မင်းတပ်တိုက်ပွဲများတွင် စစ်ကောင်စီက ဓာတုလက်နက်များ အသုံးပြုခဲ့ဖွယ်ရှိ

မင်းတပ်တိုက်ပွဲများတွင် စစ်ကောင်စီက ဓာတုလက်နက်များ အသုံးပြုခဲ့ဖွယ်ရှိ

မင်းတပ်မြို့နယ်တွင် မေ ၆ ရက် နံနက် ၁၀ နာရီဝန်းကျင်က ဖြစ်ပွားခဲ့သည့်တိုက်ပွဲ၌ စစ်ကောင်စီဘက်က ဓာတုလက်နက်များ အသုံးပြုခဲ့ဖွယ်ရှိကြောင်း သိရသည်။

 

စစ်အုပ်ချုပ်ရေးကြေညာခံထားရသည့် ချင်းပြည်နယ် မင်းတပ်မြို့နယ်တွင် အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့သည် စစ်ကြောင်းသုံးကြောင်းဖြင့် စစ်ဘေးရှောင်ဒုက္ခသည်အများစုနေထိုင်ကြသည့် ရှက်ရွာကျေးရွာဘက်သို့ တက်လာပြီး မေ ၆ ရက် နံနက်ပိုင်း ၁၀ နာရီဝန်းကျင်ခန့်မှစ၍ Mindat-CDF တပ်ဖွဲ့များနှင့် ပစ်ခတ်မှုများဖြစ်ပွားခဲ့သည်။

 

အဆိုပါတိုက်ပွဲတွင် ဒဏ်ရာရရှိခဲ့သည့် မင်းတပ် CDF တပ်ဖွဲ့ဝင်တစ်ဦး ဓာတုငွေ့များရှူရှိက်မိ၍ အဆိပ်သင့်သည့်လက္ခဏာများ ခံစားနေရကြောင်း Mindat-CDF က ထုတ်ပြန်ထားသည်။

 

အာဏာသိမ်းစစ်ကောင်စီသည် မင်းတပ်မြို့အရှေ့ဘက်ခြမ်း၊ အနောက်ဘက်ခြမ်းဘက်တို့မှ စစ်ကြောင်းနှစ်ကြောင်းဖြင့် Mindat-CDF တပ်ဖွဲ့ကိုထိုးစစ်ဆင်တိုက်ခိုက်လာသည့်အပြင် မင်းတပ်-မကွေးနယ်စပ် ရွှေအောင်သာဘက်တွင်လည်း ဇွန် ၃ ရက်ကတည်းက ယနေ့ချိန်ထိ တိုက်ပွဲဖြစ်ပွားနေကြောင်း Mindat-CDF မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

 

“ဒီနေ့မနက်ကျတော့ မင်းတပ်မြို့ရဲ့ အရှေ့ဘက်ကနေဆင်းလာပြီးမှ စစ်ဘေးရှောင်အများစုက မြို့ရဲ့ မြောက်ဘက်ခြမ်းရွာမှာ အများစုရှိကြတယ်။ အဲဒီဘက်ကို ဦးတည်လာတဲ့ စစ်ကြောင်းနှစ်ကြောင်းရှိတယ်။ အင်အား ၉၀ ကျော်လောက်ရှိမယ်။ ဘောင်ထဲရွာကနေ ချောင်းဆုံဘက်ကိုတက်လာတယ်။ အဲဒီမှာ ကျွန်တော်တို့အဖွဲ့နဲ့ တိုက်ပွဲဖြစ်တယ်။ မြို့အနောက်ဘက်ကနေတက်လာတဲ့ စစ်ကောင်စီတပ်နဲ့ ကျွန်တော်တို့တပ်ဖွဲ့တွေ ရှက်ရွာမှာ တိုက်ပွဲထပ်ဖြစ်တယ်။ ရွှေအောင်သာဘက်မှဖြစ်တယ်။ စစ်ကြောင်းသုံးကြောင်းနဲ့ တစ်ပြိုင်တည်းတိုက်နေရတာပေါ့" ဟု Mindat-CDF မှတာဝန်ရှိသူတစ်ဦးကပြောသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...