PDF တွေ ပိုက်ဆံ အတုလုပ်တယ် ဆိုတဲ့ သတင်းမှား ဖြန့်

PDF တွေ ပိုက်ဆံ အတုလုပ်တယ် ဆိုတဲ့ သတင်းမှား ဖြန့်

ဧရာ၀တီတိုင်း ပုသိမ်မြို့မှာ ပိုက်ဆံ အတုတွေ လုပ်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ၂ ယောက်ကို ဖမ်းဆီး ရမိ တယ်ဆိုတဲ့ သတင်းပို့စ်တစ်ခုကို Kittylay ဆိုသူ Facebook အကောင့်ပိုင်ရှင်က ဖေဖော်ဝါရီလ ၄ ရက်နေ့မှာ ရေးတင်ထားပါတယ်။

ပိုက်ဆံအတု လုပ်ရာမှာ အသုံးပြုတဲ့ ပစ္စည်းတွေ၊ ပိုက်ဆံ အတုတွေနဲ့  အဖမ်းခံထားရတဲ လူ ၂ ဦးရဲ့ ဓာတ်ပုံတွေ ကို အသုံးပြုကာ PDF တွေက ပိုက်ဆံအတုတွေ လုပ်တယ်ဆိုတဲ့ စာသားနဲ့ ဓာတ်ပုံကိုတွဲပြီး တင်ထားတာကို တွေ့ ရပါတယ်။

အဲဒီ ရေးသားမှုဟာ သတင်းအမှား တစ်ခုသာ ဖြစ်ပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ Kittylay ဆိုသူ Facebook အကောင့်ပိုင်ရှင် အသုံးပြုထားတဲ့ ဓာတ်ပုံဟာ သူရေးသား ထား တဲ့ စာသားနဲ့  အကြောင်းအရာ ကိုက်ညီမှု မရှိလို့ပဲဖြစ်ပါတယ်။

ဓါတ်ပုံဟာ ဇန္နဝါရီ ၂၉ ရက်က သတင်းတစ်ခုထဲက ဓါတ်ပုံဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇန္နဝါရီလ ၂၉ ရက်နေ့က ပုသိမ်မြို့မှာ ပိုက်ဆံအတု ပြုလုပ်သူတွေကို စစ်ကောင်စီ လက်အောက်ခံ ရဲ တပ်ဖွဲ့က ဖမ်းမိခဲ့တာမှန်ပေမယ့် အဲဒီလူတွေဟာ PDF တွေ မဟုတ်ပဲ ဆိုင်ကယ်သူခိုးတွေနဲ့ ဆက်စပ်ပြီးမှ နောက် ဆက်တွဲ တရားခံတွေ အနေနဲ့ အဖမ်းခံရတဲ့သူတွေပဲ ဖြစ်ပါတယ်။

စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့က ဆိုင်ကယ်သူခိုးတွေကို အရင်ဖမ်းဆီးရမိပြီး နောက်ဆက်တွဲ တရားခံ အနေနဲ့ ကွင်းဆက်လိုက်ရာကနေ ပိုက်ဆံအတု ပြုလုပ်သူတွေကို ဖမ်းမိခဲ့တာဖြစ်ပါတယ်။

အဲဒီ ပိုက်ဆံအတုလုပ်သူ ၂ ယောက်ဟာလည်း PDF တွေ မဟုတ်ပဲ  ဆိုင်ကယ်သူခိုးတွေရဲ့ အပေါင်းအပါတွေ ဖြစ် နေတဲ့အကြောင်းကို စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတစ်ယောက်ကို မေးမြန်းပြီး DVB သတင်း ဌာနက သတတင်းရေးသားထားပါတယ်။

DVB သတင်းဌာနက ရေးသားထားတဲ့ သတင်းကို ဒီမှာ https://bit.ly/34DxVtT တွေ့နိုင်ပါတယ်။

ဒါကြောင့် အချက်အားလုံးကို ခြုံကြည့်လိုက်တဲ့အခါမှာ Kittylay ဆိုသူ Facebook အကောင့်ပိုင်ရှင်က တကယ့် မြေပြင်မှာ လက်တွေ့ဖြစ်ပေါ်နေတဲ့ အခြေအနေမှန်ကို အခြေခံပြီး သတင်းရေးသားထားတာ မဟုတ်ပဲ PDF တွေ ကို ပြည်သူတွေက အထင်အမြင်မှားအောင် လိမ်ညာ ဝါဒဖြန့်ထားတဲ့ သတင်းအမှားသာ ဖြစ်တယ်ဆိုတာကို စိစစ်တွေ့ရှိခဲ့ရပါတယ်။

Kittylay ဆိုသူ Facebook အကောင့်ပိုင်ရှင်ရဲ့ သတင်းကို ထပ်ဆင့်ဖြန့်ဝေသူ လေးဆယ်နီးအထိ ရှိနေပြီး ကြိုက် နှစ် သက်သူ၊ သဘောထား မှတ်ချက်ပေးသူတွေလည်း ရှိနေပါတယ်။

ဒါ့အပြင် တပ်မတော် ထောက်ခံ သူတွေရဲ့ Facebook Group တွေနဲ့ တစ်ဦးချင်းအလိုက် ထပ်ဆင့်ဖြန့်ဝေနေတာ ကိုလည်း တွေ့ရပါတယ်။

သတင်းအမှား ဖြန့်ဝေသူတွေ အနေနဲ့ PDF တွေကို ပြည်သူတွေ အထင်အမြင်မှားအောင်၊ မထောက်ပံ့ မကူညီ အောင်၊ အားမပေးအောင်၊ ကြောက်လန့်အောင် မဟုတ်မမှန် သတင်းစကားတွေကို  ရည်ရွယ်ချက်ရှိရှိ ဝါဒဖြန့် ထုတ်လွှင့် ဖြန့်ဝေနေတာကို တွေ့ရှိရပါတယ်။

လက်ရှိကာလမှာ သတင်းအမှားဖြန့်ဝေသူတွေဟာ သတင်းတု/ သတင်းမှားတွေကို သူတို့ကြိုက်သလို ဖန်တီး ရေးသားပြီးတော့ လူမှုကွန်ရက် အစုံကို‌ အသုံးပြုကာ ဖြန့်ဝေနေတာကို တွေ့ရပါတယ်။

ဒါကြောင့် လူမှုကွန်ရက်တွေကနေ သတင်းတွေကို ဖတ်ပြီး/ကြည့်ပြီး ဖြန့်ဝေတော့မယ်၊ တဆင့်ပြန်ပြီး ပြောပြ တော့မယ်ဆိုရင် အမှန်တကယ် ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေနဲ့ သေချာ တိုက်စစ်ပြီးမှ ထပ်ဆင့်ဖြန့်ဝေ ဖို့ လိုပါတယ်။

Most read this week

December 17, 2024
ကရင်နီပြည်တွင် စစ်ကောင်စီတပ်၏ အဆိပ်ငွေ့ဗုံးများကြောင့် ကရင်နီအမျိုးသားကာကွယ်ရေးတပ်မတော် KNDF...
December 11, 2024
ကချင်ပြည်နယ်၊ ဗန်းမော် မံစီ တိုက်ပွဲတွေမှာ KIA/PDF ပူးပေါင်းတပ်တွေက လူအင်အားလိုနေတာကြောင့်...
December 3, 2024
စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် သေဆုံးသွားသည့် သျှမ်းပြည်မြောက်ပိုင်းက...
November 25, 2024
တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသော သျှမ်းပြည်...