ဟားခါးမြို့တွင် ဗုံးပေါက်ကွဲပြီးနောက် အဖမ်းခံရသူများအနက် ၂၈ ဦး ပြန်လွတ်လာ

ဟားခါးမြို့တွင် ဗုံးပေါက်ကွဲပြီးနောက် အဖမ်းခံရသူများအနက် ၂၈ ဦး ပြန်လွတ်လာ

ချင်းပြည်နယ် ဟားခါးမြို့ ဗုံးပေါက်ကွဲမှုဖြစ်ပြီးနောက် ဖမ်းဆီးခံရသူ ၆၁ ဦးအနက် ၂၈ ဦး မေ ၆ ရက် ည ၁၀ နာရီကျော်က ပြန်လွတ်လာကြောင်း ဟားခါးမြို့ ဒေသခံတစ်ဦးက ပြောသည်။

 

“မနေ့ညက ၂၈ ယောက်လွှတ်တယ်။ ပြီးတော့ ကျန်နေသေးတာက ၃၃ ယောက်ကျန်သေးတယ်။ ညက ၁၀ ခွဲလောက် လွှတ်လာတယ်။ ဒီတိုင်းပဲ မေးမြန်းပြီးလွှတ်တာပဲ မေးတာတွေတော့ သူတို့မေးတယ်။ မလွှတ်တဲ့သူတွေ ဘာကြောင့်မလွှတ်သေးတာလဲ အတိအကျမသိသေးဘူး။ မလွှတ်သေးတဲ့သူတွေထဲမှာ လူငယ်ပိုင်းများတယ်” ဟု ဟားခါးမြို့ ဒေသခံတစ်ဦးက ပြောသည်။

 

ယမန်နေ့ညပိုင်း ပြန်လွှတ်လာသူအများစုမှာ သက်ကြီးပိုင်း မိဘအရွယ်များဖြစ်ကြပြီး လူငယ်ပိုင်းအများစုကို စစ်ကောင်စီက ဆက်လက်ဖမ်းဆီးထားဆဲဖြစ်ကြောင်း ၎င်းကပြောသည်။

 

ဟားခါးမြို့တွင် ဇွန်လ ၅ ရက်နေ့ညနေပိုင်းက ဗုံးပေါက်မှု သုံးကြိမ်ဖြစ်ပွားခဲ့ပြီး မြို့သစ်ရပ်ကွက်ဘက် နေအိမ်တစ်အိမ် ဗုံးပေါက်ကွဲမှုတွင် CDF-Hakha မှ သုံးဦးကျဆုံးခဲ့သည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...