ဗန်းမော်တွင် စစ်ကောင်စီက ဆိုင်ကယ်အစီး ၂၀၀ ထက်မနည်း ယူဆောင်သွား

ဗန်းမော်တွင် စစ်ကောင်စီက ဆိုင်ကယ်အစီး ၂၀၀ ထက်မနည်း ယူဆောင်သွား
by -
ခေါင်ညွယ် (KNG)

ကချင်ပြည်နယ် ဗန်းမော်မြို့တွင် အကြမ်းဖက်စစ်ကောင်စီက ဆိုင်ကယ်အရောင်းဆိုင်များကို အကြောင်းမဲ့ ဝင်ရောက်စစ်ဆေးမှုများပြုလုပ်ခဲ့ပြီး ဆိုင်ကယ်အရောင်းဆိုင်သုံးဆိုင်မှ သုံးဘီးကားအပါအဝင် ဆိုင်ကယ်အစီး ၂၀၀ ထက်မနည်း ယူဆောင်သွားကြောင်း ဒေသခံများပြောဆိုချက်မှ သိရသည်။

 

မြို့တွင်း ဆိုင်ကယ်အရောင်းဆိုင်များကို မေ ၇ ရက် ည ၁၀ နာရီခန့်အချိန်တွင် ဝင်ရောက်စစ်ဆေးခဲ့ပြီးနောက် ဗန်မော်မြို့-အတွင်းရှိ သရဖူနှင့် ဂျူဗလီလမ်းထောင်ရှိ ချမ်းငြိမ်းအောင် ဆိုင်ကယ်ရောင်းဝယ်ရေး၏ အ.ထ.ကကျောင်းနောက်ဘက် ဂိုဒေါင်အတွင်းမှ စုစုပေါင်း အစီး ၂၀၀ ထက်မနည်း သိမ်းယူသွားသည်ဟု မျက်မြင်သက်သေတစ်ဦးက ပြောသည်။

 

“ဆိုင်ကယ်အရောင်ဆိုင်တွေမှာ ဝင်စစ်ကြတယ်။ ပထမ KENBO SHOW ROOM တစ်ခုမှာ အရင်လာစစ်တယ်။ တစ်ချို့ဆိုင်တွေက လိုင်စင်ဘီးတွေဘဲရောင်းတာရှိတယ်။ လိုင်စင်ဘီးတော့ ဖမ်းတယ်မကြားဘူး။ အခုဖမ်းဆီးသိမ်းယူတာက တရုတ်ဘီးတွေဖြစ်တယ်လို့သိရတယ်။ ချမ်းငြိမ်းအောင် အရောင်းဝယ်ဆိုင်မှာက ၄၈ စီးပါသွားတယ်။ အဲ့မှာက သုံးဘီးပါသိမ်းယူသွားတယ်” ဟု ၎င်းကပြောသည်။

 

ဖမ်းဆီးသိမ်းယူသွားသည့် ဆိုင်ကယ်များကို စစ်ကောင်စီက တရားဝင်လိုင်စင်ဘီးအဖြစ် အားလုံးအခွန်ဆောင်ပြီးမှ ပြန်လည်အပ်နှံမည်ဖြစကြောင်း စစ်ကောင်စီက ပြောဆိုသွားကြောင်း သိရသည်။

 

ထိုနည်းတူ မြစ်ကြီးနား၊ မိုးညှင်းနှင့် မိုးကောင်း စသောမြို့နယ်အသီသီးတွင်လည်း တစ်ပြိုင်တည်း ဝင်ရောက်စစ်ဆေးမှုပြုလုပ်ခဲ့ပြီး ဆိုင်ကယ် အသစ်၊ အဟောင်း သိမ်းယူသွားကြောင်း သိရသည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...