ကျောင်းသားများကို onlineက ပညာသင်ကြားရန် မော်လမြိုင်တက္ကသိုလ်မှ CDM ဆရာ/ဆရာ မများ စီစဉ်

ကျောင်းသားများကို onlineက ပညာသင်ကြားရန် မော်လမြိုင်တက္ကသိုလ်မှ CDM ဆရာ/ဆရာ မများ စီစဉ်
by -
စိုင်းထွန်းစံ (MNA)

အာဏာသိမ်းစစ်ကောင်စီ လက်အောက်တွင် ကျောင်းမတက်လိုသော တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများကို ကြားကာလ ပညာသင်ကြားရေးအစီအစဉ်ဖြင့် online မှ ပညာဆက် လက်သင်ကြားနိုင်ရန် စီစဉ်နေကြောင်း မော်လမြိုင် တက္ကသိုလ်မှ CDM ဆရာမ တစ်ဦးက ပြောသည်။

 

ထို့ပြင် Online မှ သင်ကြားရန် အခက်အခဲရှိတဲ့သူများအတွက်လည်း စီစဉ်ဆောင်ရွက်ပေးသွားရန်ရှိ ကြောင်း ၎င်းက ပြောသည်။

 

“CDM ဆောင်ရွက်နေတဲ့ ဆရာ၊ ဆရာမတွေနဲ့ပဲ ဆက်လက်သင်ကြားပေးနိုင်ဖို့ စီစဉ်ထားတယ်ပေါ့။ online ကနေ အဆင်ပြေမယ့် ဆရာ၊ ဆရာမတွေက ဆက်လက်သင်ကြားပေးဖို့ပေါ့”ဟု  ၎င်းက ပြော သည်။

 

ယင်းသို့ သင်ကြားပေးရန်စီစဉ်ရခြင်းသည် ကျောင်းသား၊ ကျောင်းသူများ၏ ပညာဆက်လက် သင်ကြားခွင့် မဆုံးရှုံးစေချင်သဖြင့် သင်ကြားပေးရန်စီစဉ်ခြင်းဖြစ်ကြောင်း သိရသည်။

 

လက်ရှိတွင်onlineမှတဆင့် သင်ကြားခြင်းကို မဟာတန်း၊ ဂုဏ်ထူးတန်းနှင့် နောက်ဆုံးနှစ် တက်ရောက်မည့်ကျောင်းသား၊ ကျောင်းသူများကို ဦးစားပေးလုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

 

“NUG အစိုးရ ပြန်တက်လာမှသာ အရင်အတိုင်း စာသင်ကြားရေးကို ပြန်လည် လုပ်ကိုင်ပြီး လုပ်ငန်းခွင်ဝင်ဖို့ စဉ်းစားထားတယ်”ဟု ၎င်းက ဆက်လက်ပြောသည်။

 

ထို့ပြင် မော်လမြိုင် တက္ကသိုလ် ယာယီအုပ်ချုပ်ရေးကောင်စီကလည်း online မှ သင်ယူလိုသော ကျောင်းသား၊ကျောင်းသူ စာရင်းကို မေ ၃၀ရက်က စတင် ကောက်ခံလျက်ရှိကြောင်း သိရသည်။

 

ကြားကာလ ပညာသင်ကြားရေးအစီအစဉ်တွင် တက်ရောက်လိုသော ကျောင်းသား၊ ကျောင်းသူများ အနေဖြင့်  မိမိတို့ရဲ့ အမည်စာရင်းကို မော်လမြိုင်တက္ကသိုလ် ကျောင်းသားများ သမဂ္ဂနှင့် မော်လမြိုင် တက္ကသိုလ် ဆရာများ သမဂ္ဂ Facebook page ၌ လျှောက်လွှာ ဝင်ရောက် ဖြည့်သွင်းနိုင်ကြောင်း သိရသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...