KIA က မြို့လှ PDF တပ်ဖွဲ့ကို လက်နက်ဖြုတ်ပြီး ခေါင်းဆောင်ကို ဖမ်းတယ်ဆိုပြီး သတင်းမှားဖြန့်ဝေ

KIA က မြို့လှ PDF တပ်ဖွဲ့ကို လက်နက်ဖြုတ်ပြီး ခေါင်းဆောင်ကို ဖမ်းတယ်ဆိုပြီး သတင်းမှားဖြန့်ဝေ

KIA က မြို့လှ PDF တပ်ဖွဲ့ကို လက်နက်ဖြုတ်သိမ်းပြီး ခေါင်းဆောင်ကို ဖမ်းဆီးထားတယ်ဆိုတဲ့ သတင်းပို့စ် တစ်ခုကို ရဲဘော်ကိုရဲဆိုသူ Facebook အကောင့် ပိုင်ရှင်က မတ်လ ၁၂ ရက်နေ့က တင်ထားတာ တွေ့ရပါတယ်။

“PDF အ ဖွဲ့ကို KIA မှ လက်နက်ဖြုတ်သိမ်း၍ ခေါင်းဆောင်ဖြစ်သူကို ဖမ်းဆီးထား” ဆိုတဲ့ ခေါင်းစဉ်နဲ့ တင်ထား တာဖြစ်ပါတယ်။

ရဲဘော်ကိုရဲက “ကချင်လွတ်လပ်ရေး တပ်မတော် KIA က ၎င်းရဲ့ လက်အောက်ခံ မြို့လှ PDF တပ်ရင်းကို

အမိန့်မရဘဲ အခြား PDF များနှင့် ပူးပေါင်း၍ စစ်ရေးလှုပ်ရှားခြင်း၊ဒေသခံပြည်သူများထံမှငွေကြေးကောက်ခံ ခြင်းနှင့် နှိပ်စက်မှုများ ပြုလုပ်ခဲ့သည့်အတွက် လက်နက်ဖြုတ်သိမ်း၍ ခေါင်းဆောင်ဖြစ်သူကို ဖမ်းဆီးထားဟု

အမည်မဖော်လိုသူ PDF အဖွဲ့ဝင်တစ်ဦးထံမှ သိရသည်” (မူရင်းအရေးအသားအတိုင်း) ဆိုပြီး ရေးသားထားပါ တယ်။

ရဲ့ဘော်ကိုရဲ ဆိုသူ ရေးတင်ထားတဲ့ သတင်းပို့စ်ထဲမှာဆိုရင်  KIA တာဝန်ရှိသူ တစ်ယောက်နဲ့ မြို့လှ PDF အဖွဲ့ ဝင် တစ်ယောက်ကို မေးမြန်းထားတဲ့ ပုံစံမျိုးနဲ့  သတင်းပို့စ်ကို ရေးသားထားပြီး NUG၊ PDF ၊ KIA တို့ကြားမှာ ပြဿနာ တက်နေ သယောင် ရေးသားထားတာကို တွေ့ရပါတယ်။

အဲဒီသတင်းကို စစ်တပ်ထောက်ခံသူနဲ့ သတင်းအမှား ဖြန့်ဝေသူတွေက သက်ဆိုင်ရာ သူတို့ Group တွေထဲမှာ ပြန် ပြီး ဖြန့်ဝေနေတာကိုလည်း တွေ့ရသလို တစ်ဦးချင်း တစ်ယောက်ချင်း အနေနဲ့လည်း ဖြန့်ဝေနေတာကိုလည်း တွေ့ရပါတယ်။

အဆိုပါ ရေးသားမှုတွေဟာ သတင်းအမှား တစ်ခုသာဖြစ်ပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ KIA က မြို့လှ PDF အဖွဲ့ကို လက်နက်ဖြုတ်သိမ်းတာ မရှိသလို ခေါင်းဆောင်ကိုလည်း ဖမ်း ဆီးထားတာ မရှိလို့ပဲဖြစ်ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး သတင်းဌာန အချို့က KIA က မြို့လှ PDF အဖွဲ့ကို လက်နက်ဖြုတ်သိမ်းပြီး ခေါင်းဆောင်ကို ဖမ်းဆီးထားတယ်ဆိုတဲ့ သတင်းဟာ သတင်းအမှားဖြစ်တယ်ဆိုတာကို သက်ဆိုင်ရာ PDF တာဝန်ရှိသူတွေကို မေးမြန်းပြီး သတင်းရေးသားထားကြတာကိုလည်း တွေ့ရပါတယ်။

ကချင် ဒေသက သတင်းကိုသာ အဓိက ရေးသားထုတ်လွှင့်နေတဲ့ ကချင်တိုင်းရင်းသား သတင်းဌာန တစ်ခုဖြစ်တဲ့ KNG က ရေးသားထားတဲ့ သတင်းကို ဒီမှာ https://bit.ly/3N0S91K တွေ့နိုင်သလို လူငယ့်ခေတ် သတင်းဌာန က ရေးသားထားတဲ့ သတင်းကိုလည်း ဒီမှာ https://bit.ly/3qgvzZl ဝင်ကြည့်လို့ရပါတယ်။

ဒါတွေမကသေးပဲ မြို့လှ PDF ကလည်း အဲဒီသတင်းဟာ သတင်းအမှားပါဆိုပြီး သူတို့ရဲ့ Facebook လူမှုကွန်ရက် စာမျက်နှာမှာ ထုတ်ပြန်ပြောဆိုထားတာကိုလည်း ဒီမှာ https://bit.ly/3qclRr5 တွေ့နိုင်ပါတယ်။

