စစ်ကောင်စီတပ်ဖွဲ့ထံမှ လက်နက်များသိမ်းဆည်းမှု လူငယ်သဘာဝအရ လုပ်ဆောင်ခဲ့ခြင်းသာဖြစ်ဟု AA ၏ ရေးဆိုခွင့်ရှိသူ ခိုင်သုခပြော

စစ်ကောင်စီတပ်ဖွဲ့ထံမှ လက်နက်များသိမ်းဆည်းမှု လူငယ်သဘာဝအရ လုပ်ဆောင်ခဲ့ခြင်းသာဖြစ်ဟု AA ၏ ရေးဆိုခွင့်ရှိသူ ခိုင်သုခပြော
by -
ကောင်းကျော်နိုင် (BNI)

ကျောက်တော်မဟာမုနိဘုရားဓမ္မာရုံတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ထံမှ လက်နက်များသိမ်းဆည်းမှု လူငယ်သဘာဝအရ လုပ်ဆောင်ခဲ့ခြင်းသာဖြစ်ကြောင်း ရက္ခိုင့်တပ်တော် (AA) ၏ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ နှစ်ဦးနှစ်ဖက် ညှိနှိုင်းပြီးသွားပြီဖြစ်ကြောင်း ရက္ခိုင့်တပ်တော် (AA) မှ ပြောခွင့်ရရှိသူ ခိုင်သုခက ပြောသည်။

“အဲဒီမဟာမုနိဘုရားနားမှာ ဒီလူငယ်သဘာဝပေါ့နော်။ တစ်ဖက်နဲ့တစ်ဖက် ပြသနာတွေ နည်းနည်းရှိတယ်။ ဒါပေမယ့်လို့ အခုကတော့ နှစ်ဖက်ညှိနှိုင်းပြီးတော့မှ ပြေပြေလည်လည် ဖြေရှင်းလိုက်ကြပြီ။ အခုလောလောဆယ်တော့ ပြဿနာတွေ အေးအေးဆေးဆေးပါပဲ” ဟု ရက္ခိုင့်တပ်တော် (AA) ၏ ပြောခွင့်ရရှိသူ ခိုင်သုခက ပြောသည်။

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ် မဟာမုနိဘုရားဓမ္မာရုံတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့တစ်ခုကို ဇွန် ၂၇ ရက်က ရက္ခိုင့်တပ်တော် (AA) က ဝင်ရောက်စီးနင်းကာ လက်နက်များကို သိမ်းယူသွားခြင်းဖြစ်သည်။

“လက်နက်တွေနဲ့ လာနေတဲ့စစ်သားတွေက ဓမ္မာရုံမှာနေကြပါတယ်။ အဲဒါကို ရက္ခိုင့်တပ်တော်က ဝင်ပြီးစီးတယ်။ သူတို့အားလုံးကိုလည်း ပြားနေအောင်ဝပ်ခိုင်းထားပြီး လက်နက်ခဲယမ်းတွေယူသွားတာလို့ သိရပါတယ်” ဟု ကျောက်တော်မြို့မှ ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးကျော်သူရနှင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနေထွန်းလှိုင်တို့ ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိပေ။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...