ညောင်ကုန်းပြည်သူ ၄ ဦးကို စစ်ကောင်စီဖမ်းဆီး၊ နေအိမ်အချို့ဝင်ရောက်ဖျက်ဆီးသွား

ညောင်ကုန်းပြည်သူ ၄ ဦးကို စစ်ကောင်စီဖမ်းဆီး၊ နေအိမ်အချို့ဝင်ရောက်ဖျက်ဆီးသွား

ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်၊ ညောင်ကုန်းရပ်ကွက် ၁ ရပ်ကွက်မှ ပြည်သူတစ်ဦး၊ ညောင်ကုန်း ၃ ရပ်ကွက်မှ ပြည်သူ ၃ ဦးတို့ကို အောက်တိုဘာလ ၃၁ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့တွေ ဖမ်းဆီးသွားပြီး နေအိမ်အချို့ကိုလည်း ဝင်ရောက်ရှာဖွေ ဖျက်ဆီးသွားတယ်လို့ ဖယ်ခုံ PDF က ထုတ်ပြန်ထားပါတယ်။

၃၁-၁၀-၂၀၂၁ ရက်နေ့ ညနေ (၄)နာရီခန့်အချိန် ဖယ်ခုံမြို့၊ ညောင်ကုန်းရပ်ကွက်အတွင်း စကစအင်အား (၅၀)ခန့်မှ ပြည်သူနေအိမ်များအား ဖျက်ဆီးဝင်ရောက်ခြင်း၊ ဖြိုချဖျက်ဆီးခြင်း၊ ပစ္စည်းများသိမ်းယူခြင်း၊ ရပ်ကွက်နေပြည်သူများကို သေနတ်ဖြင့်ချိန်ရွယ်ခြင်း၊ ဝမ်းလျားမှောက်ခိုင်းပြီး စစ်ဆေးခြင်း၊ PDF နာမည်တပ်ဖမ်းဆီးခြင်းတို့ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လုပ်ဆောင်ခဲ့တယ်လို့ ဖယ်ခုံ PDF က နိုဝင်ဘာ ၁ ရက်နေ့မှာ ရေးသားထုတ်ပြန်ထားပါတယ်။

ဖယ်ခုံမြို့ပေါ်ကို ပြီးခဲ့တဲ့ရက်ပိုင်းက စစ်ကောင်စီတပ်မှ လက်နက်ကြီးနဲ့ ရမ်းသန်းပစ်ခတ်ခဲ့တဲ့အတွက် နေအိမ်အချို့ပျက်စီးခဲ့ရပြီး ကျေးရွာအချို့ကိုလည်း စစ်ကြောင်းတွေထိုးစစ်ဆင်အတွက် ဒေသခံပြည်သူတွေထိတ်လန့်ပြီး နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။

ဒါ့အပြင် ကျေးရွာအတွင်း ကျန်ရစ်ခဲ့တဲ့ သက်ကြီးရွယ်အို၊ ကျေးရွာစောင့်သူတွေကိုလည်း စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ပြီး လူသားဒိုင်းကာအဖြစ် အသုံးပြုနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

November 13, 2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ ကုန်းဆုံကျေးရွာအုပ်စု၊ ပူချယ်ကျေးရွာက စပါးရိတ်...
November 13, 2024
ကရင်နီပြည် ၊ ဒီးမော့ဆိုမြို့နယ်အရှေ့ဘက်ခြမ်း ဒေါတမကြီးအုပ်စုအတွင်းမှာရှိတဲ့ ကျေးရွာတစ်ရွာက...
November 13, 2024
ထိုင်း – ကရင်နီ နယ်စပ်က ကရင်နီဒုက္ခသည်စခန်း အမှတ် ( ၁ ) မှာ ရာသီအကူးအပြောင်းကြောင့် နှစ်လအတွင်း...
November 12, 2024
ကရင်နီပြည်တွင်းလူထုတွေအတွက် ယာဥ်နံပါတ်ပြားနဲ့ ယာဉ်မောင်းလိုင်စင်ကို စတင်ထုတ်ပေးနေပြီဖြစ်ကြောင်း...