လွယ်ဂျယ် နယ်စပ်ကုန်သွယ်ရေးဂိတ်တွင် တစ်သျှူးငှက်ပျောကား အစီးတစ်ရာကျော် ပိတ်မိနေ

လွယ်ဂျယ် နယ်စပ်ကုန်သွယ်ရေးဂိတ်တွင် တစ်သျှူးငှက်ပျောကား အစီးတစ်ရာကျော် ပိတ်မိနေ

ကချင်ပြည်နယ်၊ မြန်မာ-တရုတ်နယ်စပ် လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးဂိတ်မှ တရုတ်နိုင်ငံသို့တင်ပို့မည့် တရုတ်တစ်သျှူးငှက်ပျောကားအစီးတစ်ရာကျော်ထွက်ခွာခွင့်မရပဲပိတ်မိနေ‌ကြောင်းတစ်သျှူးငှက်ပျော ကားသမားများထံမှ သိရှိရသည်။

အဆိုပါ တစ်သျှူးငှက်ပျောကားများသည် အစီးရေ တစ်ရာကျော်ရှိကာ ဇန်နဝါရီလ ၂၀ရက်‌နေ့မှစတင်ကာ ထွက်ခွာခွင့်မရ ပိတ်မိနေခြင်းဖြစ်ကြောင်း ကုန်ကားသမားတစ်ဦးကပြောသည်။

“ဒီမှာငှက်ပျောကားတွေတန်းစီထားတာကတော့ ဆယ့်လေးရက်လောက်ရှိနေပြီ သွားကိုမသွားရသေး ဘူး။ ကျွန်တော်တို့ဒီဂိတ်ကနေကိုမလွတ်တာ ဘာလို့မလွတ်တာလည်းဆိုတာလေး မပြောတတ်ဘူး ဘာမှ သေသေချာချာလည်းမရှိသေးဘူး။ကြံနှင့် ဆန်တို့ကတော့သွားခိုင်းတယ် ကျွန်တော်တို့ငှက်ပျော တစ်မျိုးထဲပဲပိတ်တာ။”ဟု အမည်မဖော်လိုသည့် ကုန်ကားသမားတစ်ဦးကပြောသည်။

လွယ်ဂျယ်နယ်စပ်ဂိတ်တွင် လက်ရှိချိန် ကြံ၊ ဆန်၊ အစရှိသည့် ကုန်များပို့ဆောင်နေရသော်လည်း ငှက်ပျောကားတစ်မျိုးတည်းသာ ပိတ်ထားခံနေရကြောင်း ၎င်းကဆက်ပြောသည်။

ထို့ကြောင့် လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးဂိတ်တွင် ယခုကဲ့သို့ငှက်ပျောကားများ ပိတ်မိနေခြင်းနှင့် ပတ်သက်ပြီး လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးဂိတ်နှင့်ပတ်သက်သည့် တာဝန်ရှိသူတစ်ဦးအားဆက်သွယ်မေးမြန်းခဲ့ရာ ယခုကဲ့သို့ဆိုသည်။

“ငှက်ပျောကားတွေပိတ်မိနေတာကတော့ ဟိုဘက်က ငှက်ပျောကားတွေကို လာချိန်းယူတဲ့ တရုတ်ဘက်က ကားအဝင်နည်းနေတာ အဝင်နည်းနေတဲ့အခါကျတော့ အပေါ်မှာကားတွေအရမ်းပိတ်မိနေတော့ ကျနော်တို့ ဒီအောက်ဘက်ကနေ ထိန်းပြီးပေးပါလို့ပြောတော့ ဒီကနေထိန်းထားရတဲ့သဘောဖြစ်နေတာ" လို့ ကချင်ပြည်နယ် သီးနှံစိုက်ပျိုးရေးအသင်း(ဗန်းမော်ခရိုင်) အသင်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ပိတ်မိနေသည့် ငှက်ပျောကားအစီးတစ်ရာကျော်မှာ ကန်ပိုက်တည်နယ်စပ်ကုန်သွယ်ရေးဂိတ် မြန်မာဘက်ခြမ်းတွင်ပိတ်မိနေခြင်းဖြစ်ပြီး ကန်ပိုက်တည်ဂိတ်အလွန် တရုတ်ပြည်ဘက်တွင် အဝင်နည်းနေ၍ ကုန်ကားများပိတ်မိနေခြင်းကြောင့်ဖြစ်ပြီး တရုတ်နှစ်သစ်ကူးပြီးပါက တစ်ရက်လျှင် အစီး ၆၀ခန့် ထွက်နိုင်အောင် စီစဉ်နေကြောင်း သိရသည်။

