ကျောက်တော်- ပလက်ဝ ရေကြောင်းလိုင်းသွားလာခွင့် ထပ်မံကန့်သတ်

ကျောက်တော်- ပလက်ဝ ရေကြောင်းလိုင်းသွားလာခွင့် ထပ်မံကန့်သတ်
by -
ကောင်းကျော်နိုင် (BNI)

ရခိုင်ပြည်နယ်ကျောက်တော်မြို့နယ်နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့ကြားသွားလာနေသည့် ရေကြောင်းလမ်းကို ရက်အကန့်အသတ်ဖြင့် သွားလာခွင့်ပေးခဲ့သော်လည်း  ယခုအခါထပ်မံ ပိတ်ဆို့ခဲ့ ကြောင်း ဒေသခံများက ပြောသည်။

ပလက်ဝမြို့နယ်မှ ကျောက်တော်သို့ ကုန်တင်ကုန်ချသွားလာနေသည့် ဦးကျော်မောင်က “ ကျွန်တော်တို့ ကျောက်တော်ကိုသွားမယ်ဆိုလို့ရှိရင် မြို့နယ်အုပ်ချုပ်ရေးမှူးထောက်ခံစာပါမှ သွားခွင့်ရမယ်လို့ ပြောတယ်။ ဒါပေမယ့် ထောက်ခံစာနဲ့ သွားလို့ရတယ်ဆိုပေမယ့် ကျွန်တော်တို့က လုံခြုံရေးကို စိုးရိမ်ရတဲ့သဘောဖြစ်နေပြီလေ” ဟုပြောသည်။

ပလက်ဝမြို့ပေါ်တွင် ပြီးခဲ့သည့် မေ ၂၈ ရက်က မိုင်း နှစ်လုံးပေါက်ကွဲပြီးနောက် မေ ၃ဝ ရက်မှစ၍ ကျောက်တော်မြို့သို့ သွားလာခွင့် ကန့်သတ်လိုက်ခြင်ဖြစ်ကြောင်း ပလက်ဝ-ကျောက်တော်သို့ ပြေးဆွဲနေသည့် စက်လှေပိုင်ရှင်တစ်ဦးက ပြောသည်။

 “ ကျွန်တော်တို့ကိုသွားခွင့်မပေးတာက ပလက်ဝမှာ မိုင်းပေါက်ပြီးနောက် မသွားရတာပါ။ ပလက်ဝမှာရှိတဲ့၂၈၉ တပ်ရင်းမှာအထိုင်ချနေတဲ့ ၁၁ တပ်မမှူးက မသွားရဘူးလို့ပြောတာပါ။သူက သွားခွင့်ပြုမှ သွားရမယ်လို့ပြောတယ်။ ဒါပေမယ့် ကျွန်တော်တို့က မသွားရဲဘူး။ အဓိကအခက်အခဲက ကျန်းမာရေးကိစ္စပဲ။ ကျွန်တော်တောင်မှနေမကောင်းလို့ ဆေးခန်းပြဖို့ သွားဖို့ လုပ်နေတာ မသွားရဲဘူးဖြစ်နေတာပေါ့” ဟု စက်လှေပိုင်ရှင်ကပြောသည်။

 ကျောက်တော်နှင့် ပလက်ဝ ရေကြောင်းလိုင်းကိုလွန်ခဲ့သည့်နှစ်က  ရက္ခိုင့်တပ်တော်(AA)နှင့် မြန်မာတပ်မတော်တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် တစ်နှစ်ကျော်ကြာရပ်နားခဲ့ပြီးနောက် ယခု ၂ဝ၂၁ ခု၊ ဧပြီ ၂၂ ရက်မှ ပြန်လည်သွားလာခွင့်ပေးခဲ့ပြီးနောက် ယခုလိုကန့်သတ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...