စစ်ကောင်စီလက်ထက် သံဖြူဇရပ်မြို့နယ်တွင် ကိုဗစ်ရောဂါကူးစက်မှုမြင့်မားလာသည့်အတွက် ပါဆယ်စနစ်ဖြင့်ရောင်းချရန် စာထုတ်

စစ်ကောင်စီလက်ထက် သံဖြူဇရပ်မြို့နယ်တွင် ကိုဗစ်ရောဂါကူးစက်မှုမြင့်မားလာသည့်အတွက် ပါဆယ်စနစ်ဖြင့်ရောင်းချရန် စာထုတ်

စစ်ကောင်စီလက်ထက် ငါးလတာအတွင်း မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် ကိုဗစ်ရောဂါကူးစက်မှု မြင့်တက်လာသည့်အတွက် ဆိုင်များတွင် ပါဆယ်စနစ်ဖြင့်သာ ဝယ်ယူကြရန် မြို့နယ် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းကော်မတီက စာထုတ်ထားကြောင်း သိရသည်။

သံဖြူဇရပ်မြိုနယ်အတွင်းရှိ စားသောက်ဆိုင်၊ ထမင်းဆိုင်၊ လက်ဖက်ရည်ဆိုင်၊ အအေးဆိုင်အပါအဝင် ဆိုင်များအားလုံး ဇွန် ၂၉ ရက်ကစတင်၍ ဆိုင်ထိုင်စားသောက်ရောင်းချမှု မပြုလုပ်ဘဲ ပါဆယ်စနစ်ဖြင့်သာရောင်းချရန် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

မြို့နယ် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းကော်မတီအနေဖြင့် ညှိုနှိုင်းဆွေးနွေး၍ ကျန်းမာရေးနှင့် အာကစားဝန်ကြီးဌာန လမ်းညှန်းချက်နဲ့အညီ ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း အဆိုပါစာတွင် ဖော်ပြထားသည်။

သံဖြူဇရပ်မြိုနယ်မှ ဒေသခံ မမေဇင်ဦးက "သံဖြူဇရပ်မှာက နေ့တိုင်းတွေ့နေတာ တစ်ယောက်နှစ်ယောက်လည်း မဟုတ်ဘူး။ တွေ့လိုက်ရင် တစ်ပြုံလိုက်ကြီးပဲ။ စာထုတ်မှပဲ ရမယ်လေ။ မဟုတ်ရင် တိတိကျကျ လိုက်နာကြမှာမဟုတ်ဘူး။ တစ်မြို့လုံးလည်း ကုန်တော့မယ်” ဟု ပြောသည်။

အတည်ပြုလူနာတစ်ဦး တွေ့ရှိပါက ၎င်းနှင့် ထိတွေ့ခဲ့သမျှကို ထပ်မံစစ်ဆေးရတွင်လည်း Positive လို့သာ အဖြေထွက်လာကြောင်း ၎င်းက ဆက်လက်ပြောသည်။

မိသားစုဝင်တစ်ယောက်တွင် တွေ့ရှိပါက တစ်အိမ်လုံး ကူးစက်နေသည်ကို တွေ့ရသည့်အခြေအနေဖြစ်ကြောင်း သိရသည်။

သံဖြူဇရပ်မြိုနယ်တွင် တစ်ပတ်အတွင်း ကိုဗစ်ရောဂါ အတည်ပြုလူနာ ၁၃၀ ကျော် တွေ့ရှိခဲ့ကြောင်း သိရသည်။

အလားတူ ဇွန် ၂၄ ရက်က မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနကလည်း သံဖြူဇရပ်မြိုနယ်အတွင်းရှိ အောင်မင်္ဂလာ ၃ ရပ်ကွက်၊ အလယ်ဘလောက် (အိမ်အမှတ် မ-၁၉ မှ မ-၅၀) အကြားကို အဝင်/အထွက် ကန့်သတ်သည့်နေရာ (Lockdown) အဖြစ် သတ်မှတ်ခဲ့ရကြောင်း သိရသည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...