ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ ညီဖြစ်သူအမှု အမြန်ဆုံးရုပ်သိမ်းပေးရန် ဒေါက်တာအေးမောင်တောင်းဆို

ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ ညီဖြစ်သူအမှု အမြန်ဆုံးရုပ်သိမ်းပေးရန် ဒေါက်တာအေးမောင်တောင်းဆို
by -
ထွန်းခိုင် (နိရဥ္စရာ)

ရက္ခိုင့်တပ်တော် (AA) စစ်ဦးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ ညီဖြစ်သူအမှုကို အမြန်ဆုံးရုပ်သိမ်းပေးရန် ရခိုင်ဦးဆောင်ပါတီ (AFP) ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က တိုက်တွန်းတောင်းဆိုလိုက်သည်။

မေလ ၁၁ ရက်နေ့ ရုံးချိန်တွင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ ညီဖြစ်သူအပါအဝင် ဖမ်းဆီးခံထားရသူများနှင့် ကိုယ်တိုင် သွားရောက်တွေ့ဆုံခဲ့ပြီးနောက် ဒေါက်တာအေးမောင်က ထိုသို့တောင်းဆိုခဲ့ခြင်းဖြစ်သည်။

“စွဲချက်မတင်သင့်ပဲ လုံးဝပယ်ဖျက်ပြီးမှ လွှတ်ပေးလိုက်တာက ရခိုင်လူထုနဲ့ လက်ရှိ နစကကောင်စီ၊ ULA/AA အားလုံး ဆက်သွယ်ရေး၊ ဆက်ဆံရေးက အပေါင်းလက္ခဏာကို အများကြီး ရောက်သွားစေတာပေါ့။ နိုင်ငံရေးမျှော်မှန်းချက် လက်ရှိနစကအစိုးရမှာ ကြီးကြီးမားမားရှိတယ်ဆိုရင် ဒီအမှုကို ရုပ်သိမ်းဖို့လိုအပ်တာပေါ့” ဟု ၎င်းကပြောသည်။

အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ ၅ဝ (ည)၊ ၅၂ (က) ဖြင့် ဖမ်းဆီးခံထားရသည့် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ညီဖြစ်သူ ကိုအောင်မြတ်ကျော်အပါအဝင်၊ ကိုမြတ်လင်းဦး၊ ကိုရဲကျော်ထက်၊ မအေးမြတ်မွန်၊ ကိုတင်လှိုင်ဦး၊ ကိုဟိန်းဇော်၊ မောင်ပန် (ခ) ထွန်းအေးနှင့် ရွှေလှိုင်သန်းတို့ကို ယမန်နေ့က ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးတွင် ရုံးထုတ်ခဲ့သည်။

ကိုအောင်မြတ်ကျော်တို့အမှုအား လိုက်ပါဆောင်ရွက်ပေးနေသူ တရားလွှတ်တော်ရှေ့နေ ဦးအောင်ကျော်စိန်က ယမန်နေ့က စစ်ဆေးမည့် တရားလို သက်သေ ဒု-ရဲမှူး မင်းမင်းသူမရောက်၍ အမှုမစစ်ဖြစ်ခဲ့ကြောင်း၊ ULA/AA ကို အကြမ်းဖက်အဖွဲ့မှ ပယ်ဖျက်ထားပြီးဖြစ်ရာ နစကကောင်စီ လက်ခံပါက ဥပဒေသဘောအရ သက်သေစစ်ဆေးပြီးသည်နှင့် စွဲချက်မတင်ပဲ လွတ်လာနိုင်ကြောင်း ပြောသည်။

“စတရားစွဲကတည်းက အေအေကို အကြမ်းဖက်မကြေညာပဲစွဲတယ်။ လက်ရှိမှာလည်း ULA/ AA ကိုအကြမ်းဖက်အဖွဲ့ကပယ်ဖျက်ထားပြီဆိုတော့စွဲချက်မတင်ပဲ လွတ်နိုင်တယ်ပေါ့” ဟု တရားလွှတ်တော်ရှေ့နေ ဦးအောင်ကျော်စိန်က ပြောသည်။

ကိုအောင်မြတ်ကျော်တို့အား လာမည့် မေ ၁၈ ရက်တွင် ရုံးချိန်းထပ်မံခေါ်ယူထားပြီး တရားလိုပြသက်သေ ဒု-ရဲမှူးမင်းမင်းသူကို နောက်ဆုံးစစ်ဆေးမှုပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...