တောင်ကိုရီးယားနိုင်ငံ လူ့အခွင့်အရေးမြို့တော်များအဖွဲ့က မြန်မာ့ဒီမိုကရေစီအရေးအတွက် ဝမ် သိန်း ၁၀၀ လှူဒါန်း

တောင်ကိုရီးယားနိုင်ငံ လူ့အခွင့်အရေးမြို့တော်များအဖွဲ့က မြန်မာ့ဒီမိုကရေစီအရေးအတွက် ဝမ် သိန်း ၁၀၀ လှူဒါန်း

မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ ဒီမိုကရေစီအရေးအတွက် တောင်ကိုရီးယားနိုင်ငံ လူ့အခွင့်အရေးမြို့တော်များအဖွဲ့က ဝမ် သိန်း ၁၀၀ ကို ဇွန်လ ၈ ရက် မနက် ၁၁ နာရီခန့်က ဆိုလ်းမြို့တော်ခန်းမမှာ လှူဒါန်းပေးအပ်ခဲ့ပါတယ်။

အခုလို မြန်မာ့ဒီမိုကရေစီအရေးအတွက် လှူဒါန်းရခြင်းနဲ့ပတ်သက်ပြီး တောင်ကိုရီးယားနိုင်ငံရဲ့ ဒိုးဘုန်ခရိုင်မှူးလည်းဖြစ်ပြီး လူ့အခွင့်အရေးမြို့တော်များအဖွဲ့ ဥက္ကဌလည်းဖြစ်တဲ့ မစ္စတာအီဒုန်ဂျင်က “လွန်ခဲ့တဲ့ ၄၁ နှစ်က ကိုရီးယားနိုင်ငံ ဂွမ်ဂျူးမြို့ရဲ့ ဒီမိုကရေစီတော်လှန်ရေးမှာ ကြုံတွေ့ခဲ့ရတဲ့ ခံစားမှုများဟာ ယနေ့ မြန်မာပြည်သူများ တွေ့ကြုံနေရတဲ့ နာကျင်မှုများနဲ့ ဆက်စပ်လျက်ရှိနေကြောင်း၊ ဒါကြောင့် စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေးကို ရဲဝံ့စွာတိုက်ပွဲဝင်နေကြတဲ့ မြန်မာပြည်သူအပေါင်းကို ထောက်ခံအားပေးကြောင်း” ပြောကြားခဲ့ပါတယ်။

မြန်မာ့ဒီမိုကရေစီအရေးအတွက် ဝမ် သိန်း ၁၀၀ လှူဒါန်းပွဲကို တောင်ကိုးရီးယားနိုင်ငံ လူ့အခွင့်အရေးမြို့တော်များအဖွဲ့မှ မြို့တော်ဝန်များနဲ့ ခရိုင်မှူးများအပြင် မြန်မာ့ဒီမိုကရေစီကွန်ယက် ပူးတွဲဥက္ကဌဖြစ်တဲ့ မစ္စတာဂျောင်ဘောင်မ်လဲ့နဲ့အတူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်စည်းရုံးရေးကော်မတီ (နိုင်ငံတကာ) ကိုရီးယားဌာနရဲ့ ဥက္ကဋ္ဌဖြစ်တဲ့ ဦးရန်နိုင်ထွန်းနဲ့၊ စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးကော်မတီ (ကိုရီးယား) ရဲ့ ပူးတွဲဥက္ကဌ ဦးစိုးမိုးသူတို့လည်း တက်ရောက်ခဲ့ကြပြီး အလှူငွေကို လက်ခံခဲ့ကြပါတယ်။

