ကသာမြို့နယ်တွင် စစ်ကောင်စီက နေအိမ်များအား မီးရှို့ဖျက်ဆီး

ကသာမြို့နယ်တွင် စစ်ကောင်စီက နေအိမ်များအား မီးရှို့ဖျက်ဆီး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ မိုးတားလေး စေတီရပ်ကွက်ရှိ နေအိမ်အချို့ကို PDF များ၏ အိမ်ဟုဆိုကာ စစ်ကောင်စီတပ်ဖွဲ့က မီးရှို့ဖျက်ဆီးခဲ့သည်ဟု ဒေသခံများက ပြောသည်။

PDF များ၏ အိမ်ဆိုကာ အိမ် ၉ လုံးနှင့် အိမ်မွေးတိရိစ္ဆာန်များဖြစ်သည့် နွား ၈ ကောင်နှင့် ဝက်များကိုလည်း နိုဝင်ဘာ ၈ ရက်နင်္လာနေ့ နံနက် ၁၀ နာရီ အချိန်ခန့်တွင် မီးရှို့ ခဲ့ကြသည်ဟု ရွာသားများက အတည်ပြုပြောသည်။

မီးရှို့ခံရသည့်အိမ်များသည် အိမ်ကြီးအိမ်ကောင်းများဖြစ်ပြီး  မီးမလောင်ဘဲ လက်နက်ကြီးကျကာ ခေါင်းမိုးများ ပျက်ဆီးကုန်သည့်အိမ်များရှိသည်ဟု မိုးတားလေးကျေးရွာ ဒေသခံများက ပြောသည်။

ထိုအခြေအနေနှင့် ပတ်သက်၍ အသက် ၅၀ အရွယ် မိုးတားလေးရွာသားတစ်ဦးက “မြစ်ထဲက ကျွန်းတွေထဲမှာ ပုန်းနေတဲ့ သူတချို့လည်း လက်နက်ကြီးစမှန်တယ်။ စက်လှေတွေနဲ့ ကူးပြေးကြတဲ့သူတွေလည်း လက်နက်ကြီး စ မှန်တာရှိတယ်“ ဟု ပြောသည်။

မိုးတားလေး စာသင်ကျောင်းတွင် စစ်သားအချို့က ခြေကုတ်ယူထားပြီး ရွာထဲရှိ အိမ်အချို့ကို PDF များ၏ အိမ်  ဟုဆိုကာ မီးတင်ရှို့နေခြင်းဖြစ်သည်ဟု သိရသည်။

ထိုမျှသာမက စစ်ကောင်စီ တပ်ဖွဲ့များသည် ကျေးရွာအတွင်း ယမန်နေ့ ညနေ ၃ နာရီ အချိန်အထိ လက်နက် ကြီး လက်ငယ်များဖြင့် မသင်္ကာသည့်နေရာများကို ပစ်လိုက်နားလိုက် လုပ်နေသည်ဟုလည်း ပြောသည်။

ကသာအထက်ပိုင်း ဝဲကြီးတွင် အခြေပြုထားသည့် စစ်ကောင်စီတပ်များမှာ စက်လှေများဖြင့် မြစ်ကြောင်း အတိုင်းတက်လာပြီး မိုးတားလေးစာသင်ကျောင်းတွင် ခြေကုတ်ယူထားသည်ဟု အခြား ဒေသခံတစ်ဦး က ပြော သည်။

PDF များ၏ မိုင်းဆွဲတိုက်ခိုက်မှုများကြောင့် ယခုနောက်ပိုင်း စစ်ကောင်စီတပ်သည် ကုန်းလမ်းကြောင်းကို အသုံး မပြုဘဲ ရေလမ်းကြောင်းဖြင့် တက်လာသကဲ့သို့ ဝေဟင်မှလည်း တိုက်ခိုက်မှုများ လုပ်နေသည်ဟု ဒေသခံများက ဆိုသည်။

ထို့အပြင် စစ်ကောင်စီတပ်က အထူးသဖြင့် အဝေးထိရောက်နိုင်သည့် လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများ ပိုများ လာသည်ဟုလည်း ဒေသခံ PDF တစ်ဦးက ပြောသည်။

နိုဝင်ဘာလ ၅ ရက်နေ့ကလည်း မိုးတာလေး အထက်တန်းကျောင်းတွင် ခြေကုတ်ယူထားသည့် စစ်ကောင်စီတပ်များက လက်နက်ကြီးများဖြင့် ပစ်ခတ်သဖြင့် အမျိုးသမီးနှင့် ကလေးများအပါအဝင် ၅ ဦး လက်နက်ကြီးစများ ထိမှန်ခဲ့သည်။

Most read this week

ဓါတ်ပုံ - Job For Kayah
November 14, 2024
ကရင်နီပြည်နယ် လွိုင်ကော်နှင့် ရှမ်း-ကရင်နီ နယ်စပ် ဖယ်ခုံမြို့တို့တွင် ယခုရက်ပိုင်းအတွင်း...
November 14, 2024
ကချင်ပြည်၊ ဖားကန့်ရှိ ကျောက်စိမ်းလုပ်ကွက်တစ်ခုတွင် မြေစာပုံပြိုကျမှုဖြစ်ခဲ့ပြီး ရေမဆေးသမား...
NMG ပုံဟောင်း
November 13, 2024
တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့က နယ်စပ်ကုန်သွယ်ရေးဂိတ်များကို နှစ်ဖက်အာဏာပိုင်များက ပိတ်လိုက်...
CJ ဆိုင်းတောင်တိုက်ပွဲတွင်း အရပ်သားတစ်ဦး ထိမှန်သေဆုံးခဲ့သည့်ပုံ (ပုံဟောင်း)
November 13, 2024
ကချင်ပြည်၊ ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ကျေးရွာတွင် တိုက်ပွဲကာလအတွင်း သေဆုံးခဲ့သူ ရုပ်အလောင်း ၇၀...