သျှမ်းပြည် စည်ပင်ညွှန်မှူးမှ အတွင်းသတင်းမပေါက်ကြားရန် ဝန်ထမ်းများကို ခံဝန်ထိုးခိုင်း

သျှမ်းပြည် စည်ပင်ညွှန်မှူးမှ အတွင်းသတင်းမပေါက်ကြားရန် ဝန်ထမ်းများကို ခံဝန်ထိုးခိုင်း

သျှမ်းပြည် စည်ပင်သာယာရေးဌာနမှ ညွှန်ကြားရေးမှူး ဦးစိုင်းထွန်းထွန်းသည် အတွင်းသတင်းများ မပေါက်ကြားရန်အတွက် ဝန်ထမ်းများကို ခံဝန်လက်မှတ်ရေးထိုးခိုင်းကြောင်း စုံစမ်းသိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလ (၁၇) ရက်တွင် ကျင်းပပြုလုပ်ခဲ့သည့် သျှမ်းပြည် စည်ပင်သာယာရေးဌာန စီမံခန့်ခွဲရေး အစည်းအဝေး အမှတ်စဉ် (၂၆/၂၀၂၁) တွင် သျှမ်းပြည် စည်ပင်သာယာရေးဌာန ညွှန်ကြားရေးမှူး ဦးစိုင်းထွန်းထွန်းက ရုံးစာများ ပေါက်ကြားခဲ့မှုများရှိသည့်အတွက် ဝန်ထမ်းများကို သတင်းဌာနများထံ သတင်းပေးခြင်းများ မပြုလုပ်ရန် ခံဝန်လက်မှတ်များ ရေးထိုးခိုင်းကြောင်း သတင်းသိရသည်။

“အဲ့အစည်းအဝေးမှာ ညွှန်မှူးကပြောတယ် ရုံးစာတွေ ပေါက်ကြားမှုတွေ ထပ်မရှိစေရေးအတွက် ဝန်ထမ်းတွေအားလုံးကို သတိပေးတာနဲ့ပတ်သက်ပြီး သိရှိကြောင်းဆိုပြီးတော့ လက်မှတ်ထိုးခိုင်းရတာ ဖြစ်တယ်ပေါ့၊ ပြီးတော့ သတင်းဌာနတွေကိုလည်း သတင်းမပေးဖို့ သတိပေးပြောဆိုခဲ့တယ်၊ ကျနော်တို့အကုန်လုံး လက်မှတ်ထိုးခဲ့ရတယ်” ဟု အမည်မဖော်လိုသည့် တောင်ကြီးမြို့ စည်ပင်သာယာရေးဌာနမှ ဝန်ထမ်းတစ်ဦး က သျှမ်းသံတော်ဆင့်ကို ပြောသည်။

သျှမ်းပြည်စည်ပင်သာယာရေးဌာန လက်အောက်ခံရှိ သျှမ်းမြောက်နှင့် သျှမ်းရှေ့မှ စည်ပင်ဌာနများကိုလည်း ဝန်ထမ်းများအနေဖြင့် အတွင်းသတင်းများ ဆက်လက်မပေါက်ကြားရေးအတွက် အလေးထားလိုက်နာဆောင်ရွက်သွားရန်လည်း ခံဝန်လက်မှတ်များ ရေးထိုးရန် ညွှန်ကြားကြောင်းလည်း သိရသည်။

“တချို့တို့က ကျမတို့ကို ပြောကြတယ် CDM မလုပ်တဲ့အပြင် လက်မှတ်ပါထိုးလိုက်ရပြီဆိုပြီး ဒါမယ့် ကျမတို့မှာ မိသားစုရှိတယ်၊ စားဝတ်နေရေးရှိတယ်၊ လက်မှတ်ထိုးရလည်း မတရားမှုကိုတော့ သိသိရက်နဲ့ ဥပေက္ခာမပြုနိုင်ဘူး၊ လွန်လာတာမြင်လာရင်တော့ ဖော်ထုတ်မှာပဲ” ဟု တောင်ကြီးစည်ပင်ရုံးမှ ဝန်ထမ်းတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

