တောင်ကုတ်မြို့နယ် NLD ပါတီမှ ဦးမင်းအောင်အပါအဝင် တရားစွဲခံရသူများ၏အမှု လာမည့် မေ ၂၇ ရက်သို့ ထပ်မံရုံးချိန်း

တောင်ကုတ်မြို့နယ် NLD ပါတီမှ ဦးမင်းအောင်အပါအဝင် တရားစွဲခံရသူများ၏အမှု လာမည့် မေ ၂၇ ရက်သို့ ထပ်မံရုံးချိန်း
by -
ထွန်းခိုင် (နိရဥ္စရာ)

မြို့နယ်တရားသူကြီး အစည်းအဝေးသွားတက်သဖြင့် ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးမင်းအောင်အပါအဝင် တရားစွဲခံထားရသူလေးဦး၏အမှု လာမည့် မေ ၂၇ ရက်သို့ ထပ်မံရုံးချိန်း လိုက်ကြောင်း သိရသည်။

တောင်ကုတ်မြို့နယ်တွင် NLD ပါတီမှ တရားစွဲဆိုခံထားရသူများအနက် ဦးမင်းအောင်၊ ကိုသန့်ဇင်ဖြိုး၊ ဦးတင်သိန်းအောင်တို့အား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုပုဒ်မ (၂၅)၊ ငြိမ်းစုစီ ပုဒ်မ (၁၉) တို့ဖြင့် တရားစွဲဆိုထားခြင်းဖြစ်ပြီး၊ ကိုချစ်မောင်မောင်အား ၅၀၅ (က) တို့ဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်ကာ ၎င်းတို့ကို မေ ၁၈ ရက်ရုံးထုတ်ခဲ့သော်လည်း မြို့နယ်တရားသူကြီးမရှိသဖြင့် စစ်ဆေးနိုင်ခြင်းမရှိခဲ့ကြောင်း သိရသည်။

၄င်းတို့လေးဦးထဲမှ ဦးမင်းအောင်မှာ ခလရ (၅၄၄) တပ်ထဲတွင် ထိန်းသိမ်းခံထားရပြီး၊ ဦးတင်သိန်းအောင်နှင့် ကိုချစ်မောင်မောင် တို့မှာ တောင်ကုတ်မြို့မရဲစခန်းတွင် ထိန်းသိမ်းခံထားရကြောင်း သိရှိရသည်။

ကိုသန့်ဇင်ဖြိုးအား ဆေးစာအထောက်အထားများဖြင့် ပြီးခဲ့သော ရက်သတ္တနှစ်ပတ်၊ သုံးပတ်ခန့်ကနေ အာမခံပေးထားကြောင်း ဒေါ်သိင်္ဂီမောင်က ပြောသည်။

ဖမ်းဆီးခံရသူများအနက် ဦးမင်းအောင်၊ ဦးတင်သိန်းအောင်၊ ကိုသန့်ဇင်ဖြိုးတို့သည် တပ်မတော်မှ အာဏာသိမ်းမှုအပေါ် ဆန့်ကျင်ဆန္ဒပြခဲ့မှုကြောင့် ဖေဖော်ဝါရီ ၉ ရက်က ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီးကို ချစ်မောင်မောင်မှာ ဖေဖော်ဝါရီလ ၁၇ ရက်နေ့က ဆန္ဒထုတ်ဖော်မှုကြောင့် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...