မုဒိန်းကျင့်စစ်သားအပြစ်ပေးမှု မူဝါဒ ပြောင်းလဲမှုမျိုးလိုအပ်

မုဒိန်းကျင့်စစ်သားအပြစ်ပေးမှု မူဝါဒ ပြောင်းလဲမှုမျိုးလိုအပ်

ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်ထဲက အသက် ၆၀ အရွယ် အမျိုးသမီးတစ်ဦးကို မုဒိန်းကျင့်မှု ကျူး လွန်သူ စစ်သားအား ထောင်ဒဏ်နှစ် ၂၀ ချမှတ်ခြင်းက ဟန်ပြလုပ်ဆောင်ချက်သာဖြစ်ပြီး အဓိကအားဖြင့် မူဝါဒပိုင်း ပြောင်းလဲရန်လိုအပ်သည်ဟု အမျိုးသမီးအရေးတက်ကြွလှုပ်ရှားသူများက ပြောသည်။

ကွတ်ခိုင်မြို့နယ်၊ နမ့်ဖလွန်ကျေးရွာအုပ်စု၊ ဖာခတ်ကျေးရွာက ကချင်တိုင်းရင်းသူ အမျိုးသမီးတစ်ယောက်ကို စစ်ကောင်စီ စစ်သားတစ်ယောက် နိုဝင်ဘာလ ၇ ရက်နေ့တွင် မုဒိန်းပြုကျင့်ခဲ့သည့် အမှုနှင့် ပတ်သက်၍ ပြစ်မှု ကျူးလွန်တဲ့ စစ်သားကို မင်းမင်းစိုးကို ဒီဇင်ဘာလ ၁၀ ရက်နေ့တုန်းက ထောင်ဒဏ် ၂၀ နှစ် ချမှတ် လိုက်သည်။

အမှုနှင့် ပတ်သက်၍ စစ်ဆေးစဉ် ကိုယ်တိုင်သွားရောက်နားထောင်ခဲ့သည့် ရပ်မိရပ်ဖတစ်ဦးက “တကယ်ပဲ အပြစ်ကျူးလွန်တဲ့ စစ်သားကို ထောင်ဒဏ် နှစ်နှစ်ဆယ် ပြစ်ဒဏ်ပေးပါတယ်။ အကြမ်းဖက်တဲ့ စစ်သားနဲ့အတူ လိုက်ပါ သွားတဲ့ စစ်သားနှစ်ယောက်ကိုလည်း အပြစ်ပေးပါတယ်။ အလုပ်ကြမ်းနဲ့ထောင်ဒဏ် ၃ လ စီ အပြစ်ချ မှတ်ပေး ပြီးတော့ သူတို့ကို ကွပ်ကဲတဲ့ တပ်ကြပ်ပြီးပေါ့လေ တပ်ကြပ်ကြီးကိုလည်း အရစ်တစ်ရစ် ဖြုတ်ပြီး တော့ ဒု-တပ် ကြပ်ကြီးအဖြစ် ရာထူးလျော့ချတဲ့ အပြစ်ကိုပေးတယ်။ ပြီးတော့မှ စစ်ကြောင်းမှူးကိုလည်း စစ်မှု ထမ်း တစ်နှစ်လျှော့ချလိုက်တယ်။ နောက်ပြီးတော့မှ တပ်ခွဲမှူးကိုလည်း စစ်မှုထမ်းခဲ့တဲ့ သက်တမ်းကိုလည်း တစ်နှစ်ပေါ့လေ၊ တစ်နှစ်စီလျှော့ချလိုက်တယ်။ အဲ့လိုမျိုး ပြစ်ဒဏ်ပေးတာကို တွေ့ရတယ်” ဟု ပြောသည်။

ယခုကဲ့သို့ ထောင်ဒဏ်ချမှတ်လိုက်ခြင်းက စစ်ကောင်စီအနေဖြင့် ၎င်းတို့သည် တာဝန်ယူမှုရှိကြောင်း နိုင်ငံတ ကာကို ပြချင်ရုံသက်သက်ဖြင့် လုပ်ပြခြင်းသာ ဖြစ်သည်ဟု မြန်မာ့အမျိုးသမီးသမဂ္ဂ BWU ရဲ့ အကြံပေး ဒေါ်တင် တင်ညိုက ပြောသည်။