ဒါကြောင့် အချက်အလက်အားလုံးကို တိုက်စစ်ကြည့်လိုက်တဲ့အခါမှာ ရဲ့ဘော်ကိုရဲဆိုသူက အခြေအမြစ်မရှိ၊ ခိုင် လုံမှုမရှိတဲ့ သတင်းအရင်းအမြစ်အတုတွေနဲ့ သတင်းကို ဖန်တီးရေးသားထားသလို KIA၊ PDF၊ NUG စတဲ့ အဖွဲ့ တွေကြားမှာ သွေးခွဲစေတဲ့ ပုံစံမျိုးနဲ့ သတင်းကို ရေးသားထားတာကို တွေ့ရပါတယ်။

ဒါ့အပြင် ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေနဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေရဲ့ ပြောဆိုမှုနှင့် ကိုက်ညီမှု မရှိပဲ တော်လှန်ရေး လုပ်နေတဲ့ အဖွဲ့အစည်းအချင်းချင်းတွေကို သွေးကွဲအောင်၊ ပဋိပက္ခဖြစ်အောင်၊ ထိခိုက်နစ်နာ အောင် ဂုဏ်အရေ ညိုနွမ်းအောင် ဝါဒဖြန့်ရေးသားထားတဲ့ သသတင်း အမှား ဖြစ်တယ်ဆိုတာကို စိစစ်တွေ့ ရှိရပါတယ်။

လက်ရှိမှာဆိုရင် သတင်းအမှားဖြန့်ဝေသူတွေဟာ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းတွေ နဲ့ ပါတ်သက်တဲ့ သတင်းအမှား၊ NUG ၊ CRPH ၊ PDF နဲ့ ပတ်သက်တဲ့ သတင်းအမှား၊ နိုင်ငံခေါင်းဆောင်တွေ၊ နာ မည်ကြီး ထင်ပေါ်ကျော်ကြားသူတွေနဲ့ ပတ်သက်တဲ့ သတင်းအမှားတွေ အပြင် လူတစ်မျိုးနဲ့ တစ်မျိုး မုန်းတီး အောင်၊ လူမျိုးရေး ပဋိပက္ခကို ဖြစ်စေတဲ့ ပြောဆိုရေးသားမှုတွေကို ရည်ရွယ်ချက်ရှိရှိ ရေးသားဖြန့်ဝေနေတာကို တွေ့ရပါတယ်။ တစ်ဖက်မှာလည်း တော်လှန်ရေး အဖွဲ့အစည်းတွေ အချင်းချင်းကြားမှာ သဘောထားကွဲလွဲစေတဲ့ ရေးသားမှုတွေ၊ လှုံဆော်မှုတွေကို သတင်းတု/ သတင်းမှား ဖြန့်ဝေသူတွေက ပုံစံမျိုးစုံ နည်းမျိုးစုံသုံးပြီး လုပ် ဆောင်နေတဲ့ အချိန်ကာလလည်း ဖြစ်နေတာကို တွေ့ရပါတယ်။

ဒါ့အပြင် သတင်းတု/သတင်းမှားတွေကို ရုပ်သံပုံစံမျိုးရော၊ အွန်လိုင်း သတင်းရေးသားမှုပုံစံမျိုးရော၊ နှစ်မျိုးစလုံး နဲ့ သူတို့ကြိုက်သလို ဖန်တီးရေးသားပြီးတော့ လူမှုကွန်ရက် အစုံကို‌ အသုံးပြုကာ ဖြန့်ဝေနေတာကိုတွေ့ရပါ တယ်။

သတင်းအချက်အလက် အမှားတွေနဲ့ ဓာတ်ပုံအဟောင်းတွေကို အသုံးပြုတာရှိသလို ဓာတ်ပုံရဲ့ မှန်ကန်တဲ့ အချက် အလက်မဟုတ်တဲ့ အရေးအသားတွေနဲ့ ဖြန့်ဝေနေကြတဲ့အပြင် သတင်းအမှန်တွေကို သတင်းအမှားတွေပါဆိုပြီး ရေးသားကာ ဖြန့်ဝေနေကြတာတွေလည်း ရှိပါတယ်။

ဒါကြောင့် လူမှုကွန်ရက်တွေကနေ သတင်းတွေကို ဖတ်ပြီး/ကြည့်ပြီး/ နားထောင်ပြီး ဖြန့်ဝေတော့မယ်၊ တဆင့် ပြန်ပြီး ပြောပြတော့မယ်ဆိုရင် အမှန်တကယ် ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေနဲ့ သေချာတိုက်စစ်ပြီးမှ ထပ် ဆင့်ဖြန့်ဝေဖို့ လိုပါတယ်။

Most read this week

December 17, 2024
ကရင်နီပြည်တွင် စစ်ကောင်စီတပ်၏ အဆိပ်ငွေ့ဗုံးများကြောင့် ကရင်နီအမျိုးသားကာကွယ်ရေးတပ်မတော် KNDF...
December 11, 2024
ကချင်ပြည်နယ်၊ ဗန်းမော် မံစီ တိုက်ပွဲတွေမှာ KIA/PDF ပူးပေါင်းတပ်တွေက လူအင်အားလိုနေတာကြောင့်...
December 3, 2024
စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် သေဆုံးသွားသည့် သျှမ်းပြည်မြောက်ပိုင်းက...
November 25, 2024
တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသော သျှမ်းပြည်...