Stay Home မြို့နယ်မှ မွန်ပြည်နယ်သို့လာပါက Quarantine ဝင်ရမည့်အပြင် ကျန်းမာရေးစစ်ဆေးမှုအတွက် ကုန်ကျစရိတ် ပေးရမည်

Stay Home မြို့နယ်မှ မွန်ပြည်နယ်သို့လာပါက Quarantine ဝင်ရမည့်အပြင် ကျန်းမာရေးစစ်ဆေးမှုအတွက် ကုန်ကျစရိတ် ပေးရမည်

Stay Home သတ်မှတ်ထားသော မြို့နယ်မှ မွန်ပြည်နယ်သို့ လာရောက်ပါက Quarantine ၁၀ ရက် ဝင်ရမည်ဖြစ်ကြောင်း ပြည်နယ်ကိုဗစ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ထုတ်ပြန်ချက်အရ သိရသည်။

ကျန်းမာရေးစစ်ဆေးခြင်းကို မွန်ပြည်နယ်၏ အဓိကဝင်ပေါက်ဖြစ်သော ကျိုက်ထိုမြို့နယ်၊ စစ်တောင်းတံတားထိပ်၌ စစ်ဆေးသွားမည်ဖြစ်ကြောင်း ပြီးခဲ့သည့် ရက်ပိုင်းကထုတ်ပြန်ခဲ့သော ကော်မတီ၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“Stay at Home သတ်မှတ်ထားတဲ့ မြို့နယ်တွေကလာရင် ၁၀ ရက် Quarantine ဝင်ရမယ်ဆိုတာပေါ့။ ဒါကတော့ ကောင်းပါတယ်။ ဘာလို့လဲဆိုတော့ Saty at home သတ်မှတ်ထားတဲ့ မြို့ကလူတွေ Quarantine ဝင်ရမယ်ဆိုတော့ ကျွန်တော်မြို့ကလူတွေ ပြည်နယ်အတွက် အကာကွယ်ဖြစ်တာပေါ့” ဟု ‌'ဘိုဘိုဝင်း' အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့မှ ကိုဘိုဘိုဝင်းက ပြောသည်။

မော်လမြိုင်တွင် ကျန်းမာရေးလာရောက်စစ်ဆေးသူ အားလုံးနီးပါး ကိုဗစ်ရောဂါ တွေ့ရှိနေသည့်အခြေအနေဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

ထို့ကြောင့် မွန်ပြည်နယ်သို့ လာမည့်သူများကို ကျန်းမားရေးစစ်ဆေးမှု သေချာပြုလုပ်သင့်သည်ဟု ဆိုသည်။

Stay Home သတ်မှတ်ထားသော မြို့နယ်များမှ လာသူများကို ၁၀ ရက် အသွားအလာကန့်သတ်ထားတဲ့အချိန်အတွင်း သုံးရက်မြောက်နေ့တွင် RDT Test Kit ဖြင့် တစ်ကြိမ်၊ ခုနစ်ရက်မြောက်နေ့တွင် RT-PCR ဖြင့် ဒုတိယအကြိမ် စုစုပေါင်း နှစ်ကြိမ် စစ်ဆေးပေးမည်ဖြစ်ကြောင်း ပြည်နယ်ကိုဗစ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီက ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဝင်ရောက်လာသူတွေကို RDT ဖြင့် စစ်ဆေးဆောင်ရွက်မည်ဖြစ်ပြီး ကျန်းမာရေးစစ်ဆေးမှု ကုန်ကျစရိတ်များကို ကာယကံရှင်က ပေးဆောင်ရမည်ဖြစ်ပြီး စစ်ဆေးရေးဂိတ်တွင် ကိုဗစ် positive တွေ့ရှိခဲ့ပါက အတည်ပြုလူနာကို မော်လမြိုင်ဆေးရုံကြီးကိုပို့ဆောင်ကာ ဆေးကုသမှု ခံယူစေမည်ဖြစ်ကြောင်း သိရသည်။

အတည်ပြုလူနာနှင့် ထိတွေ့ခဲ့တဲ့သူများကို မော်လမြိုင်တက္ကသိုလ် CBFQ သို့ ပို့ဆောင်ကာ အသွားအလာ ကန့်သတ်စောင့်ကြည့်မည်ဖြစ်သည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...