ကလေးအကျဉ်းထောင်တွင်းပစ်ခတ်မှု အကျဉ်းသား ၇ ဦးသေဆုံး အများအပြားဒဏ်ရာရ

ကလေးအကျဉ်းထောင်တွင်းပစ်ခတ်မှု အကျဉ်းသား ၇ ဦးသေဆုံး အများအပြားဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကလေးအကျဉ်းထောင်မှာ မတ်လ ၁၅ ရက်ညနေပိုင်းက ထောင်တွင်းပစ်ခတ်မှုဖြစ်ပွားပြီး ချင်းအမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ CNDF ရဲဘော်တစ်ဦးအပါအဝင် အကျဉ်းသား အနည်းဆုံး ၇ ဦးသေဆုံးပြီး အများအပြားဒဏ်ရာရ ရှိခဲ့တယ်လို့သိရပါတယ်။

ကလေးအကျဉ်းထောင်မှာ နိုင်ငံရေးအရ အကျဉ်းကျနေတဲ့သူတွေကို ထောင်အာဏာပိုင်တွေက ခွဲခြားဆက်ဆံမှုရှိရာကနေ မကျေမနပ်ဖြစ်မှုကြောင့် မတ်လ ၁၅ ရက် ညနေပိုင်း ၄ နာရီလောက်ကစပြီး ထောင်အာဏာပိုင်တွေနဲ့ စတင်စကားများ ပြသနာတက်တာကို စစ်တပ်က သေနတ်နဲ့ပစ်ခတ်ခဲ့တာကြောင့် အနည်းဆုံးအကျဉ်းသား ၇ ဦးသေဆုံးပြီး အယောက် ၃၀ လောက်ဒဏ်ရာရရှိနိုင်တယ်လို့ ကလေးမြို့က ထောင်နဲ့နီးစပ်သူ ဒေသခံတစ်ဦးကပြောပါတယ်။

“ထောင်ထဲမှာနိုင်ငံရေးအရရောက်နေတဲ့သူတွေကို ထောင်ဝန်ထမ်းတွေ၊ ထောင်မှူးတွေ ထောင်ပိုင်တွေက ခွဲခြားဖိနှိပ်ပြီး တော့ ဆက်ဆံတဲ့ပုံစံမျိုးပေါ့နော် အဲဒီမှာ စကားများရင်းနဲ့ပြသာနာတက်တာကို ကင်းစောင့်တဲ့တဲတွေကနေ လှမ်းပစ်တယ် ပြောတယ် အဲလိုလှမ်းပစ်တော့ ၇ ယောက်လို့သူတို့ထုတ်ပြန်တယ် အဲဒီထက်လည်းမကလောက်ဘူးဖြစ်နုင်တယ်ပေါ့နော် ဒဏ်ရာရတဲ့သူတွေကလည်းတော်တော်များများ အယောက် ၃၀ လောက်တောင်ထိတာလို့သိရတယ်၊ သေတာကတော့ ၇ ယောက်ထက်မနည်းရှိနိုင်တယ်"

သေဆုံးသူတွေထဲမှာ ချင်းအမျိုးသားကွယ်ရေးတပ်ဖွဲ့ CNDF က ရဲဘော် ရှလွန်ရှန်းထန်းလျန် ခေါ် ဗန်ဒိန်း လည်း ပါဝင်တယ်လို့သိရပါတယ်။ ဆလိုင်း ရှလွန်ရှန်းထန်းလျန်ဟာ  ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဇွန်လအတွင်း ကလေးမြို့မှာ စစ်အာဏာရှင် တော်လှန် ရေး အစီအစဉ်တစ်ခု တာဝန် ထမ်းဆောင်နေစဉ် စစ်ကောင်စီရဲ့ ဖမ်းဆီးခြင်း ခံရပြီး ကလေး အကျဉ်းထောင်တွင် အချုပ်ကျနေသူဖြစ်ပါတယ်။

ရှလွန်ရှန်းထန်းလျန်ကျဆုံးမှုနဲ့ပတ်သက်ပြီး ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူက ခုလိုပြောဆိုပါတယ်။

