တောင်ကြီး ရိုးမဘဏ်အနီး ဗုံးပေါက်ကွဲမှု လူထိခိုက်မှုမရှိ

တောင်ကြီး ရိုးမဘဏ်အနီး ဗုံးပေါက်ကွဲမှု လူထိခိုက်မှုမရှိ
by -
သျှမ်းသံတော်ဆင့်

ရှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ ရိုးမဘဏ်အနီးတွင် မေ ၁၇ ရက် နေ့လည် ၁ နာရီကျော်က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ လူထိခိုက်မှုမရှိကြောင်း သိရသည်။

 

တောင်ကြီးမြို့ ရတနာသီရိရပ်ကွက်ဘက်ရှိ ရိုးမဘဏ်ဘေး ရေမြောင်းတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လူထိခိုက်မှုမရှိကြောင်း တောင်ကြီး ဒေသခံတစ်ဦး၏ ပြောပြချက်အရ သိရသည်။

 

“ရိုးမဘဏ်ဘေးနားက ပေါက်ကွဲတာ။ အသံကတော့ ကျယ်တယ်။ လက်လုပ်ဗုံးပဲဖြစ်မယ်။ လူထိခိုက်မှုတော့မရှိဘူး။ ရေပိုက်တွေတော့ ပျက်စီးသွားတယ်” ဟု ၎င်းက သျှမ်းသံတော်ဆင့်ကို ပြောသည်။

 

တောင်ကြီးမြို့တွင် ယခုရက်ပိုင်း နေ့တိုင်းနီးပါး ပေါက်ကွဲမှုဖြစ်နေပြီး ပြီးခဲ့သည့် မေ ၁၄ ရက်ကလည်း နည်းပညာတက္ကသိုလ် (တောင်ကြီး) ရှေ့တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ကာ အရပ်သားနှစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

 

ယခုရက်ပိုင်း တောင်ကြီးမြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြသည် လူထုများကို စစ်ကောင်စီအုပ်စုက အကြမ်းဖက်ဖြိုခွင်းကာ ဖမ်းဆီးချုပ်နှောင်မှုများလုပ်နေကြောင်း သိရသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...