးပြုကာ ဖြန့်ဝေနေတာကို တွေ့ရပါတယ်။

သတင်းအချက်အလက် အမှားတွေနဲ့ ဓာတ်ပုံအဟောင်း၊ ရုပ်သံအဟောင်းတွေကို အသုံးပြုတာရှိသလို ဓာတ်ပုံနဲ့ ရုပ်သံ ရဲ့ မှန်ကန်တဲ့ အချက်အလက်မဟုတ်တဲ့ အရေးအသားတွေနဲ့ ဖြန့်ဝေနေကြတာကိုလည်း တွေ့ရပါတယ်။

ဒါကြောင့် အခုလိုမျိုး နိုင်ငံရေး မတည်မငြိမ်ဖြစ်နေတဲ့ ကာလမှာ သတင်းအမှား ဖြန့်ဝေသူတွေဟာ ပုံစံအမျိုးမျိုး နဲ့ သတင်း အမှားတွေကို ဖန်တီးရေးသား ဖြန့်ဝေနေကြတဲ့အတွက် လူမှုကွန်ရက်တွေကနေ သတင်းတွေကို ဖတ် ပြီး/ ကြည့်ပြီး ဖြန့်ဝေတော့မယ်၊ တဆင့်ပြန်ပြီး ပြောပြတော့မယ်ဆိုရင် အမှန်တကယ် ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေနဲ့ သေချာ တိုက်စစ်ပြီးမှ ထပ်ဆင့်ဖြန့်ဝေ ဖို့လိုပါတယ်။

September 13, 2023
မဇ္ဈိမကတင်ဆက်နေသည့် သတင်းမှားများကိုတိုက်ဖျက်ခြင်း - Misinformation Buster အစီအစဉ်သို့ သတင်း တု...
August 12, 2023
စစ်တပ်အာဏာသိမ်းပြီး လူထုတော်လှန်ရေး လှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ လူမှုကွန်ယက်ပေါ်မှာ...
August 9, 2023
ကမ္ဘောဇ KBZ Bank အမည်ဖြင့် ဖုန်းမှ စာတို (sms) များပေးပို့ပြီး ဘဏ်အကောင့် အန္တရာယ်ရှိနေကြောင်း...
August 7, 2023
စစ်ကောင်စီအကောင့်တုတွေဖြန့်ဝေနေတဲ့ “ သံလွင်တံတား (ဘားအံ) စစ်ဆေးရေးဂိတ် ပေါက်ကွဲမှုဖြစ်စဉ်သည်...