သျှမ်းပြည် စည်ပင်ညွှန်ကြားရေးမှူး ဦးစိုင်းထွန်းထွန်းသည် CDM စည်ပင်ဝန်ထမ်းများအပေါ် ညွှန်ကြားချက် အမျိုးမျိုး၊ ဖိအားအမျိုးမျိုးပေးသည့်အပြင် ၎င်း၏ကျေးဇူးရှင်လည်းဖြစ် လုပ်ဖော်ကိုင်ဖက်လည်းဖြစ်သည့် ပြည်နယ် စည်ပင်သာယာရေးဌာနခွဲ (ကျိုင်းတုံ) ၏ ဌာနခွဲ တာဝန်ခံဖြစ်သူ ဒုတိယညွှန်ကြားရေးမှူး ဦးအေးကိုကိုလည်း ပုဒ်မ ၅၀၅-က ဖြင့် အရေးယူဖမ်းဆီးရန် တိုင်ကြားထားကြောင်းလည်း သိရသည်။

“ဦးအေးကိုက သူ့ကိုကူညီပေးခဲ့ဖူးတယ်လည်း ဖြစ်တယ်၊ လုပ်ဖော်ကိုင်ဖက်လည်း ဖြစ်နေတယ်၊ အဲ့ဒါတွေ ကို မထောက်ဘဲ အထက်လူကြီးတယောက်အနေနဲ့ လက်အောက်ငယ်သားကို တရားစွဲ ဆိုတယ်တဲ့၊ ဦးအေးကို အတွက်စိတ်မကောင်း ဘူးပေါ့ အထက်လူကြီးက တိုင်တာဆိုတော့ ပိုပြီးတော့ ခံပြင်းတယ်” ဟု ဦးအေးကိုနှင့် ဦးစိုင်းထွန်းထွန်းတို့ အကြောင်းကို သိရှိနီးစပ်သူ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိ စည်ပင်ဝန်ထမ်းများကို ဖိအားအမျိုးမျိုးပေးနေသည့် သျှမ်းပြည်စည်ပင်သာယာရေးဌာမှ ညွှန်ကြားရေးမှူး ဦးစိုင်းထွန်းထွန်းသည် ပြီးခဲ့သည့် ၂၀၁၃ ခုနှစ် အင်းလေးဇုန် ဟော်တယ်တွေ့ဆုံပွဲမှာလည်း အွန်လိုင်း လောင်းကစားဂိမ်းဆော့နေသည့်ပုံများက လူမှုကွန်ယက်စာမျက်မှာ ပျံ့နှံ့ခဲ့ကြောင်း သိရသည်။

ညောင်ရွှေမြို့နယ် စစ်ဆေးရေးဂိတ်တခု
November 20, 2024
သျှမ်းပြည် ညောင်ရွှေမြို့နယ်တွင် ရောက်ရှိနေသော စစ်ဘေးရှောင်များသည် အလုပ်အကိုင်မရှိခြင်း၊...
ကျားဖြန့်သမားများကိုဖမ်းဆီးပြီး တရုတ်လက်ထဲအပ်နေစဥ်
November 19, 2024
သျှမ်းပြည်မြောက်ပိုင်း စစ်ရှောင်လူငယ်များသည် စစ်ကောင်စီ၏ လေကြောင်းမှ...
နမ့်ခမ်းမြို့ ယာမ ဆေးကြောင့်အမျိုးသား ဖမ်းဆီးနေစဉ်
November 19, 2024
သျှမ်းပြည် နမ့်ခမ်းမြို့တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA)...
သျှမ်းတောင် မိုင်းကိုင်မှ သျှမ်းမြောက် သို့ သွားကားလမ်း
November 19, 2024
သျှမ်းပြည်မြောက်ပိုင်းသို့ သယ်ယူမည့် ဆန်နှင့် စက်သုံးဆီ အပါအဝင် စားနပ်ရိက္ခာတင်ကုန်ကားများကို...