စစ်အင်အားအလုံးအရင်းဖြင့် တိုက်ခိုက်ခံရပြီး ပြည်သူများထိခိုက်မည်ကိုစိုးရိမ်၍ မင်းတပ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ နောက်ဆုတ်ပေးလိုက်ရ

စစ်အင်အားအလုံးအရင်းဖြင့် တိုက်ခိုက်ခံရပြီး ပြည်သူများထိခိုက်မည်ကိုစိုးရိမ်၍ မင်းတပ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ နောက်ဆုတ်ပေးလိုက်ရ

စစ်ကောင်စီက မင်းတပ်ကို လက်နက်ကြီးဖြင့် အကြိမ် (၆၀) ထက်မနည်းပစ်ခတ်ပြီး မြို့ပေါ်လူနေအိမ်များကို ချိူးဖျက်ကာ ယောကျာ်းမှန်သမျှကို ဖမ်းဆီမှုများရှိနေပြီး ပြည်သူများထိခိုက်မည်ကို စိုးရိမ်သည့်အတွက် နောက်ဆုတ်ပေးလိုက်ရကြောင်း မင်းတပ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ခဲ့သည်။

အာဏာသိမ်းစစ်ကောင်စီသည် ယနေ့တစ်ရက်တည်းတွင် မင်းတပ်မြို့သို့ ရဟတ်ယာဉ်ဖြင့် စစ်အကူ၊ လက်နက်အင်အား အကြိမ် ၃၀ ခန့် လာရောက်ဖြည့်တင်းခဲ့ပြီး နံနက်ပိုင်း ၇ နာရီမှ ညနေပိုင်း ၃ နာရီခန့်အထိ မြို့ပေါ်လူနေရပ်ကွက်များထိ လက်နက်ကြီးများ မနားတမ်းပစ်ခတ်နေသည့်အတွက် ဗုံးဆံထိမှန်သောပြည်သူများ ဆေးကုသ၍မရဖြစ်နေကြောင်း သိရသည်။

ထို့ပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မင်းတပ်မြို့ပေါ်ရှိ ပြည်သူများကိုလည်း ဖမ်းဆီးကာ လူသားဒိုင်းအဖြစ် အသုံးပြုထားသည်ဟု သိရသည်။

 

ထို့ကြောင့် မင်းတပ်ပြည်သူ့ကာကွယ်ရေးဖွဲ့အနေဖြင့် ပြည်သူများ၊ အိမ်၊ စျေးဆိုင်များ ထိခိုက်မည်စိုးရိမ်သည့်အတွက် နောက်ဆုတ်ပေးလိုက်ရကြောင်း မင်းတပ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...