အခမ်းအနားကို တက်ရောက်လာကြတဲ့ တောင်ကိုရီးယားနိုင်ငံ လူ့အခွင့်အရေးမြို့တော်များအဖွဲ့မှ မြို့တော်ဝန်များနှင့် ခရိုင်မှူးများကလည်း မြန်မာ့ဒီမိုကရေစီအရေးအား ထောက်ခံကြောင်း မိန့်ခွန်းများ ပြောကြားခဲ့တယ်လို့ သိရပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စည်းရုံးရေးကော်မတီ (နိုင်ငံတကာ) ကိုရီးယားဌာနရဲ့ ဥက္ကဌဖြစ်တဲ့ ဦးရန်နိုင်ထွန်းကတော့ အခမ်းအနားမှာ “မြန်မာနိုင်ငံသားများကိုယ်စား ကျေးဇူးတင်စကား ပြောကြားခဲ့တဲ့အပြင် တောင်ကိုးရီးယားနိုင်ငံအနေနဲ့ စစ်အာဏာရှင်စနစ်ရဲ့ ဆိုးဝါးခါးသီးမှုကို ကြုံတွေ့ခဲ့ရပြီး အဲဒီစနစ်ကို အမြစ်ဖြုတ်တိုက်ထုတ်နိုင်ခဲ့တဲ့ သမိုင်းအတွေ့အကြုံရှိတဲ့ နိုင်ငံဖြစ်တာကြောင့် ယနေ့ မြန်မာပြည်သူများရဲ့ စစ်အာဏာရှင်စနစ်တိုက်ပွဲကို အားပေးထောက်ခံနေခြင်းဖြစ်ကြောင်းကို မြန်မာပြည်သူများအားလုံး ခံစားနားလည် ကျေးဇူးတင်နေကြကြောင်း၊ အခုလို မြန်မာ့ဒီမိုကရေစီအရေးကို အားပေးထောက်ခံပံ့ပိုးခြင်းများအား ထာဝရ ကျေးဇူးတင်နေမည်ဖြစ်ကြောင်း” ပြောခဲ့ပါတယ်။

တောင်ကိုရီးယားနိုင်ငံ လူ့အခွင့်အရေးမြို့တော်များအဖွဲ့ဟာ လူ့အခွင့်အရေးကာကွယ်ရေးနှင့် တိုးမြှင့်ရေးအား ပူးပေါင်းဆောင်ရွက်ရန် ဒေသန္တရအစိုးရ ၂၂ ခုဖြင့် ပူးပေါင်းဖွဲ့စည်းထားတဲ့ အဖွဲ့ကြီးဖြစ်ပြီး၊ ပြီးခဲ့တဲ့ ဧပြီလ ၅ ရက်နေ့ကလည်း ဆိုးလ်မြန်မာသံရုံးရှေ့တွင် မြန်မာ့ဒီမိုကရေစီအရေးအား ထောက်ခံသည့် သတင်းစာရှင်းလင်းပွဲကိုပြုလုပ်ကာ အာဏာသိမ်းစစ်တပ်မှ မြန်မာပြည်သူများအား လက်နက်အားကိုး အနိုင်ကျင့်ခြင်းအား ကန့်ကွက်ရှုံ့ချပြီး ပြည်သူများကို ရက်စက်စွာသတ်ဖြတ်နေခြင်းများကို ချက်ချင်းရပ်တန့်ရန်လည်း ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

Most read this week

အလင်းဝင်လာသည့် စစ်ကောင်စီတပ်သား။(ပုံ- ဒေါနတပ်ရင်း)
November 19, 2024
စစ်ကောင်စီ၏ အတင်းအဓမ္မ စစ်သားစုဆောင်းခြင်းကြောင့် စစ်မှုထမ်းခဲ့ရသည့် ရဲဘော်ခြောက် ဦး...
စစ်ကောင်စီဖမ်းဆီးထားသည့် ဆရာတော်ဦးပညာဇောတ
November 19, 2024
၂၀၀၇ ခုနှစ် ရွှေဝါရောင် သံဃာ့လှုပ်ရှားမှုတွင် ပါဝင်ခဲ့သူ  ဦးဆောင်ဆရာတော်တပါးဖြစ်သည့်...
၂၀၂၂ခုနှစ် ဩဂုတ်လက မြန်မာရွှေ့ပြောင်းအလုပ်သမားများကို အိန္ဒိယအာဏာပိုင်များက ဖမ်းဆီးစဥ် ( ဓာတ်ပုံ- ပုံဟောင်း)
November 18, 2024
အိန္ဒိယနိုင်ငံ ၊ မဏိပူရပြည်နယ်ရှိ အကျဥ်းထောင်အတွင်း ထိန်းသိမ်းခံနေရသည့် မြန်မာများအတွက်...
November 14, 2024
ထိုင်း-မြန်မာနယ်စပ် ကော့သောင်း-ရနောင်း နယ်စပ်ဂိတ်မှတဆင့် ထိုင်းလူဝင်မှုကြီးကြပ်ရေးအရာရှိများက...