လက်ရှိအချိန်ထိ ငှက်ပျောကားများမထွက်နိုင်သည့်အတွက် ကားလွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးဂိတ်တွင် ပိတ်မိနေသည့် ငှက်ပျောကားအစီးတစ်ရာကျော်တွင် ကားသမားနှင့် ယာဉ်နောက်လိုက်စုစုပေါင်း လူဦိး ၂၀၀ကျော်ရှိပြီး ကုန်ကားမထွက် ရသည့်အတွက် အခက်တွေ့နေကြောင်းကိုလည်း အမည်မဖော်လိုသည့် ယင်းကားသမားက ယခုကဲ့သို့ပြောသည်။

“ရက်ရှည်ဆိုတော့ စားဖို့သောက်ဖို့ခက်ခဲလာတာပေါ့ စားစရိတ်ကလည်းမထောက်ပေးဘူးလေ ကားမားတွေပဲကုန်ကျခံရတာ ကားကလည်းမထွက်ရဆိုတော့ရခဲ့တဲ့ကားခက စားစရိတ်ဖြစ်သွားတော့ မကျန်တော့ဘူး။တချို ဆိုရင်ဂိတ်စဖွင့်ကတည်းက မထွက်ရသေးတဲ့ကားသမားတွေရှိတယ် ရာထိုင်ခင်းကလည်းမရှိတော့ လမ်းဘေးမှာပဲအိပ် လမ်းဘေးမှာပဲ စားလုပ်နေရတာ။” ဟု၎င်းကပြောသည်။

လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးဂိတ်သည် ၂၀၂၁ ခုနှစ် ဇူလိုင်လတွင်က ကိုဗစ်ကပ်ရောဂါကြောင့် တရုတ်အစိုးရဘက်က ငါးလကျော်ကြာပိတ်ထားမှုအပြီး ၂၀၂၂ ဇန်နဝါရီလ ၁၇ ရက်နေ့တွင် ပြန်လည် ဖွင့်လှစ်ခဲ့သော်လည်း တရုတ်နိုင်ငံဘက်မှ ကုန်ချိန်းယူမည့်ကားများ အဝင်နည်းနေသည့်အတွက် အဆင်မပြေမူများစွာရှိနေသေးကြောင်း တွေ့ရသည်။

Most read this week

မြစ်ကြီးနား- ပူတာအိုလမ်းပိုင်းတွေ့ရတဲ့ ခရီးသည်ကားနဲ့ကုန်ကားများ (ပုံဟောင်း)
November 19, 2024
ကချင်ပြည်နယ် မြစ်ကြီးနား- ပူတာအိုလမ်းပိုင်းရှိ စစ်တပ်ဂိတ်တွေမှာ ည ၆ နာရီနောက်ပိုင်း...
နန့်ပေါင်လေတပ်စခန်းရဲ့တစ်ဖက်ကမ်းရှိ စန်းကားရွာ ( Google Map)
November 18, 2024
ဝိုင်းမော်မြို့နယ် စန်းကားကျေးရွာရှိ အရပ်သားနေအိမ်တွေမှာ စစ်ကောင်စီတပ်ဖွဲ့...
ကံပိုင်တည်- ဆဒုံးကားလမ်းပိုင်းမြင်ကွင်း
November 14, 2024
ကချင်ပြည်နယ် မြစ်ကြီးနား- ကံပိုင်တည်ကားလမ်းပိုင်း နိုဝင်ဘာလ ၆ ရက်နေ့စပြီး စစ်ကောင်စီတပ်က...
ပုံ- ကြွက်ဘေးသင့်သွားတဲ့ အင်ပါဘာဒေသ တောင်ယာစပါးခင်းများ
November 14, 2024
ဗန်းမော်ခရိုင်၊ မံစီမြို့နယ်၊ အင်ဘာပါဒေသထဲက ရွာပေါင်း ၁၀ ဝန်းကျင်က...