ဗဟန်းတွင် စစ်ကောင်စီ သတင်းပေးဆိုသူ ပစ်သတ်ခံရ၊ သရုပ်ဆောင်ယဉ်လတ်နေအိမ် ဗုံးပစ်ခံရ

ဗဟန်းတွင် စစ်ကောင်စီ သတင်းပေးဆိုသူ ပစ်သတ်ခံရ၊ သရုပ်ဆောင်ယဉ်လတ်နေအိမ် ဗုံးပစ်ခံရ

ဗဟန်းမြို့နယ်၊ ကျိုက္ကဆံရပ်ကွက်အတွင်းက စစ်ကောင်စီသတင်းပေး အမျိုးသားတစ်ဦး ပစ်သတ်ခံရ ပြီးနောက် သရုပ်ဆောင် ယဉ်လတ်၏ နေအိမ်ကို ဗုံးဖြင့်အပစ်ခံရသည်ဟု ရပ်ကွက်အတွင်း နေထိုင်သူများက ပြောသည်။

နိုဝင်ဘာလ ၁၅ ရက်၊ နံနက်ပိုင်းက ကျိုက္ကဆံရပ်ကွက်၊ ပတ္တမြားလမ်းနှင့် ကနုကမာလမ်းထောင်ရှိစတိုး ဆိုင်က စစ်ကောင်စီသတင်းပေးဆိုသူ ဦးမျိုးသော်အောင်ကို သေနတ်သမားတစ်ဦးက လာရောက်ပစ်သတ်ခဲ့ခြင်း ဖြစ် သည်ဟု အဆိုပါရပ်ကွက်အတွင်း နေထိုင်သူများက ပြောသည်။

“သူက ခုအချိန်အထိ စစ်တပ်နဲ့ အဆက်အသွယ်ရှိတယ်။ ဆန္ဒပြပွဲတွေတုန်းကလည်း စက်ဘီးတစ်စီးနဲ့ပတ်ပြီး မြေပြင်အခြေအနေတွေကို တောက်လျှောက်သတင်းပေးခဲ့သူ” ဟု အဆိုပါရပ်ကွက်အတွင်း နေထိုင်သည့် အသက် ၂၀ ကျော်အရွယ် အမျိုးသားတစ်ဦးက ပြောသည်။

နိဝင်ဘာလ ၁၄ ရက်နေ့ ညနေပိုင်းကလည်း မြလမ်းအတွင်းမှ လူငယ်တစ်ဦးကို စစ်ကောင်စီက ဖမ်းဆီးသွားခဲ့ပြီး ထိုသို့ဖမ်းဆီးရန်သတင်းပေးသူမှာ ယခုပစ်သတ်ခံရသူ ဦးမျိုးသော်အောင် ဖြစ်သည်ဟု ၎င်း က ဆက်ပြောသည်။

ထိုသို့ ပစ်သတ်ခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များရောက်ရှိ လာချိန် ဥဿဖယားလမ်းတွင်နေထိုင်သည့် စစ် ကောင်စီ ထောက်ခံသူ သရုပ်ဆောင်ယဉ်လတ်၏ နေအိမ်တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သေးသည်ဟု ရပ်ကွက်နေ ပြည်သူတစ်ဦးက ပြောသည်။

ကျိုက္ကဆံရပ်ကွက်အတွင်း နေထိုင်သူ တစ်ဦးက “လူတော့ မထိဘူး။ သူတို့အိမ်က ရေစင်တော့ ပြုတ်ကျသွား တယ်။ သူတို့နှစ်ယောက် အိမ်ကသိပ်မဝေးဘူး။ ကြား မှာ ၃ လမ်းပဲခြားတာ။ လမ်းလျှောက်သွားရင် ၂ မိနစ် လောက်ပဲ”ဟု ပြောသည်။

ကျိုက္ကဆံရပ်ကွက်အတွင်း ပစ်ခတ်မှုနှင့် ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပတ္တမြား လမ်းနှင့် ပုလဲလမ်းတို့ကို ပိတ်ဆို့ စစ်ဆေးခဲ့ပြီး ရပ်ကွက်အတွင်းတွင်လည်း လှည့်ပတ်သွားလာနေကြသည်ဟု ရပ်ကွက်အတွင်းနေထိုင်သူများက ဆိုသည်။ 

သရုပ်ဆောင်ယဉ်လတ်သည် အောက်တိုဘာ ၃၁ ရက်နေ့က ရန်ကုန်၊ ကုန်းမြင့်သာတွင် စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်နှင့် အနုပညာရှင်အချို့ တွေ့ဆုံပွဲတွင် ပါဝင်ဖျော်ဖြေခဲ့သူလည်း ဖြစ်သည်။

Most read this week

November 8, 2024
ရှမ်း - ကရင်နီ နယ်စပ်တွင် ကရင်နီတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီ၊...
November 8, 2024
တနင်္သာရီတိုင်း ထားဝယ်မြို့နယ် ကနိုင်းဒါကျေးရွာအုပ်စုရှိ ကဒင်ဝကျေးရွာတွင် ပျူစောထီးများ၏...
November 7, 2024
လူ့အခွင့်အရေး ချိုးဖောက်မှုများကို ပုံစံမျိုးစုံနှင့် ကျူးလွန်နေသည့် စစ်ကောင်စီက တရားမျှတသော...
khonumthung (ပုံဟောင်း)
November 7, 2024
ချင်းပြည်၊ ပလက်ဝဒေသမှ ဘေးလွတ်ရာကို ထွက်ပြေးနေကြရသည့် စစ်ရှောင်များ ဆေးဝါး ပြတ်လပ်မှု၊...