မွန်ရေးရာအဖွဲ့ကို ယခုလအတွင်း အပြီးဖွဲ့စည်းမည်

မွန်ရေးရာအဖွဲ့ကို ယခုလအတွင်း အပြီးဖွဲ့စည်းမည်

မွန်ညီညွတ်ရေးပါတီမှ နှုတ်ထွက်ခဲ့သူတစ်ချို့ဦးဆောင်ကာ မွန်ရေးရာအဖွဲ့ကို မေလအတွင်း အပြီးဖွဲ့စည်းမည်ဖြစ်ကြောင်း မွန်ညီညွတ်ရေးပါတီမှ နှုတ်ထွက်ခဲ့သူ နိုင်မွန်ရာဇာက ပြောသည်။

နှုတ်ထွက်ခဲ့သူတစ်ချို့နှင့် မွန်စာယဉ်ကျေးမှု၊ မွန်စီးပွားရေးအသင်းအပြင် မွန်နှင့်ပတ်သတ်သည့် အသင်းအဖွဲ့၊ ကော်မတီမှ လူများပါဝင်ပြီး မွန်ရေးရာအဖွဲ့တစ်ခုဖွဲ့စည်းရန် ရည်ရွယ်ခဲ့ကြောင်း ၎င်းကပြောသည်။

"အခုလောလောဆယ်တော့ မွန်ရေးရာအဖွဲ့ပေါ့နော်။ အခုတော့ အသင်းအဖွဲ့ရဲ့ ဖွဲ့စည်းပုံ ရေးနေတုန်းပေါ့နော်။ ရေးပြီးတော့ မေလ ဒုတိယအပတ်လောက်မှာ ဖွဲ့စည်းပုံနဲ့ပတ်သတ်ပြီး ဆွေးနွေးမယ်။ မေလအတွင်းမှာ ဖွဲ့စည်းမယ်လို့ မျှော်မှန်းထားတယ်" ဟု နိုင်မွန်ရာဇာက ပြောသည်။

အဆိုပါအဖွဲ့ ဖွဲ့စည်းပြီးပါက မွန်အမျိုးသားရေးအကျိုးစီးပွားနှင့်ပတ်သတ်သည့် ကိစ္စရပ်များကိုဆွေးနွေးကာ အကောင်ထည်ဖော် ဆောင်ရွက်ကြမည်ဖြစ်ကြောင်း သိရသည်။

လတ်တလောတွင် မွန်ရေးရာအဖွဲ့ဟု အမည်ပေးရန်စဉ်းစားထားကြောင်း ၎င်းက ဆက်လက်ပြောသည်။

မွန်အင်အားစုအားလုံးကို စုစည်းကာ မွန်တိုင်းရင်းသားအားလုံး၏ အကျိူး၊ ပြည်သူအားလုံး၏ အကျိုးအတွက် စုပေါင်းကာ ဆောင်ရွက်ကြရန် ရည်ရွယ်ထားကြောင်း ဖြည့်စွက်ပြောသည်။

မွန်ညီညွတ်ပါတီမှ ဗဟိုအလုပ်အမှုဆောင်နှင့် ဗဟိုကော်မတီဝင် ၃၄ ဦးသည် မတ် ၂၄ ရက်တွင် နှုတ်ထွက်ခဲ့ခြင်းဖြစ်သည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...