ရဟတ်ယာဉ်တစ်စီး ပစ်ချခံရပြီးနောက် KIA တပ်စခန်းများသို့ စစ်တပ်က လက်နက်ကြီးဖြင့် တစ်နေ့လုံးပစ်ခတ်တိုက်ခတ်

ရဟတ်ယာဉ်တစ်စီး ပစ်ချခံရပြီးနောက် KIA တပ်စခန်းများသို့ စစ်တပ်က လက်နက်ကြီးဖြင့် တစ်နေ့လုံးပစ်ခတ်တိုက်ခတ်
by -
ခေါင်ညွယ် (KNG)

တိုက်ခိုက်ရေးရဟတ်ယာဉ်တစ်စီး ပစ်ချခံရသော မိုးမောက်မြို့နယ် မြို့သစ် ကုန်းလောကျေးရွာအနီးရှိ ကချင်လွတ်လပ်ရေးတပ်မတော်  (KIA) တပ်စခန်းများအား အာဏာသိမ်းစစ်တပ်က လက်နက်ကြီးဖြင့် တစ်နေ့လုံး ပစ်ခတ်တိုက်ခိုက်နေကြောင်း သိရသည်။

 

အာဏာသိမ်းစစ်ကောင်စီ၏ လက်နက်ကိုင်တပ်များက မေ ၄ ရက်နေ့ နံနက် ၃ နာရီမှစတင်ပြီး KIA ရှိရာ တပ်စခန်းများသို့ လက်နက်ကြီးပစ်ခတ်ခဲ့ကြောင်း မိုးမောက်ဒေသခံတစ်ဦးက ပြောသည်။

 

"အခြေနေက ပိုဆိုးလာဖို့များတယ်။ KIA က စစ်တပ်ရဲ့ လေယာဉ်ပစ်ချလိုက်လို့ ပိုတင်းသွားပုံရတယ်။ ဒီမနက်ပိုင်း ၃ နာရီလောက်ကနေ လက်နက်ကြီးသံတွေ ပြန်ကြားရတယ်။ စစ်တပ်က KIA ရှိတဲ့ဘက် လက်နက်ကြီးနဲ့ပစ်တော့ နှစ်ဖက်စလုံး အပြန်အလှန်ပစ်ခတ်ကြတယ်။ ဒီမနက်မိုးလင်းတဲ့အချိန်မှာဘဲ ပြန်ငြိမ်သွားတယ်။ အခုနေ့လည်ပိုင်းကနေ ပစ်သံထပ်ကြားရတယ်" ဟု ၎င်းကဆိုသည်။

 

အဆိုပါမြို့နယ်တွင် မေ ၃ ရက်မနက်ပိုင်းက အာဏာသိမ်းစစ်တပ်က ရဟတ်လေယာဉ်နှစ်စီးဖြင့် သွားရောက်တိုက်ခိုက်ခဲ့ရာ KIA က  ရဟတ်လေယာဉ်တစ်စီးကို ပစ်ချခိုက်ကြောင်း သိရသည်။  

 

လေယာဉ်ပစ်ချခံရပြီးနောက် အာဏာသိမ်းစစ်တပ်၏ ရမ်းသမ်းပစ်ခတ်မှုကြောင့် မြို့သစ်ဘုန်းကြီးကျောင်းဝင်းအတွင်း လက်နက်ကြီးကျပေါက်ကွဲမှုကြောင့် ဘုန်းကြီးတစ်ပါးအပါအဝင် ပြည်သူလေးဦးကျဆုံးခဲ့ပြီး ရှစ်ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြသည်။

 

ထိခိုက်ဒဏ်ရာရရှိထားသောသူများကို ဗန်းမော်စစ်တပ်ဆေးရုံတွင် ဆေကုသခံယူခိုင်းစေကြောင်း သိရသည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...