Published
Thursday, May 13, 2021
ကလေးမြို့တွင် သေနတ်သံကြောင့် မီးဖွားခါစအမျိူးသမီးတစ်ဦး သွေးလန့်သေဆုံး
ကလေးမြို့တွင် သေနတ်သံ၊ ပေါက်ကွဲသံများကြောင့် မီးဖွားခါစ မိခင်တစ်ဦး သွေးလန့်သေဆုံမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ကလေးမြို့တွင် မေ ၁၀ ရက်ညပိုင်းက သေနတ်သံနှင့် ပေါက်ကွဲသံများကြားခဲ့ကြရပြီး ထိုပေါက်ကွဲသံများကြောင့် မင်္ဂလာဥယျဉ်ရပ်ကွက်တွင်နေထိုင်သည့် မီးဖွားခါစ အသက် (၄၁) အရွယ် ဒေါ်ဇာခြည်ဦးသည် သွေးလန့်သေဆုံးခဲ့ခြင်းဖြစ်ပြီး ၎င်းတွင် ၁ လနှင့် ၈ ရက်သားအရွယ် ကလေးတစ်ဦး ကျန်ရစ်ခဲ့ကြောင်း သိရသည်။
ကလေးမြို့တွင် ယခုရက်ပိုင်းအတွင်း ညပိုင်းတွင် သေနတ်သံ၊ ပေါက်ကွဲသံများ မကြာခဏထွက်ပေါ်လျက်ရှိပြီး သက်ကြီးရွယ်အိုနှင့် နှလုံးရောဂါအခံရှိသူများအတွက် မိသားစုဝင်များက စိုးရိမ်လျက်ရှိကြကာ ကျေးရွာဘက်သို့လည်း ပို့ဆောင်ထားကြကြောင်းလည်း သိရသည်။