ပလက်ဝမြို့တွင် ဖမ်းဆီးခံရသောလူငယ်များအနက် သုံးဦးပြန်လွှတ်၊ ခြောက်ဦးကို ဆက်လက်ဖမ်းဆီးထားဆဲ

ပလက်ဝမြို့တွင် ဖမ်းဆီးခံရသောလူငယ်များအနက် သုံးဦးပြန်လွှတ်၊ ခြောက်ဦးကို ဆက်လက်ဖမ်းဆီးထားဆဲ

ချင်းပြည်နယ် ပလက်ဝမြို့တွင် မေ ၂၈ ရက်က ဗုံးနှစ်ကြိမ်ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့်နောက် ဖမ်းဆီးခံခဲ့ရသူများအနက် သုံးဦးကို ယမန်နေ့ (ဇွန် ၇) ရက်ညတွင် ပြန်လွှတ်ပေးခဲ့ပြီး ခြောက်ဦးကို ဆက်လက်ဖမ်းဆီးထားဆဲဖြစ်ကြောင်း သိရသည်။

 

“နောက်ဆုံးမှခေါ်သွားတဲ့ သုံးယောက်ကို မနေ့ညကလွှတ်လိုက်တယ်။ ခြောက်ယောက်တော့ကျန်သေးတယ်” ဟု ပလက်ဝမြို့ခံတစ်ဦးကပြောသည်။

 

အဆိုပါ ပြန်လွတ်လာသူသုံးဦးမှာ အိုက်အောင်သီဟ၊ အောင်နိုင်ထွန်း၊ အိုက်ဂျွန်ဉာဏ်လင်းထွန်း (ခ) အပုစူတို့ဖြစ်ကြပြီး ကျန်ခြောက်ဦးကိုမူ ပလက်ဝမြို့တွင် နှစ်ဖွဲ့ခွဲပြီးထားရှိကြောင်း အဖမ်းဆီးခံရသူတစ်ဦး၏ ဇနီးဖြစ်သူကပြောသည်။  

 

“မြို့နယ်မှုးရုံးဖက်ကို တချို့ထားတယ်။ ဟိုဖက်ရဲစခန်းဖက်ကို တချို့ထားတယ်။ သူတို့ကိုပြောတာ ဘယ်လိုဖြစ်လို့ သူတို့ကို မလွတ်သေးတာလဲ။ စစ်လဲမစစ်ပဲ ဒီလိုပဲထားမှာလားလို့မေးတော့ သူတို့ဖြေထားတာတွေကို အထက်ကိုတင်ထားတယ်၊ အဲ့ကနေအဖြေလာမှ သိရမယ်လို့ပြောတယ်။ အခုအဖမ်းခံထားရတာ ၁၁ ရက်ရှိပြီ။ တခုတော့စိုးရိမ်တယ်။ တော်ကြာကြရင် ပုဒ်မတွေတပ်မှာပဲစိုးရိမ်တယ်” ဟု အဖမ်းဆီးခံရသူတစ်ဦး၏ ဇနီးဖြစ်သူကပြောသည်။ 

 

ပလက်ဝမြို့ ထွေအုပ်ရုံးရှေ့နှင့် မြန်မာ့စီးပွားရေးဘဏ်ရှေ့တွင် မေ ၂၈ ရက်မနက်က ဗုံးနှစ်ကြိမ်ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးနောက် အာဏာသိမ်းစစ်ကောင်စီသည် မြို့ပေါ်ရှိ အရပ်ဘက်အဖွဲ့အစည်းတွင် အလုပ်လုပ်နေသူများအပါအဝင် လူငယ် ၁၈ ဦးကို ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ၁၂ ဦးကို ပြန်လည်လွှတ်ပေးကာ ခြောက်ဦးကို ဆက်လက်ထိန်းသိမ်းထားခြင်းဖြစ်သည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...