မော်လမြိုင်မြို့တွင် ဖမ်းဆီခံရသည့် ကျောင်းသားရှစ်ဦးနှင့် တစ်ပတ်ကျော်သည်အထိ အဆက်သွယ်မရ

မော်လမြိုင်မြို့တွင် ဖမ်းဆီခံရသည့် ကျောင်းသားရှစ်ဦးနှင့် တစ်ပတ်ကျော်သည်အထိ အဆက်သွယ်မရ
by -
စိုင်းထွန်းစံ (MNA)

မော်လမြိုင်မြို့တွင် စုပေါင်းနေထိုင်ကြသည့် တက္ကသိုလ်ကျောင်းသား ရှစ်ဦးလုံးကို စစ်ကောင်စီတပ်ဖွဲ့များက ဖမ်းဆီးသွားပြီးနောက် အဆက်အသွယ်မရတော့ကြောင်း မော်လမြိုင်တက္ကသိုလ် ကျောင်းသားသမဂ္ဂအဖွဲ့ဝင်တစ်ဦးထံက သိရသည်။

 

အဆိုပါ ကျောင်းသား၊ ကျောင်းသူ ရှစ်ဦးကို မေ ၁၇ ရက် ညပိုင်း၌ စစ်ကောင်စီတပ်က အင်အား ၁၀၀ ခန့်ဖြင့် မော်လမြိုင်မြို့ ဇေယျာမြိုင်ရပ်ကွက်ရှိနေအိမ်တွင် ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

လက်ရှိအချိန်တွင် ဖမ်းဆီးခံရသည့် ကျောင်းသား၊ ကျောင်းသူရှစ်ဦးတို့ကို ဖမ်းဆီးချုပ်နှောင်ထားသည့်နေရာကို မသိရှိရသေးကြောင်း မော်လမြိုင်တက္ကသိုလ် ကျောင်းသားသမဂ္ဂအဖွဲ့ဝင်တစ်ဦးက ဆိုသည်။

 

ထိုဖမ်းဆီးခံရသည့် ကျောင်းသား၊ ကျောင်းသူတို့မှာ မော်လမြိုင်တက္ကသိုလ်မှ နှစ်ဦး၊ အစိုးရစက်မှုလက်မှုသိပ္ပံ (မော်လမြိုင်) မှ ငါးဦး၊ မော်လမြိုင်တက္ကသိုလ် အဝေးသင်ကျောင်းသား တစ်ဦးဖြစ်ကြောင်း သိရသည်။

 

ဝင်ရောက်ဖမ်းဆီးချိန်တွင် ၎င်းတို့ပိုင်ဆိုင်သည့် ဖုန်း၊ ကွန်ပျူတာ၊ ဆိုင်ကယ်၊ အခြားအသုံးအဆောင်ပစ္စည်းများနှင့် လက်ဝတ်လက်စားအချို့ကိုပါ သိမ်းယူသွားကြောင်း ဒေသတွင်းသတင်းထုတ်ပြန်ဖော်ပြထားမှုအရ သိရသည်။

 

အဆိုပါ ဖမ်းဆီးခံရသည့် ကျောင်းသားရှစ်ဦးတို့ကို ပြန်လွှတ်ပေးရန် မေ ၁၈ ရက်က တောင်းဆိုထားပြီး ထိုအထဲတွင် မော်လမြိုင်တက္ကသိုလ် ပထဝီဝင်ဌာနမှ ကျောင်းသူနှစ်ဦးပါဝင်ကြောင်း သိရသည်။

 

ထို့အပြင် မွန်ပြည်နယ် အာဏာရှင်ဆန့်ကျင်သည့် လှုပ်ရှာမှုများတွင် ဖမ်းဆီခံရသူ ၃၀၀ ကျော်နှင့် ကျဆုံးသူ ရှစ်ဦးအထိရှိပြီး အသက် ၁၈ နှစ် မပြည့်သေးသည့် ကလေးငယ်များလည်းပါဝင်ကြောင်း သိရသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...