“စစ်ကောင်စီက စာထုတ်ထားတဲ့ပုံစံအရတော့ ထောင်ထဲကထွက်ပြေးဖို့ကြိုးစားတယ်ဆိုတဲ့ ပုံစံမျိုးနဲ့ရေးထားတယ် အဲဒါကြောင့် ထိန်းမရလို့သေနတ်နဲ့ပစ်လိုက်ရတဲ့ပုံစံဆိုပြီးတော့ရေးထား တယ် အဲဒါလုံးဝမဖြစ် နိုင်ဘူး ထောင်ထဲမှာအပ်တစ်ချောင်းတောင်ကိုင်လို့မရတဲ့သူတွေကို ထွက်ပြေးဖို့ကြိုးစားတယ်ဆိုတဲ့ပုံစံမျိုးက ဖြစ်ကိုမဖြစ် နိုင်တဲ့ဟာ ဆူပူခဲ့ရင်တောင်ပစ်တဲ့ခတ်တဲ့အ ထိတော့ မလုပ်ပဲနဲ့ ထိန်းနိုင်တဲ့အခြေအနေမှာရှိတယ် အကြမ်းဖက်စစ်ကောင်စီ ရဲ့ယုတ်မာမှုလို့ပဲပြောရမယ်’’

ကလေးမြို့အကျဉ်းထောင်တွင်း ပစ်ခတ်မှုနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ ကလေးအကျဉ်းထောင်ထဲက အကျဉ်းသား၊ အချုပ်သား ၅၀ လောက်ဟာ အကျဉ်းထောင် တာဝန်ခံအရာရှိအပါအဝင် အရာရှိ ၃ ဦးအား ဓားစာခံ ပြုလုပ်ပြီး အကျဉ်းထောင်ကနေ ထွက်ပြေးလွတ်မြောက်ဖို့ ကြံစည် ကြိုးစားတာကြောင့် ချောက်လန့်တဲ့သဘောနဲ့ မိုးပေါ်ထောင်ပစ်ခတ်ခဲ့ရာမှာ အမျိူးသား ၁၂ ဦးဒဏ်ရာရရှိပြီးတော့ အချုပ်သား ၆ ဦး နဲ့ အကျဉ်းသား ၁ စုစုပေါင်း ၇ ဦးဆေဆုံးခဲ့တယ်လို့ စစ်ကောင်စီဘက်က မတ်လ ၁၅ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဟာ သူတို့ပစ်သတ်တဲ့ရုပ်အလောင်းတွေကို ကလေးမြို့ပြည်သူ့ဆေးရုံကို ညတွင်းချင်းသယ်ဆောင်သွားကြပြီး အခင်းဖြစ်စဉ်နဲ့သတ်ပြီး ထုတ်ပြန်ချက်ကတော့ မဖြစ်နိုင်ဘူးလို့

ကလေးအကျဉ်းထောင်နဲ့နီးစပ်တဲ့ဒေသခံတစ်ဦးကဆိုပါတယ်။

“ပြည်သူ့ဆေးရုံကို ညတွင်းချင်း ထောင်ထဲမှာသေတဲ့အလောင်းတွေကို ရင်ခွဲရုံကို ည ၈ နာရီနဲ့ ၉ နာရီကြားလောက်မှာ ကားတွေနဲ့သယ်ခဲ့တာတော့သေချာတယ်၊ ဒါပေမယ့် ဖြစ်စဉ်ကတော့ သူတို့ထုတ်ပြန်သလို မဖြစ်နိုင်ဘူးပေါ့နော၊ သတို့ကအမြဲတမ်းလိမ်ညာပြီးမှထုတ်ပြန်နေတာဆိုတော့"

ကလေးမြို့အကျဉ်းထောင်တွင်းပစ်ခတ်မှုကြောင့် သေဆုံးသွားသူတွေကတော့ ချမ်းမင်းကို၊ မျိုးမင်းထွန်း၊ တူးခိုင်၊ ညွန့်ဝင်းအောင်၊ ဝင်းကိုနိုင်၊ ဦးတင်ဖေ နဲ့ ရှလွန်းရှန်းထန်းလျန်တို့ဖြစ်တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

Most read this week

November 25, 2024
ချင်းပြည်နယ် တောင်ပိုင်း၊ ပလက်ဝမြို့နယ်တွင် အာရက္ခတပ်တော် AA က အာရက္ခပညာရေးစနစ်ကို ဖော်ဆောင်ရန်...
November 22, 2024
ချင်းညီနောင်၏ တတိယလှိုင်းအဖြစ် မြို့သိမ်းစစ်ဆင်ရေးဖော်ဆောင်နေသည့် ချင်းပြည်နယ်၊ မင်းတပ်နှင့်...
November 19, 2024
မကွေးတိုင်း၊ ဧရာဝတီအနောက်ခြမ်းတွင် စစ်ရေးလှုပ်ရှားနေသော အရှိုချင်းကာကွယ်ရေးတပ်သည် အရှိုချင်းလူထု...
November 13, 2024
ချင်းပြည်ကောင်စီ ဦးဆောင်ကော်မတီသည် ၈ ကြိမ်မြောက် အစည်းအဝေးကို ကျင်းပခဲ့ပြီး ချင်းအင်အားစု...