PDF နှင့်ပတ်သက်သူများကို စုံစမ်းပေးပါက မြေကွက်ပေးမည်ဟု စစ်မူထမ်းဟောင်းများကို စစ်ကောင်စီညွန်ကြားထား

PDF နှင့်ပတ်သက်သူများကို စုံစမ်းပေးပါက မြေကွက်ပေးမည်ဟု စစ်မူထမ်းဟောင်းများကို စစ်ကောင်စီညွန်ကြားထား

ဗန်းမော်မြို့အတွင်းရှိ ပင်စင်ယူထားသည့် စစ်မူထမ်းဟောင်းများအနေဖြင့် ရပ်ကွက်အတွင်းရှိ PDF နှင့်ပတ်သက်သည့် စာရင်းများကို သတင်းပေးပို့ပါက မြေယာပေးမည်ဟု စစ်ကောင်စီမှ ဖုန်းဖြင့်ညွှန်ကြားထားကြောင်း ဒေသခံများထံမှ သိရသည်။

” ဖုန်းတွေလိုက်ဆက်ပြီးပြောတာတဲ့ PDF နဲ့ ဆက်နွယ်တဲ့သူတွေ ပြီးတော့ စစ်ကောင်စီကို တော်လှန်တဲ့သူ‌တွေရဲ့သတင်းတွေ သူတို့ဆီကို ပို့ပေးရင် မြေကွက်တွေပေးမယ်လို့ ပြောတယ်” ဟု ‌အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီသည် ဗန်းမော်မြို့အတွင်း  PDF နဲ့ ချိတ်ဆက်သည်ဟု ယူဆသူများအား လိုက်လံဖမ်းဆီးမူများ ပိုမိုလုပ်ဆောင်နေသဖြင့် တစ်ပတ်အတွင်း ဖမ်းဆီးခံရသူ ၉ဦး ထက်မနည်း ရှိပြီဟု သိရသည်။

ထို့အပြင် ဗန်းမော်မြို့ ရပ်ကွက်များတွင် စစ်ကောင်စီတပ်သည် အရပ်ဝတ်ဖြင့် သတင်းစုံစမ်းမှုများ ပြုလုပ်လျက်ရှိကြောင်း ဒေသခံများပြောသည်။

” ခုကြားရတာတော့ တစ်ချို့တွေက သူတောင်းစားယောင်ဆောင်ပြီး သတင်းယူတာမျိုး အရပ်ဝတ်နဲ့ သတင်းယူတာမျိုး‌တွေ လုပ်နေတယ်လို့ သိရတယ်။ အဲကြောင့်ထင်တယ် ဖမ်းခံရတဲ့သူကလည်း ပိုများလာတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

ဗန်းမော်မြို့သည် ဧရာဝတီမြစ်ကမ်းဘေးတွင်တည်ရှိပြီး ပြီးခဲ့သည့်လပိုင်းများက မြို့တွင်းပေါက်ကွဲမှုများကို လုပ်ဆောင်ခဲ့ကြောင်း PDF သတင်းစာမျက်နှာများက ထုတ်ပြန်ချက် ထုတ်ခဲ့သည်။

November 26, 2024
ကချင်လွတ်လပ်ရေးတပ်မတော် KIA သိမ်းပိုက်ထားပြီဖြစ်တဲ့ တရုတ်နယ်စပ်က ကန်ပိုင်တည်မြို့တစ်ခုလုံးကို...
November 25, 2024
စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်ချုပ်ခွင့်ရဒေသတွေဖြစ်တဲ့ လဟယ်မြို့နဲ့နန်းယွန်းမြို့မှာ NSCN-...
November 21, 2024
မြန်မာ– တရုတ်နယ်စပ် နှစ်နိုင်ငံကုန်သွယ်ရေးဇုန်ရှိရာ ကန်ပိုင်တည်မြို့တစ်ခုလုံးကို KIA...
စစ်ကောင်စီရဲ့ ဒရုန်းဗုံးသီးထိမှန်ခဲ့တဲ့ ငွေအိုးမန်း (အံစာတုံး) ကား
November 20, 2024
မန္တလေး–မြစ်ကြီးနား ဗျူဟာလမ်းပိုင်း ကန့်ဘလူမြို့နယ် ဘူးကုန်းကျေးရွာအနီးက ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့...