Sopum ရွာသို့ရောက်ရှိနေသည့် စစ်ကောင်စီတပ်သားများ ပြန်လည်ဆုတ်ခွာ

Sopum ရွာသို့ရောက်ရှိနေသည့် စစ်ကောင်စီတပ်သားများ ပြန်လည်ဆုတ်ခွာ

ချင်းပြည်နယ် ထန်တလန်မြို့နယ် Sopum ကျေးရွာသို့ ယမန်နေ့ကရောက်ရှိခဲ့သည့် စစ်သားများ ယနေ့ (ဇွန် ၁၀ ရက်) နံနက်တွင် ပြန်လည်ဆုတ်ခွာသွားပြီး မည်သည့်နေရာသို့သွားရောက်မည်ကို မသိရှိရသေးကြောင်း ဒေသခံများထံမှ သိရသည်။

"မနေ့ကရောက်လာတဲ့ စစ်သားတွေက ဒီနေ့မနက်ဘဲ ပြန်ဆုတ်သွားပြီ။ သူတို့အားလုံး ၁၀၃ ယောက်ရှိတယ်။ စစ်သားတွေက ခြေကျင်နဲ့ဘဲ ထန်တလန်ဘက်ကိုသွားတာ၊ ပစ္စည်းတွေတော့ ကားနဲ့သယ်သွားတယ်။ ဘယ်ကိုသွားတာလည်းဆိုတာတော့ မသိဘူး" ဟု Sopum ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီအနေဖြင့် ယခုရက်ပိုင်းတွင် ထန်တလန်ဘက်သို့ စစ်သားဖြည့်တင်းမှုများ လုပ်ဆောင်နေပြီး ထန်တလန်မြို့နယ်သည် CNF ဌာနချုပ်တည်ရှိရာဒေသဖြစ်သဖြင့် စစ်ရေးတင်းမားမှုများရှိလာမည်ကိုလည်း ဒေသခံများမှ စိုးရိမ်နေကြကြောင်း သိရသည်။

စစ်ကောင်စီတပ်များ ယန်မနေ့တွင်သွားရောက်ခဲ့သည့် Sopum ကျေးရွာမှာ CNF ဌာနချုပ်သွားရာလမ်းတွင်တည်ရှိပြီး Sopum ကျေးရွာအကျော် Vanzang ကျေးရွာမှစတင်ကာ CNF နယ်မြေစတင်ကြောင်း သိရသည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...