ကျိုက်ထိုမြို့မရဲစခန်းတွင် ပစ်ခက်မှုဖြစ်ပွား၊ ပြည်ခိုင်ဖြိုးရုံး ဗုံးခွဲတိုက်ခိုက်ခံရ

ကျိုက်ထိုမြို့မရဲစခန်းတွင် ပစ်ခက်မှုဖြစ်ပွား၊ ပြည်ခိုင်ဖြိုးရုံး ဗုံးခွဲတိုက်ခိုက်ခံရ
by -
စိုင်းထွန်းစံ (MNA)

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်တွင် ပြည်ခိုင်ဖြိုးပါတီရုံး ဗုံးခွဲတိုက်ခိုက်ခံရပြီး ကျိုက်ထိုမြို့မရဲစခန်းကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက်မှုများ မေ ၁၁ ရက် ည ၇ နာရီခန့်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထိုတိုက်ခိုက်မှုကြောင့် ပြည်ခိုင်ဖြိုးပါတီ ရုံးစောင့်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံတပ်ဖွဲ့ဝင်များက ကျိုက်ထိုမြို့အတွင်း ညအချိန်အထိ ပစ်ခက်မှုများ ဆက်တိုက်ပြုလုပ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ထို့ပြင် အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ည ၈ နာရီအချိန်ထိ လိုက်လံပစ်ခက်မှုကြောင့် ကျိုက်ထို အထက (၂) ကျောင်းအရှေ့တွင် လူငယ်သုံးဦး ကျည်ထိမှန်ခဲ့ပြီး ကျိုက်ထိုလူမှုကယ်ဆယ်ရေးပရဟိတ လူငယ်တစ်ဦး လက်မောင်ကျည်ဆံထိမှန်ကာ ရုံးရှိပစ္စည်းတစ်ချို့ ထိခိုက်မှုရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ပစ်ခက်တိုက်ခိုက်မှုသည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ကျိုက်ထို) မှ အာဏာသိမ်းရက် ၁၀၀ အနေဖြင့် သင်တန်းဆင်းထားသည့် သူများက ကျိုက်ထိုမြို့နယ် ရဲစခန်းကို ဝင်ရောက်တိုက်ခိုက် ပစ်ခတ်ခဲ့ခြင်းဖြစသည်ဟု ဆိုသည်။

ထို့အတူ ပေါင်မြို့နယ် မုတ္တမမြို့ရှိ အခြေခံပညာအထက်တန်းကျောင်းအနီးမှာလည်း မေ ၁၀ ရက် ည ၁၀ နာရီခန့်က ပေါက်ကွဲမှု နှစ်ကြိမ် ဖြစ်ပွားခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိခြင်းနှင့် ပျက်စီမှုများမရှိကြောင်း သိရသည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...