“အဓိကကတော့ မုဒိန်းပြုကျင့်လိုက်တာနဲ့ ပတ်သက်ပြီး ထောင်ဒဏ်အနှစ်နှစ်ဆယ် ချလိုက်တယ်ဆိုတာက ပြည် သူတွေရဲ့ အရှေ့မှာရော ပြီးရင်နိုင်ငံတကာကိုပါ သူတို့အနေနဲ့ ဒီလိုကိစ္စရပ်မျိုးကို တာဝန်ယူမှု တာဝန်ခံမှု ရှိရှိနဲ့ ဖြေရှင်းတယ်ဆိုတာ ပြချင်တာပေါ့။ အဓိကက နာမည်လိုချင်တဲ့သဘောပေါ့နော်။ နောက်သူတို့တပ်တွေကနေ မိုက်ရိုင်းရမ်းကားစွာနဲ့ လူထုတွေကို ပုံစံမျိုးစုံနဲ့ ညှင်းပန်းနေစက်နေတဲ့ ကိစ္စတွေ လူ့အခွင့်အရေးချိုး ဖောက် နေတဲ့ကိစ္စတွေ ဘာလို့အရေးမယူတာလဲပေါ့နော်။ ဒါကတော့ ပြောမယ်ဆိုရင် ဟန်ပြသက်သက်ပဲလို့ မြင်တယ်။ တစ်ယောက်လောက်ကို အပြစ်ပေးလိုက်ရုံနဲ့ ဒီလိုမျိုးလုပ်ဆောင်နေတဲ့ ပုံစံတွေ၊ ကျူးလွန်နေတဲ့သူတွေကို အပြစ်ပေးအရေးယူမှုကနေ ကင်းလွတ်ခွင့်ပေးနေတဲ့ အစဉ်အလာတွေက ပြတ်သွားမှာ မဟုတ်ဘူးလေ။ ဒါလေး လုပ်ပြရုံနဲ့ ဘာမှထူးပြီးတော့မှ ပြောင်းသွားမှာလဲ မဟုတ်ဘူး။”

နိုဝင်ဘာလ ၇ ရက်နေ့တုန်းက ဖာခတ်ကျေးရွာက အမျိုးသမီးတစ်ဦးကို ရေခပ်လာသည့် စစ်သားသုံးဦးထဲက တစ်ဦးက မုဒိန်းပြုကျင့်ခဲ့ခြင်း ဖြစ်သည်။ မုဒိန်းမှုကျူးလွန်ခဲ့သည် စစ်သားမှာ ဖယ်ခုံအခြေစိုက် ခမရ ၃၃၆ က စစ်သား မင်းမင်းစိုး ဖြစ်သည်။ ထိုစစ်သားကိုယ်တိုင် မုဒိန်းမှုကျူးလွန်ခဲ့ကြောင်း ဝန်ခံခဲ့သည်။

ထို့ကြောင့် တပ်မတော် အက်ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ကွတ်ခိုင်မြို့ နယ်မြေခံတပ် ခလရ ၄၅ ရှိ ရုံးခန်း တွင် စစ်ဆေးမှုများ လုပ်ဆောင်ခဲ့ပြီးနောက် ယခုကဲ့သို့ ပြစ်ဒဏ်ချမှတ် အရေးယူခဲ့ခြင်း ဖြစ်သည်ဟု တပ်မ တော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက ထုတ်ပြန်ထားသည်။

ကျူးလွန်သူကို ထောင်ဒဏ်ချမှတ်ရုံဖြင့် မုဒိန်းမှုများက လျှော့ကျသွားမှာမဟုတ်ကြောင်း၊ စစ်တပ်အနေဖြင့် ပေါ် လစီပိုင်းကို အဓိက ပြောင်းလဲဖို့ လိုအပ်သည်ဟု ကချင်အမျိုးသမီးအစည်းအရုံး (ထိုင်းနိုင်ငံ) KWAT အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ မွန်းနေလီက ပြောသည်။

