မွန်ပြည်နယ် ကျိုက်ကော်သပိတ်စစ်ကြောင်းကို ဖြိုခွင်းရန် ဧပြီ ၂၃ ရက် မနက် ၇ နာရီခွဲဝန်းကျင်တွင် လာရောက်သည့် စစ်ကောင်စီတပ်ဖွဲ့မှ ကားတစ်စီးကို KNU ဖက်မှ ပစ်ခက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ တင်ဆောင်လာသည့် ကားတစ်စီးကို KNU ဖက်က ပစ်ခက်မှုကြောင့် စစ်ကောင်စီတက်ဖွဲ့ဝင် သုံးဦးသေဆုံးခဲ့ကြောင်း သိရသည်။
ထိုသို့ ပစ်ခက်မှုဖြစ်ပွားပြီးနောက် သထုံမြို့အနီးတွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များနှင့် ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၁ တို့ တိုက်ပွဲငယ်များ ဆက်လက်ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ပစ်ခက်တိုက်ခိုက်မှုများကြောင့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဘက်မှ ရန်ကုန်-မော်လမြိုင် လမ်းမကြီးရှိ ဘီးလင်း-သထုံလမ်းပိုင်းကို ပိတ်ဆို့ထားခဲ့ကြောင်း သိရသည်။
ထို့ပြင် သထုံမြို့ သိမ်ကုန်းရပ်ကွက် ရွှေချောင်းလမ်းတွင် ဧပြီ ၂၃ ရက် ည ၈ နာရီခွဲခန့်တွင် ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပြီးနောက် သေနတ်သံများကြားရကြောင်း ဒေသခံများက ဆိုသည်။
သထုံမြို့ ပုတိန်ရိုးရပ်တွင် ဧပြီ ၂၃ ရက် နံနက်ပိုင်းက အမျိုးသားညီညွတ်ရေးအစိုးရ ထောက်ခံပွဲကို သထုံမြို့နှင့် ဘီးလင်းမြို့ ဒေသခံများက ပြုလုပ်ခဲ့ပြီး KNU ဘက်မှ လုံခြုံရေးရယူပေးခဲ့ကြောင်း သိရသည်။
ဘီးလင်းမြို့နယ်တွင် ဧပြီ ၂၁ ရက် ည ၇ နာရီကျော်တွင် ခြေမြန်တပ်ရင်း ၃ အရှေ့မှ ဖြတ်သန်းသွားသည့် ဆီဘောက်ဆာသုံးစီးကို စစ်ကောင်စီတပ်ဖွဲ့များ ပစ်ခက်မှုကြောင့် ယာဉ်မောင်းတစ်ဦး သေဆုံးခဲ့ရကြောင်း သိရသည်။
Published
Sunday, April 25, 2021
ကျိုက်ကော်မြို့တွင် စစ်ကောင်စီတပ်ဖွဲ့ကားကို KNU ပစ်ခက်၊ စစ်ကောင်စီတပ်ဖွဲဝင် သုံးဦးသေဆုံး