မိုးညှင်းတက္ကသိုလ် ရူပဗေဒ တတိယနှစ်ကျောင်းသား ကိုကျော်ဇော်ဦးကို စစ်ကောင်စီ၏တပ်ဖွဲ့ဝင်များက အရပ်၀တ်များဖြင့် ဖမ်းဆီးသွား

မိုးညှင်းတက္ကသိုလ် ရူပဗေဒ တတိယနှစ်ကျောင်းသား ကိုကျော်ဇော်ဦးကို စစ်ကောင်စီ၏တပ်ဖွဲ့ဝင်များက အရပ်၀တ်များဖြင့် ဖမ်းဆီးသွား

မိုးညှင်းတက္ကသိုလ် ရူပဗေဒ တတိယနှစ်ကျောင်းသား ကိုကျော်ဇော်ဦးကို ဇွန် ၁၅ ရက် ညနေပိုင်းတွင် ၎င်းနေအိမ် (ပင်းဘော) ၌ စစ်ကောင်စီ၏တပ်ဖွဲ့ဝင်များက အရပ်၀တ်များဖြင့် လာရောက်ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

“အဖမ်းခံရတယ်ဆိုပြီး သတင်းကြားကြားချင်း ကျွန်တော်တို့စုံစမ်းတော့ ရဲလဲမဟုတ်ဘူး။ စစ်သားလဲမဟုတ်ဘူးဆိုပြီး ပြောနေကြတာ။ အခုနောက်ပိုင် ပြန်စုံစမ်းတော့ စစ်သားတွေ အရပ်၀တ်နဲ့ဖမ်းသွားတယ်လို့ပြောတယ်” ဟု မိုးညှင်းတက္ကသိုလ် ကျောင်းသားများသမဂ္ဂမှ ကျောင်းသားတစ်ဦးကပြောသည်။

လက်ရှိအချိန်တွင် မည်သည့်နေရာတွင် ထိမ်းသိမ်းထားသည်ကို မသိရှိရသေးကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

မေ ၂၅ ရက်ကလည်း မိုးညှင်းတက္ကသိုလ်မှ  ရုက္ခဗေဒကျောင်းသား ကိုထက်ကောင်းကိုလည်း စစ်ကောင်စီ၏တပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့ပြီး လက်ရှိအချိန်ထိ ပြန်လွတ်မြောက်ခြင်းမရှိသေးကြောင်း သိရသည်။

မိုးညှင်းမြို့တွင် နွေးဦးတော်လှန်ရေးလှုပ်ရှာမှုများကြောင့် ကျောင်းသား/ကျောင်းသူငါးဦးထက်မနည်း ဖမ်းဆီးခံထားရပြီး စစ်ကောင်စီတပ်များ၏ ပစ်ခတ်မှုကြောင့် ကျောင်းသားတစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...