“အဓိကတော့ ကျူးလွန် တဲ့သူကို လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ဖြစ်တယ်ဆိုလို့ရှိရင် ထောင်ဒဏ်တစ်ခု တည်း နဲ့တော့ တရားမျှတမှု ဆိုတာမရှိဘူး။ ဆိုတော့ နောက်ထပ် ကျူးလွန်မှု မဖြစ်အောင် စစ်တပ်ထဲမှာ ပေါ် လစီ သေသေချာချာ ချမှတ်ဖို့လိုတယ်။ ဘာလို့လဲဆိုတော့ လွန်ခဲ့တဲ့အချိန်မှာ ဖြစ်ပျက်ခဲ့တဲ့ အကြမ်းဖက်မှုတွေရော၊ လူအစုလိုက်အပြုံလိုက် မုဒိန်းကျင့်ခဲ့ တဲ့ ကိစ္စတွေ၊ သတ်ဖြတ်တဲ့ကိစ္စတွေ မှန်သမျှက ကျူးလွန်ခွင့်နဲ့ ကင်းလွတ် ခွင့် ရှိနေတဲ့အပေါ်မှာ အခြေခံပြီးတော့ တိုင်းရင်းသားဒေသကို ရောက်လာတဲ့ ဗမာစစ်သားတွေက အမြဲတမ်း ကျူး လွန်မှုတွေ လုပ်တယ်။ ဒါကတော့ ပေါ်လစီတစ်ခုအနေနဲ့ စစ်ရာဇဝတ်မှုကို ကျူးလွန်နေတာ ပေါ့လေ နော်။ မုဒိန်းမှုကို စစ်လက်နက်သဖွယ် အသုံးချနေတယ်ဆိုတာ အခုမှ မဟုတ်ဘူး။ ဆိုတော့ အမျိုးသမီးတွေရဲ့ အခွင့်အရေးတွေကို ကာကွယ် စောင့်ရှောက်ဖို့အတွက်ဆိုရင် လက်နက်ကိုင်ပြီး အာဏာာကျင့်တဲ့ မုဒိန်းကျင့် တာမျိုး မလုပ်ပဲ နဲ့ ပြည်သူတွေကို ကာကွယ်စောင့်ရှောက်ဖို့ စစ်တပ်ရဲ့ မူပေါ်လစီမှာ သေသေချာချာ ချမှတ်ဖို့ လိုတယ်။”

စစ်ကောင်စီအနေဖြင့် ၂၀၂၁ ခုနှစ် အာဏာမသိမ်းခင်ကအပြင်၊ အာဏာသိမ်းပြီးနောက်ပိုင်းတွင်ပါ အထူးသဖြင့် ပဋိပက္ခများ ဖြစ်နေသည့် တိုင်းရင်းသားပြည်နယ်များတွင် အမျိုးသမီးများကို မုဒိန်းကျင့်ခြင်းအား  စစ်လက်နက် သဖွယ် သုံးလာခဲ့သည်ဟု အမျိုးသမီးအရေး တက်ကြွလှုပ်ရှားသူများက ပြောသည်။

ကောင်းခါးက စေတနာ့ဝန်းထမ်း ဆရာမနှစ်ဦးအမှု၊ ယခုနှစ်ထဲတွင် နမ့်ဖက်ကာက ၁၄ နှစ်အရွယ် တအာင်း သီလ ရှင်တစ်ပါး လိင်ပိုင်းဆိုင်ရာ စော်ကားခံရမှု၊ တီးတိန်မြို့နယ်က ကိုယ်ဝန်ဆောင်အမျိုးသမီးနှင့် မီးနေသည် အမျိုး သမီးတို့ မုဒိန်းပြုကျင့်ခံရသည့် ကိစ္စရပ်များအပြင် အခြား အမျိုးသမီးများကို စစ်သားများက မုဒိန်းကျင့်ခဲ့သည့် ကိစ္စများအား သက်သေအချက် အလက်အပြည့်အစုံရထားသည်ဟု ဆိုသည်။

ထိုအမှုများအားလုံးတွင် ပြစ်မှုကို ကျူးလွန်ခဲ့ကြသည့် စစ်သားများက အပြစ်မှ ကင်းလွှတ်နေကြဆဲ ဖြစ်သည့် အတွက် တရားမျှတမှုရသည်အထိ ဆက်လက် တောင်းဆိုသွားကြမည်ဟု အမျိုးသမီးအရေး လှုပ်ရှားသူများက ပြောသည်။

Most read this week

November 26, 2024
တနင်္သာရီတိုင်း ဒေသကြီး၊ လောင်းလုံးမြို့နယ်တွင် စစ်ကောင်စီတပ်၏ ပိတ်ဆို့မှုကြောင့်...
ဖယ်ခုံမှ စစ်ရှောင်များအား တွေ့ရစဉ်) ဓါတ်ပုံ - KRC
November 26, 2024
စစ်ကောင်စီ၏ ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရသည့် ရှမ်း-ကရင်နီ အစပ် ဖယ်ခုံမြို့နယ်မှ ဒေသခံ...
November 22, 2024
ကချင်ပြည် နှင့် စစ်ကိုင်းတိုင်း နယ်အစပ်၊ ဆယ်ဇင်းကျေးရွာ အနီးရှိ ရှမ်းနီအမျိုးသားများတပ်မတော်SNA...
November 22, 2024
ရှမ်းပြည်တောင်ပိုင်း၊ ကရင်နီပြည်အစပ်၊ ဖယ်ခုံမြို့နယ်မှ တိမ်းရှောင်လာသည့် စစ်ဘေးရှောင်များအား...