အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်နေကြတဲ့ မော်လမြိုင်တက္ကသိုလ်က ဆရာ၊ ဆရာမ ၁၅၅ ဦး ရာထူးမှ ထုတ်ပယ်ခဲ့ကြောင်းသိရသည်။
အဆိုပါ တက္ကသိုလ် ဆရာ၊ ဆရာမ ၁၅၅ ဦးဟာ အကြောင်းပြချက်မရှိဘဲ တာဝန်ပျက်ကွက်ခြင်း၊ စည်းကမ်းဖောက်ဖျက်ခြင်း စသည့်အချက်များနှင့် မေ ၂၁ ရက်က ရာထူးမှ ထုတ်ပယ်ခြင်းဖြစ်ကြောင်း သိရသည်။
ရာထူးမှထုတ်ပယ်ခံရတဲ့ ဆရာ၊ ဆရာမများက ပြီးခဲ့တဲ့လထဲက တာဝန်မှ ယာယီရပ်ဆိုင်းခံခဲ့ရသူများဖြစ်ကြောင်း သိရသည်။
ရာထူးပြန်ရရန်အတွက် ထုချေလွှာတင်ခြင်းများ ပြုလုပ်သွားမည်မဟုတ်ကြောင်း ရာထူးမှထုတ်ပယ်ခံရသော ကထိကဆရာမတစ်ဦးက ပြောသည်။
CDM စလုပ်ကတည်းက ပါဝင်ခဲ့သောကြောင့် အဆုံးထိဆက်လျှောက်ရန် ဆုံးဖြတ်ထားကြောင်းဖြစ်သည်ဟု ဆိုသည်။
တက္ကသိုလ် ဆရာ၊ ဆရာမ ၁၅၅ ဦးတွင် ပါမောက္ခ (ဌာနမှူး)၊ ပါမောက္ခ၊ တွဲဖက်ပါမောက္ခ၊ ကထိက၊ လက်ထောက်ကထိကနှင့် စာကြည့်တိုက် မှူး ရာထူးရှိသူများပါဝင်ကြောင်း သိရသည်။
မေ ၂၂ ရက်ကလည်း CDM ပါဝင်တဲ့ မော်လမြိုင်နည်းပညာတက္ကသိုလ်က ဆရာ၊ ဆရာမ ၄၇ ဦးကို ရာထူးမှထုတ်ပယ်ကြောင်း စာထုတ်ခဲ့သည်။
လက်ရှိတွင် မွန်ပြည်နယ် မြို့နယ် ၁၀ ခုအတွင်းရှိ အခြေခံပညာရေးဦးစီးဌာနမှ ဆရာ၊ ဆရာမ ၃၀၀၀ ကျော်ကိုလည်း CDM မှာ ပါဝင်ပတ်သက်နေသည်ဟုဆိုကာ တာဝန်မှ ယာယီရပ်ဆိုင်းထားသည်။
Published
Tuesday, May 25, 2021
မော်လမြိုင်တက္ကသိုလ်မှ ဆရာ၊ ဆရာမ ၁၅၅ ဦး ရာထူးမှ ထုတ်ပယ်ခံရ