ဖားကန့်တွင် မြေစာပုံပြိုကျမှုကြောင့် ရေမဆေးသမား ၂၀ ဦးထက်မနည်း ပျောက်ဆုံးနေဟုဆို

ဖားကန့်တွင် မြေစာပုံပြိုကျမှုကြောင့် ရေမဆေးသမား ၂၀ ဦးထက်မနည်း ပျောက်ဆုံးနေဟုဆို
by -
ခေါင်ညွယ် (KNG)

ကချင်ပြည်နယ် ဖားကန့်တွင် မြေစာပုံပြိုကျမှု၌ ရေမဆေးသမား ၂၀ ဦးထက်မနည်း ပျောက်ဆုံးနေကြောင်း ဒေသခံများကပြောသည်။

 

"ဒီကရေမဆေးတွေ ပြောချက်အရဆိုရင်တော့ လူတော်တော်များတယ်။ အနည်းဆုံး ၄၀ လောက် ဝင်တူးနေတာလို့သိရတယ်။ ခု ဆေးရုံကိုပို့ထားတာ ရှစ်ယောက်ရှိပြီ” ဟု ဒေသခံတစ်ဦးက ပြောသည်။

 

မြေပြိုမူဖြစ်သည့်နေရာသည် ဆိပ်မူကျေးရွာအုပ်စု နမ့်မော်ကျေးရွာ ဆန်းရွှင်ကုမ္ပဏီလုပ်ကွက်အတွင်းဖြစ်ပြီး မေ ၁၅ ရက် ည ၈ နာရီဝန်းကျင်တွင် ပြိုကျခဲ့ခြင်းဖြစ်ကြောင်း သိရသည်

 

ယမန်နေ့ည ကယ်ဆယ်ရေးလုပ်ငန်းများကို ရပ်တန့်ထားသော်လည်း မေ ၁၆ ရက် ၇ နာရီခန့်မှစကာ ကယ်ဆယ်ရေးပြန်လည်လုပ်ဆောင်နယ်ပြီဖြစ်ကြောင်း သိရသည်။

 

ယင်းမြေဇာပုံပြိုကျမူကြောင့် ရှစ်ဦးဒဏ်ရာပြင်းထန်ကာ ငါးဦး ပွန်းပဲ့ဒဏ်ရာရရှိထားပြီး ၂၀ ဝန်းကျင်ခန့် ပျောက်ဆုံးနေကြာင်း ဒေသခံများကပြောသည်။

 

ဖားကန့်တွင် နှစ်စဉ်နှစ်တိုင်း မိုးတွင်းကာလရောက်တိုင်း မြေဇာပုံပြိုကျကာ ရေမဆးသမားများ သေဆုံးမူများရှိခဲ့သည့်အနက် ပြီးခဲ့သည့် ၂၀၂၀ ဇူလိုင်လတွင် မြေပြိုကျမူကြာင့် ရေမဆးသမား ၂၀၀ ကျော် သေဆုံးခဲ့သည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...